(ဟူစတန်၊ ဇူလိုင်လ ၅-ရက်)
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် ဇူလိုင်လ ၄-ရက်နေ့က လူနာတင်လေယာဉ်ပျက်ကျခဲ့သဖြင့် ၅-ဦးသေဆုံးခဲ့ကြောင်း ရဲအရာရှိများက ပြောကြားသည်။ လေယာဉ်မှူးက မြေပြင်ပေါ်သို့ ဆင်းသက်ရန် ကြိုးစားခဲ့သော်လည်း လေယာဉ်မှာ ပျက်ကျပြီး မီးလောင်ပျက်စီးသွားကြောင်း တက္ကဆက်ပြည်နယ် လုံခြုံရေးအရာရှိများက ပြောကြားသည်။ (ဆင်ဟွာ)
** လက်ဘနွန်ထိပ်တန်း ရှီးယိုက် ခေါင်းဆောင်ဆေးရုံ၌ ကွယ်လွန် **
(ဘေရွတ်၊ ဇူလိုင်လ ၅-ရက်)
လက်ဘနွန်နိုင်ငံတွင် ဟဇ်ဘိုလာအဖွဲ့ကို စတင်ထူထောင်ခဲ့သူ တစ်ဦးဖြစ်သည့် ထိပ်တန်းရှီးယိုက်ခေါင်းဆောင် ဂရင်းအယာတိုလာဖက်ဒရာလာမှာ ဘေရွတ်ဆေးရုံ၌ သေဆုံးသွားကြောင်း အင်တာနက်သတင်းတွင် ဇူလိုင် ၄-ရက်နေ့က ဖော်ပြပါရှိသည်။ အယာတိုလာဖက်ဒရာလာမှာ ခန္ဓာကိုယ်မှ သွေးယိုစီးမှုကြောင့် ဇူလိုင် ၂-ရက်နေ့က ဘေရွတ်ဆေးရုံသို့
တက်ရောက်ကုသမှုခံယူခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၄-နှစ်ရှိပြီဖြစ်သော အယာတိုလာဖက်ဒရာလာမှာ အရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန်နိုင်ငံက စစ်သွေးဆာသည့် မူဝါဒကျင့်သုံးနေသည်ဟု ဝေဖန်ပြောကြားလေ့ရှိသူဖြစ်သည်။ (အင်တာနက်)
** နိုင်ဂျီးရီးယားကမ်းလွန်၌ ဂျာမန်သင်္ဘောသားများ ဖမ်းဆီးခံရ **
နိုင်ဂျီးရီးယားနိုင်ငံ ကမ်းလွန်တွင် ကုန်တင်သင်္ဘောတစ်စင်း အပိုင်စီးခံရမှုတွင် ဂျာမန်သင်္ဘောသား ၂-ဦး ဖမ်းဆီးခံရကြောင်း ဂျာမနီနိုင်ငံ ခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၅-ရက်၌ အတည်ပြု သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ကယ်လီဖိုးနီးယားတောင်ပိုင်းကမ်းလွန်၌ လှိုင်းကြီးနိုင် **
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းကမ်းလွန်၌ လာမည့်ရက်အနည်းငယ်အတွင်း လေပြင်းတိုက်ခတ်ပြီး လှိုင်းကြီးနိုင်ငံကြောင်း အမေရိကန် မိုးလေ၀သဆိုင်ရာ အရာရှိများက ဇူလိုင်လ ၅-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** နီပေါ၌ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မြှင့်တင် **
နီပေါနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို တိုးတက်စေရန် မြှင့်တင်သည့် အနေဖြင့် နိုင်ငံအတွင်း ခရိုင် ၇၅ ခရိုင်တွင် ပြင်ဆင်မှုပြုလုပ်နေကြောင်း နီပေါအရာရှိများက ဇူလိုင်လ ၅-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကူးတို့ယာဉ်နစ်မြုပ် **
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှီတာလာခါယာမြစ်အတွင်း ဇူလိုင်လ ၅-ရက်နေ့က ခရီးသည် ၁၀၀ တင်ဆောင်လာသော ကူးတို့ရေယာဉ်တစ်စင်းနစ်မြုပ်ခဲ့ရာ လူ ၅၀ သေဆုံးခဲ့ကြောင်း၊ အချို့ကို ကယ်ဆယ်လိုက်နိုင်ပြီး အချို့မှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** မက္ကဆီကိုပင်လယ်ကွေ့၌ မုန်တိုင်းတိုက်ခတ်နိုင် **
မက္ကဆီကိုပင်လယ်ကွေ့တွင် လာမည့် ၄၈-နာရီအတွင်း မုန်တိုင်းတိုက်ခတ်နိုင်ကြောင်း၊ ယင်းမုန်တိုင်းသည် မက္ကဆီကိုနိုင်ငံ ကမ်းခြေဒေသသို့ ဦးတည်တိုက်ခတ်နိုင်ကြောင်း မက္ကဆီကိုအရာရှိများက ဇူလိုင်လ ၅-ရက်နေ့၌ သတိပေးချက်ထုတ်ပြန်ထားသည်။ (အင်တာနက်)
** ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာတန်ဖိုးအနည်းငယ်မြင့်တက် **
ကမ္ဘာ့ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးများ အနည်းငယ်မြင့်တက်လျက်ရှိရာ ဂျပန်နိုင်ငံ တိုကျိုမြို့ဈေးကွက်၌ ဇူလိုင်လ ၅-ရက်နေ့ ဈေးပိတ်ချိန်တွင် ဂျပန်ယန်း ၉၁ ယန်းလျှင် အမေရိကန် တစ်ဒေါ်လာဖြစ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်ချစ်ကြည် **
** တက္ကဆက်ပြည်နယ်၌ လေယာဉ်ပျက်ကျ၊ ၅-ဦးသေဆုံး **

No comments:
Post a Comment