အညိုး နှင့် ရွာလာ
အပြာရောင်ကောင်းကင်
ဖိတ်စင်လွင့်ပြောက်
မိုးပေါက်မျက်ရည်
လေပြင်းထန်ခိုက်
အသဲတိုက်ပြောက်ဆုံး
နှလုံးသားကြေမွ
ကြွေကျရွက်နု
အချစ်ထူ့ ပျိုကွဲ
ရင်ထဲစူးနစ်
ဆက်မချစ်နိုင်
မျက်ရည်အိုင်ဘေး
လွမ်းတေးသီဆို
လွမ်းသလိုပေါ့ 
မိမိုးကိုတော့...
ဒို့ ......
စိတ်နာတယ်.......။ ။
( ၈၈၈၈ အရေး အခင်း မတိုင်ခင် ကာလ သမိုင်းဝင် ကဗျာ )
ထိုစဉ်က တက္ကသိုလ်၊ကောလိပ်ကျောင်းများတွင် ၇ ဇူလိုင် ၀ိညာဉ် ကိန်းအောင်းနေ
ကြသော်လည်း ဗျောင် တည့် တည့် ရေးဖွဲ့ စပ်ဆို ရဲ ခြင်း မရှိခဲ့ ကြပါ ။ မဆလ ခေတ်
တွင် မိုး = စစ်အစိုးရ အဖြစ် သွယ်ဝိုက် ၍ အချစ် ကဗျာ ပုံသန်တန်မျိုးဖြင့် လက်ကမ်း
စာစောင်များတွင် ဖရောင်းဖေါက် စက်ဖြင့် ပုံနိပ်ကာ ရေးသားဖြန့် ဝေခဲ့ ကြရပါသည် ၊
တော်လှန်ရေး ၀ိညာဉ်ကိန်းအောင်းနေခဲ့ မှန်း မိမိကိုမိမိပင် မသိခဲ့ ကြပါ ။
**စကားပြေ ပြန်ဆိုခြင်း **
မိုး = တပါတီ အာဏာရှင် အစိုး ရ
အညှိုးနှင့်  = ကျေင်းသားများကို အညှိးထားသော ပညာတပ်လူငယ်များကို တန်ဖိုးမထားသော
အပြာရောင်ကောင်းကင် = မြင့် မားသော လူငယ်များ
လေပြင်းထန်ခိုက် = စစ် အမိန့် အာဏာ ပေး သံ
အသဲတိုက် = ကျောင်းသား သမဂ္ဂ အဆောက် အဦး
နှလုံးသားကျေမွ = ပြည်သူတို့ ၏ ရင်နှစ် သည်းချာများ
ကြွေကျ ရွက်နု = လူငယ်များ သေဆုံး ရခြင်း
အချစ်ထုပျိုကွဲ = ကျောင်းသားလူငယ်တို့ ၏ စည်းယုံ ခြင်းကို ဖျိုခွဲ
ရင်ထဲစူးနစ် = စစ်တပ် ၏ သေနပ် ကျဉ် ဆံ များ
http://canadamyanma r.blogspot. com
**ကနေဒါမြန်မာ**
ဇွန်လ ၂၀ရက် ၁၉၈၈ ( RASU ) သက်သက်မဲ့ မိုးစီးရီးမှ
မိုး............ .......

No comments:
Post a Comment