၁၉၃၀ နောက်ပိုင်းနှစ်များမှာတော့ဒီနေ့ ဒီမိုကရေစီရေးတိုက်ပွဲကာလနဲ့ခပ်ဆင်ဆင်တူပြီး တိုက်ပွဲလမ်းကြောင်းတွေေ၀၀ါးနေခဲ့ပါ တယ်။ ကိုလိုနီဗြိတိသျှ ကျွန်ဘ၀အဓွန့်ရှည်စေမည့် ဒိုင်အာခီအုပ်ချုပ်ရေး၊ ၉၁ဌာနအုပ်ချုပ်ရေး၊ ဟုမ်းရူးအုပ်ချုပ်ရေး စသည့်အခွင့်အ ရေးများမှတဆင့် လွတ်လပ်ရေးကို အရယူဘို့အာသီသ ပြင်းပြတဲ့ ခေါင်းဆောင်များလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း လုံးဝလွတ်လပ်ရေးဆိုတဲ့ လွတ်လပ်ရေးတိုက်ပွဲပန်းတိုင်နှင့်အတူ့ လွတ်လပ်ရေး သည်ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊လွတ်လပ်ရေးသည် တတိယ၊ ဆိုတဲ့ တိုက်ပွဲခေါ်သံနောက်မှာ အားလုံးအတူတကွ တိုက်ပွဲဝင်ရင်း လွတ်လပ်ရေးအောင်ပန်းကို အရယူခဲ့ကြပါတယ်။
ယနေ့ခေတ် ဒီမိုကရေစီတိုက်ပွဲတလျှောက်မှာတော့ ဒီမိုကရေစီနည်းလမ်း ကျကိုယ့်သဘောကိုယ်ဆောင် ထင်ရာတွေလုပ်နေကြတာကြောင့် တိုက်ပွဲလမ်းကြောင်းတွေလွဲချော်နေပြီး အောင်ပွဲနဲ့ဝေးနေတာကို တွေ့ရပါတယ်။ အဓိကအားဖြင့် တခုတည်းသော မဟာဗျူဟာ ဦးဆောင်မှုရှိမနေခြင်း၊ တခုတည်းသောတပ်ပေါင်းစု(သို့မဟုတ်)တခုတည်းသောဦးဆောင်မှုအောက်တွင် တိုက်ပွဲမ၀င်နိုင်ခြင်းတို့ကြောင့် အောင်ပွဲနဲ့ဝေးနေရခြင်းဖြစ်ပါတယ်။ တော်လှန်ရေးကာလသတ်မှတ်ချက်နှင့် တခုတည်းသော ဦးဆောင်မှုအောက်တွင် နည်းဗျူဟာမျိုးစုံ အသုးံပြုတိုက်ပွဲဆင်နိုင်မှသာ ဒီမိုကရေစီအောင်ပန်းကို ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။
" ဒီမိုကရေစီရှိမှသာလျှင် တန်းတူရေးနှင့်သာတူညီမျရေးရှိလာမည်၊ တန်းတူရေးနှင့်သာတူညီမျှရေးရှိမှသာလျှင် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ "
ရှစ်လေးလုံးကာလကိုပြန်ကြည့်ပါက ဘာကြောင့်ပြည်သူတရပ်လုံး တခဲနက်ပါဝင်လာ ပြီး အောင်ပွဲခံနိုင်ခဲ့ပါသလဲ၊ နိုင်ငံရေးဆရာ့ ဆရာကြီးများက အမျိုးမျိုးပြော နေကြသော်လည်း တကယ်တမ်းလက်တွေ့မှာတော့ ကျောင်းသားများ၏ ဦးဆောင်မှုတခုတည်းအောက်တွင် တိုက်ပွဲဝင်ခဲ့ကြသောကြောင့်ပင်ဖြစ်သည်။ အထူးသဖြင့်နယ်ဘက်ဒေသများတွင် ပိုပြီးထင်ရှားပါသည်။ ရန်ကုန်ကကျောင်းသားသမဂရဲ့ ကျေညာချက်အရ ဘယ်နေ့ဘယ်ရက်မှာ ပြည် လုံးကျွတ်ဆနွပြကြမည်ဆိုသည် တဆင့်စကားလက်ဆင့်ကမ်း တိုက်ပွဲခေါ်သံများဖြင့် လူထု တရပ်လုံး လမ်းမများပေါ်မှာ ရဲရဲတောက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တကယ်တော့ နယ်တွင် ဦးဆောင်နေသော ကျနော်တို့ကိုယ်တိုင် ထိုကျေညာချက်များကို မရရှိခဲ့စေကာမူ စိတ်ထဲတွင် တကယ်ယုံကြည် စွဲမြဲနေသည့် ဦးဆောင်မှု တိုက်ပွဲခေါ်သံများပင်ဖြစ်ခဲ့ပါတယ်။
အဲဒီ့အချိန်က ရန်ကုန်ရှိဘယ်ကျောင်းသားသမဂက (ဗကသ၊ မကသ၊ ရကသ၊ စသ ဖြင့်) ဦးဆောင်နေတယ်ဆိုတာလဲ ကျနော်တို့မသိခဲ့။ သိဘို့လိုသည်ဟုလည်း မထင်မိခဲ့ပေ။ ကိုယ်မြို့နယ်တွင်းရှိ ကောလိပ်ကျောင်းသားများကိုဗဟိုထားပြီး အခြားသောသမဂများနှင့်ညှိ နိုင်းဆောင်ရွက်ရင်း လုံးဝညီညွတ်မှုအပြည့်ရှိခဲ့ကြသော ကာလများပင်ဖြစ်ပါတယ်။ သပိတ် တပ်သားအချင်းချင်းလည်း ယုံကြည်မှုအပြည့် ကိုယ်စီရှိခဲ့ကြပါတယ်။ တိုက်ပွဲလမ်းကြောင်း ကြွေးကြော်သံများနှင့်အညီ တပါတီအာဏာရှင် ဦးနေ၀င်းနဲ့ မဆလပါတီကို တကယ်ပင်ဖြုတ်ချ နိုင်ခဲ့ပါတယ်။
"ခါးသည်းတဲ့အတွေ့ အကြုံအရ အတုမရှိ ခေါင်းဆောင်ကြီးဝါဒကို ပါယ် ရှားပြီး၊ ပါတီတွင်းဒီမိုကရေစီကို အပြည်အ၀လိုက်နာကျင့်သုံးမယ်" ဆိုပြီး၊ ပါတီအသစ်ထောင်ကာ ရွေးကောက်ပွဲဝင်မည့်လူတစု၏ခေါင်းဆောင်တယောက်က အန်အယ်လ်ဒီပါတီမှနုတ်ထွက်စဉ် ကကြုံးဝါးခဲ့ပါတယ်။ ဒါဟာ မှားယွင်းလွဲချော်နေတဲ့ကိုယ်ကျိုးရှာ ၀ါဒတခုသာဖြစ်ပါတယ်။ တိုက်ပွဲကာလမှာ ဗဟိုဦးစီးစနစ်နဲ့ တိကျတဲ့ခေါင်းဆောင်ဆိုတာ ရှိကိုရှိရပါမယ်။
တိကျတဲ့တိုက်ပွဲမဟာဗျူဟာနဲ့ တိကျတဲ့တိုက်ပွဲခေါင်းဆောင်မရှိတဲ့ တော်လှန်ရေးတ ရပ်ဟာ စက်ခေါင်းတွဲနဲ့ စက်ခေါင်းမောင်းသူမပါတဲ့ မီးရထားတစင်းလိုပါပဲ။ အရှေ့သို့ရွေ့လျား တိုးတက်မှုအလျင်းမရှိ အောင်ပွဲနဲ့အလှမ်းဝေးနေကြရဦးမှာမလွဲပေ။
ဒီမိုကရေစီတိုက်ပွဲတလျောက် အသက်သွေးချွေး ပေးဆပ်သွားခဲ့ကြကုန်သော သူရဲကောင်းအပေါင်းလည်း မနည်းတော့ပြီ။ ဆိုးရွားရက်စက်လှသော အကျဉ်းထောင်များအတွင်း တခါမှမကြားဘူးသော နှစ်ရှည်ထောင်ကျခံ ပေးဆပ်နေသူများလည်းမျက်ဝါးထင်ထင်။ လက်နက်ကိုင်တော်လှန်ရေးခရီးကြမ်းမှာ တိုက်ပွဲဝင်နေကြသူတွေလည်းရှိ။ ၉၀ ရွေးကောက်ပွဲ လူထုသဘောထားအရ ပါတီမှတ်ပုံမတင၊် ရွေးကောက်ပွဲမ၀င်ဘဲတောင့်ခံ သပိတ်တိုက်ပွဲဝင်တဲ့ ပါတီက၀င်။ ၂၀၁၀ ရွေးကောက်ပွဲဝင်မည့်သူများကလည်း ကိုယ့်တွက်ကိန်းနဲ့ကိုယ့်လမ်းဖောက်
နေကြ။ ခေါင်းပေါင်းတပြင်ပြင်နဲ့တိုင်းပြည်ရဲ့အဆီအနှစ်တွေကို ထိုင်ဝါးမယ့်သူတွေကလည်းအ ဆင်သင့်။ လက်နက်အသင့် ကိုယ့်နယ်မြေနဲ့ကိုယ် စီးပွားရှာ ဆက်ကြေးကောက်စား မယ့်အုပ် စုတွေကလည်းကိုယ့်အကြံအစည်နဲ့ကိုယ်။ ဒီကနေ့ဒီလိုအခြေအနေတွေဟာ ဗိုလ်သန်းရွှေတို့ အကြိုက် စစ်အာဏာရှင်သက်ဆိုး ရှည်စေမည့် သူတဗိုလ် ငါတမင်းကသောင်းကနင်းအခြေအနေတွေပါပဲ။ ဒီအခြေအနေတွေအောက်မှာတော့ ကျနော်တို့ ခင်ဗျားတို့တိုင်းပြည် နလံထူဘို့ တယ်မလွယ်လှပါဘူး။
ဒီလိုကသောင်းကနင်းဖြစ်နေရတာဟာ တိကျတဲ့ခေါင်းဆောင်မှုမရှိခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒါကိုတိုက်ရိုက်ရှင်းရှင်းပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တခုလုံးကို ခေါင်းဆောင်ဘို့ အသင့်တော်ဆုံးအချိန် အခါပါဘဲ။ သူမရဲ့ အရည်အချင်း နှလုံးရည်ပြည့်ဝမှု တွေကို အသာထားပြီး အောက်ပါအချက်(၃)ချက်နဲ့ပင် ခိုင်လုံနေပါတယ်။
၁။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလူထု၏အသည်းနှလုံးဖြစ်သည်။
၂။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာယုံကြည်လေးစားခံရသူဖြစ်သည်။
၃။ ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုကအလွန်ကြောက်ကြသည်။
ဒါပေမဲ့လည်း အချို့ သောဒီမိုကရေစီခေါင်းဆောင်များနှင့် တိုင်းရင်သားလူမျိုးစုခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို အမှန်စင်စစ် လက်တွေ့အားဖြင့် မခံယူလို ကြပေ။ သဘောတရားအရ မငြင်းဆန်ကြခြင်းသာဖြစ်သည်။
ထိုအချက်သည်ကား ဒီမိုကရေစီတိုက်ပွဲ၏ အဓိကသော့ချက်ပင်ဖြစ်တော့သည်။
ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှ ဒေါ်အောင်ဆန်းစုကြည်အား မွေးဖားပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လူထုခေါင်းဆောင်ဖြစ်သည်။
ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ၊
**မောင်မောင်စိုး**
၁-၂၆၀-၄၂၆ ၄၁၂၁
၁၉၄၁ ခုနှစ်၊ မတ်လ(၁၀) ရက်နေ့မှာ ဒို့ဗမာအစည်းအရုံး သခင်များ၏ အစီအစဉ်နဲ့ သခင်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်ဟာ ဂျပန်နိုင်ငံကို စစ်ပညာများသင်ကြားရန် သွားရောက်ခဲ့ကြပါတယ်။ ဗြိတိသျှကိုလိုနီထက် ဆိုးတဲ့ဖက်ဆစ်ဂျပန်နဲ့ပေါင်းပြီး လွတ်လပ် ရေးအရယူမယ်ဆိုတဲ့ မဟာဗျူဟာကို နိုင်ငံရေးခေါင်းဆောင်တချို့ ကသဘောမကျကြပါဘူး။ ဒါပေမဲ့လည်း ဗြိတိသျှ ကိုလိုနီအစိုးရကိုပင်းပြီး ဒီမဟာဗျူဟာကြီးပျက်အောင် "ဒီခေတ်လို" ကလိမ်ကကျစ်ကျ ကိုယ်ကျိုးရှာတဲ့နိုင်ငံရေးလုပ်စားသူမရှိခဲ့သလို၊ ဂျပန်ကိုပြန်တိုက်တော့ လည်း တညီတညွတ်တည်းလက်တွဲတိုက်ပွဲဝင်ခဲ့ကြတဲ့ ဖက်ဆစ်တော်လှန် ရေးသမိုင်း မှတ် တိုင်များရှိခဲ့ပါတယ်။
၁၉၃၀ နောက်ပိုင်းနှစ်များမှာတော့ဒီနေ့ ဒီမိုကရေစီရေးတိုက်ပွဲကာလနဲ့ခပ်ဆင်ဆင်တူပြီး တိုက်ပွဲလမ်းကြောင်းတွေေ၀၀ါးနေခဲ့ပါ တယ်။ ကိုလိုနီဗြိတိသျှ ကျွန်ဘ၀အဓွန့်ရှည်စေမည့် ဒိုင်အာခီအုပ်ချုပ်ရေး၊ ၉၁ဌာနအုပ်ချုပ်ရေး၊ ဟုမ်းရူးအုပ်ချုပ်ရေး စသည့်အခွင့်အ ရေးများမှတဆင့် လွတ်လပ်ရေးကို အရယူဘို့အာသီသ ပြင်းပြတဲ့ ခေါင်းဆောင်များလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း လုံးဝလွတ်လပ်ရေးဆိုတဲ့ လွတ်လပ်ရေးတိုက်ပွဲပန်းတိုင်နှင့်အတူ့ လွတ်လပ်ရေး သည်ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊လွတ်လပ်ရေးသည် တတိယ၊ ဆိုတဲ့ တိုက်ပွဲခေါ်သံနောက်မှာ အားလုံးအတူတကွ တိုက်ပွဲဝင်ရင်း လွတ်လပ်ရေးအောင်ပန်းကို အရယူခဲ့ကြပါတယ်။
ယနေ့ခေတ် ဒီမိုကရေစီတိုက်ပွဲတလျှောက်မှာတော့ ဒီမိုကရေစီနည်းလမ်း ကျကိုယ့်သဘောကိုယ်ဆောင် ထင်ရာတွေလုပ်နေကြတာကြောင့် တိုက်ပွဲလမ်းကြောင်းတွေလွဲချော်နေပြီး အောင်ပွဲနဲ့ဝေးနေတာကို တွေ့ရပါတယ်။ အဓိကအားဖြင့် တခုတည်းသော မဟာဗျူဟာ ဦးဆောင်မှုရှိမနေခြင်း၊ တခုတည်းသောတပ်ပေါင်းစု(သို့မဟုတ်)တခုတည်းသောဦးဆောင်မှုအောက်တွင် တိုက်ပွဲမ၀င်နိုင်ခြင်းတို့ကြောင့် အောင်ပွဲနဲ့ဝေးနေရခြင်းဖြစ်ပါတယ်။ တော်လှန်ရေးကာလသတ်မှတ်ချက်နှင့် တခုတည်းသော ဦးဆောင်မှုအောက်တွင် နည်းဗျူဟာမျိုးစုံ အသုးံပြုတိုက်ပွဲဆင်နိုင်မှသာ ဒီမိုကရေစီအောင်ပန်းကို ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။
" ဒီမိုကရေစီရှိမှသာလျှင် တန်းတူရေးနှင့်သာတူညီမျရေးရှိလာမည်၊ တန်းတူရေးနှင့်သာတူညီမျှရေးရှိမှသာလျှင် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ "
ရှစ်လေးလုံးကာလကိုပြန်ကြည့်ပါက ဘာကြောင့်ပြည်သူတရပ်လုံး တခဲနက်ပါဝင်လာ ပြီး အောင်ပွဲခံနိုင်ခဲ့ပါသလဲ၊ နိုင်ငံရေးဆရာ့ ဆရာကြီးများက အမျိုးမျိုးပြော နေကြသော်လည်း တကယ်တမ်းလက်တွေ့မှာတော့ ကျောင်းသားများ၏ ဦးဆောင်မှုတခုတည်းအောက်တွင် တိုက်ပွဲဝင်ခဲ့ကြသောကြောင့်ပင်ဖြစ်သည်။ အထူးသဖြင့်နယ်ဘက်ဒေသများတွင် ပိုပြီးထင်ရှားပါသည်။ ရန်ကုန်ကကျောင်းသားသမဂရဲ့ ကျေညာချက်အရ ဘယ်နေ့ဘယ်ရက်မှာ ပြည် လုံးကျွတ်ဆနွပြကြမည်ဆိုသည် တဆင့်စကားလက်ဆင့်ကမ်း တိုက်ပွဲခေါ်သံများဖြင့် လူထု တရပ်လုံး လမ်းမများပေါ်မှာ ရဲရဲတောက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တကယ်တော့ နယ်တွင် ဦးဆောင်နေသော ကျနော်တို့ကိုယ်တိုင် ထိုကျေညာချက်များကို မရရှိခဲ့စေကာမူ စိတ်ထဲတွင် တကယ်ယုံကြည် စွဲမြဲနေသည့် ဦးဆောင်မှု တိုက်ပွဲခေါ်သံများပင်ဖြစ်ခဲ့ပါတယ်။
အဲဒီ့အချိန်က ရန်ကုန်ရှိဘယ်ကျောင်းသားသမဂက (ဗကသ၊ မကသ၊ ရကသ၊ စသ ဖြင့်) ဦးဆောင်နေတယ်ဆိုတာလဲ ကျနော်တို့မသိခဲ့။ သိဘို့လိုသည်ဟုလည်း မထင်မိခဲ့ပေ။ ကိုယ်မြို့နယ်တွင်းရှိ ကောလိပ်ကျောင်းသားများကိုဗဟိုထားပြီး အခြားသောသမဂများနှင့်ညှိ နိုင်းဆောင်ရွက်ရင်း လုံးဝညီညွတ်မှုအပြည့်ရှိခဲ့ကြသော ကာလများပင်ဖြစ်ပါတယ်။ သပိတ် တပ်သားအချင်းချင်းလည်း ယုံကြည်မှုအပြည့် ကိုယ်စီရှိခဲ့ကြပါတယ်။ တိုက်ပွဲလမ်းကြောင်း ကြွေးကြော်သံများနှင့်အညီ တပါတီအာဏာရှင် ဦးနေ၀င်းနဲ့ မဆလပါတီကို တကယ်ပင်ဖြုတ်ချ နိုင်ခဲ့ပါတယ်။
"ခါးသည်းတဲ့အတွေ့ အကြုံအရ အတုမရှိ ခေါင်းဆောင်ကြီးဝါဒကို ပါယ် ရှားပြီး၊ ပါတီတွင်းဒီမိုကရေစီကို အပြည်အ၀လိုက်နာကျင့်သုံးမယ်" ဆိုပြီး၊ ပါတီအသစ်ထောင်ကာ ရွေးကောက်ပွဲဝင်မည့်လူတစု၏ခေါင်းဆောင်တယောက်က အန်အယ်လ်ဒီပါတီမှနုတ်ထွက်စဉ် ကကြုံးဝါးခဲ့ပါတယ်။ ဒါဟာ မှားယွင်းလွဲချော်နေတဲ့ကိုယ်ကျိုးရှာ ၀ါဒတခုသာဖြစ်ပါတယ်။ တိုက်ပွဲကာလမှာ ဗဟိုဦးစီးစနစ်နဲ့ တိကျတဲ့ခေါင်းဆောင်ဆိုတာ ရှိကိုရှိရပါမယ်။
တိကျတဲ့တိုက်ပွဲမဟာဗျူဟာနဲ့ တိကျတဲ့တိုက်ပွဲခေါင်းဆောင်မရှိတဲ့ တော်လှန်ရေးတ ရပ်ဟာ စက်ခေါင်းတွဲနဲ့ စက်ခေါင်းမောင်းသူမပါတဲ့ မီးရထားတစင်းလိုပါပဲ။ အရှေ့သို့ရွေ့လျား တိုးတက်မှုအလျင်းမရှိ အောင်ပွဲနဲ့အလှမ်းဝေးနေကြရဦးမှာမလွဲပေ။
ဒီမိုကရေစီတိုက်ပွဲတလျောက် အသက်သွေးချွေး ပေးဆပ်သွားခဲ့ကြကုန်သော သူရဲကောင်းအပေါင်းလည်း မနည်းတော့ပြီ။ ဆိုးရွားရက်စက်လှသော အကျဉ်းထောင်များအတွင်း တခါမှမကြားဘူးသော နှစ်ရှည်ထောင်ကျခံ ပေးဆပ်နေသူများလည်းမျက်ဝါးထင်ထင်။ လက်နက်ကိုင်တော်လှန်ရေးခရီးကြမ်းမှာ တိုက်ပွဲဝင်နေကြသူတွေလည်းရှိ။ ၉၀ ရွေးကောက်ပွဲ လူထုသဘောထားအရ ပါတီမှတ်ပုံမတင၊် ရွေးကောက်ပွဲမ၀င်ဘဲတောင့်ခံ သပိတ်တိုက်ပွဲဝင်တဲ့ ပါတီက၀င်။ ၂၀၁၀ ရွေးကောက်ပွဲဝင်မည့်သူများကလည်း ကိုယ့်တွက်ကိန်းနဲ့ကိုယ့်လမ်းဖောက်
နေကြ။ ခေါင်းပေါင်းတပြင်ပြင်နဲ့တိုင်းပြည်ရဲ့အဆီအနှစ်တွေကို ထိုင်ဝါးမယ့်သူတွေကလည်းအ ဆင်သင့်။ လက်နက်အသင့် ကိုယ့်နယ်မြေနဲ့ကိုယ် စီးပွားရှာ ဆက်ကြေးကောက်စား မယ့်အုပ် စုတွေကလည်းကိုယ့်အကြံအစည်နဲ့ကိုယ်။ ဒီကနေ့ဒီလိုအခြေအနေတွေဟာ ဗိုလ်သန်းရွှေတို့ အကြိုက် စစ်အာဏာရှင်သက်ဆိုး ရှည်စေမည့် သူတဗိုလ် ငါတမင်းကသောင်းကနင်းအခြေအနေတွေပါပဲ။ ဒီအခြေအနေတွေအောက်မှာတော့ ကျနော်တို့ ခင်ဗျားတို့တိုင်းပြည် နလံထူဘို့ တယ်မလွယ်လှပါဘူး။
ဒီလိုကသောင်းကနင်းဖြစ်နေရတာဟာ တိကျတဲ့ခေါင်းဆောင်မှုမရှိခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒါကိုတိုက်ရိုက်ရှင်းရှင်းပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တခုလုံးကို ခေါင်းဆောင်ဘို့ အသင့်တော်ဆုံးအချိန် အခါပါဘဲ။ သူမရဲ့ အရည်အချင်း နှလုံးရည်ပြည့်ဝမှု တွေကို အသာထားပြီး အောက်ပါအချက်(၃)ချက်နဲ့ပင် ခိုင်လုံနေပါတယ်။
၁။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလူထု၏အသည်းနှလုံးဖြစ်သည်။
၂။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာယုံကြည်လေးစားခံရသူဖြစ်သည်။
၃။ ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုကအလွန်ကြောက်ကြသည်။
ဒါပေမဲ့လည်း အချို့ သောဒီမိုကရေစီခေါင်းဆောင်များနှင့် တိုင်းရင်သားလူမျိုးစုခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို အမှန်စင်စစ် လက်တွေ့အားဖြင့် မခံယူလို ကြပေ။ သဘောတရားအရ မငြင်းဆန်ကြခြင်းသာဖြစ်သည်။
ထိုအချက်သည်ကား ဒီမိုကရေစီတိုက်ပွဲ၏ အဓိကသော့ချက်ပင်ဖြစ်တော့သည်။
ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှ ဒေါ်အောင်ဆန်းစုကြည်အား မွေးဖားပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လူထုခေါင်းဆောင်ဖြစ်သည်။
ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ၊
**မောင်မောင်စိုး**
၁-၂၆၀-၄၂၆ ၄၁၂၁
No comments:
Post a Comment