၂၀၁၀ ကမ္ဘာ့ဖလားပွဲ၌ ဂိုးမသွင်းနိုင်သေးသော စပိန်တိုက်စစ်မှူး တောရက်စ်သည် အကြိုဗိုလ်လုပွဲ၌ ဂျာမနီအသင်းအား ဂိုးသွင်းနိုင်လိမ့်မည်ဟု စပိန်နည်းပြ ဒယ်ဘော့စကေးက ဇူလိုင်လ ၅-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
** စပိန်ကို ခက်ခဲစွာရင်ဆိုင်ရမည်ဟု အိုဇယ် ဖွင့်ဟ **
အကြိုဗိုလ်လုပွဲ၌ စပိန်အသင်းနှင့် ယှဉ်ပြိုင်ကစားသည့်အခါ အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ကြောင်း၊ သို့ရာတွင် မိမိတို့ အကောင်းဆုံးခြေစွမ်းရရှိနေကြောင်း ဂျာမနီကွင်းလယ်ကစားသမား အိုဇယ်က ဇူလိုင်လ ၅-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
** ဂျာမနီလူငယ်ကစားသမားများကြောင့် အောင်မြင်မှုများရရှိခဲ့ **
ဂျာမနီအသင်း အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ရာတွင် လူငယ်ကစားသမားများ၏ ကြိုးစားမှုနှင့် စွမ်းရည်များကြောင့်ဖြစ်ကြောင်း၊ ဂျာမနီလူငယ်ကစားသမားများသည် အရည်အချင်းပြည့်ဝသူများဖြစ်ကြောင်း တိုက်စစ်မှူးကလိုဆေးက ပြောကြားခဲ့သည်။ (အင်တာနက်)
** နည်းပြမာရာဒိုနာ အမှားပြုလုပ်ခဲ့ဟု မီဒီယာများဖော်ပြ **
ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဂျာမနီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲ၌ အာဂျင်တီးနားအသင်းနည်းပြ မာရာဒိုနာသည် နည်းစနစ်အမှားအယွင်းများ ပြုလုပ်ခဲ့ကြောင်း ချိန်ကိုက် ကစားသမားအစားထိုးမှု ပျက်ကွက်ခဲ့ကြောင်း အာဂျင်တီးနားမီဒီယာများက ဇူလိုင်လ ၅-ရက်နေ့၌ ဖော်ပြသည်။ (အင်တာနက်)
** ဂျာမနီအသင်းဖလားရနိုင်ဟု ဘက်ဟမ်း ပြောကြား **
ဂျာမနီအသင်းသည် ၂၀၁၀ ကမ္ဘာ့ဖလားနှင့် အထိုက်တန်ဆုံးဖြစ်ကြောင်း၊ ဖလားဆွတ်ခူးနိုင်သည့် ခြေစွမ်းရှိခဲ့ကြောင်း အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဘက်ဟမ်းက ဇူလိုင်လ ၅-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
** ကလိုဆေး၏ အားများ အဖိုးတန်ခဲ့ကြောင်း နည်းပြပြောကြား **
ဂျာမနီအသင်း တိုက်စစ်မှူးအတွက် ကလိုဆေးနှင့် ပိုဒေါစကီးတို့အား ရွေးချယ်ခဲ့ရာတွင် ဝေဖန်ပြစ်တင်မှုများ ခံခဲ့ရသော်လည်း မိမိမတုန်လှုပ်ခဲ့ကြောင်း၊ ၄င်းတို့ နှစ်ဦး၏ အားများက ဂျာမနီအသင်း နိုင်ပွဲများရရှိစေခဲ့ကြောင်း၊ ကလိုဆေး၏ ဂိုးသွင်းအားများ အဖိုးတန်ခဲ့ကြောင်း ဂျာမနီနည်းပြ ဂျိုအာချင်လိုး က ဇူလိုင်လ ၅-ရက်နေ့၌ သတင်းထောက်များအား ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-အာကာဟိန်း **
** တောရက်စ် ဂိုးသွင်းမည်ဟုစပိန်နည်းပြ ပြောကြား **

No comments:
Post a Comment