ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, July 8, 2010

8 July, 10// ဇူလိုင်လအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ…

> ** အင်ဒိုနီးရှားနိုင်ငံ၏ အမြင့်ဆုံးတောင်ပေါ်ရှိ ရေခဲမြစ် ငါးနှစ်အတွင်း ပျောက်ကွယ်သွားနိုင်ဟု သတိပေး **
(ဂျကာတာ၊ ဇူလိုင်လ ၆-ရက်)
အင်ဒိုနီးရှားနိုင်ငံ၏ အမြင့်ဆုံးတောင်ပေါ်၌ တည်ရှိနေသော ရေခဲမြစ်တစ်စင်းသည် တစ်နှစ်လျှင် ခုနစ်မီတာနှုန်းဖြင့် ဆုတ်ယုတ်လာနေပြီး လေးနှစ်မှ ငါးနှစ်အထိ ကာလအတွင်းမှာပင် ပျောက်ကွယ်သွားနိုင်ကြောင်း အမေရိကန်ရေခဲမြစ် ကျွမ်းကျင်သူတစ်ဦးက သတိပေးလိုက်သည်။ အင်ဒိုနီးရှားနိုင်ငံ အနောက်အလယ်ပိုင်း ကုန်းမြင့်ဒေသ ဆူဒီမန် တောင်စဉ်တောင်တန်းဒေသ၌ တည်ရှိသော ပန်ကက်ဂျာယား (Puncak Jaya) တောင်၏ တောင်ပေါ်ရေခဲမြစ်သည် ပစိဖိတ်ဒေသ၏ နောက်ဆုံးလက်ကျန် ရေခဲမြစ်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၆၀၂၄ ပေအမြင့်ရှိ အဆိုပါရေခဲမြစ်၏ ယိုယွင်းပျက်စီးမှုအခြေအနေကို သိရှိနိုင်ရန် ရေခဲမြစ်ကျွမ်းကျင်သူပညာရှင် လွန်နီသော်မဆင်က ကွင်းဆင်းလေ့လာမှု ပြုလုပ်ခဲ့သည်။ (အင်တာနက်) ** စုစည်းဘာသာပြန်- ဧရာမောင် **

** ဂါဇာသို့ ထောက်ပံ့ရေးသင်္ဘောများ ၀င်ခွင့်တောင်းဆို **
ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီပေးရေးနှင့် ထောက်ပံ့ရေးသင်္ဘောများ အတားအဆီးမရှိ ၀င်ထွက်ခွင့်ပြုရန် ဖိအားပေးသင့်ကြောင်း ဗင်နီဇွဲလားသမ္မတ ချာဗက်ဇ်က ဇူလိုင်လ ၆-ရက်နေ့က ပြောကြားသည်။ (အင်တာနက်)

** အီရန်၌ သဘာဝဓာတ်ငွေ့ သိုက်အသစ်နှစ်ခုတွေ့ရှိ **
အီရန်နိုင်ငံ ပါရှန်ပင်လယ်ကွေ့နှင့် အရှေ့မြောက်ပိုင်းဒေသ ခိုရာဆန်ရာဇာဗီပြည်နယ်အတွင်း သဘာဝဓာတ်ငွေ့သိုက်နှစ်ခု ရှာဖွေတွေ့ရှိကြောင်း သဘာဝဓာတ်ငွေ့သိုက်တစ်ခုလျှင် ဓာတ်ငွေ့ကုဗမီတာ ဘီလီယံ ၇၀၀-ခန့်ထွက်ရှိနိုင်ကြောင်း အီရန်စွမ်းအင်အရာရှိများက ဇူလိုင်လ ၆-ရက်နေ့က ပြောကြားသည်။ (အင်တာနက်)

** ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းမြင့်တက် **
ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးနှုန်းမြင့်တက်လျက်ရှိရာ တရုတ်ဈေးကွက်၌ ဇူလိုင်လ ၆-ရက်နေ့ ဈေးပိတ်ချိန်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၁၀ ဒသမ ၂၆ ဒေါ်လာဖြစ်ခဲ့ကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)

** ဂျပန်ကမ်းလွန်၌ လေပြင်းများတိုက်ခတ်ပြီး လှိုင်းကြီး **
ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းကမ်းလွန်တွင် ဇူလိုင်လ ၆-ရက်နေ့ နံနက်က တစ်နာရီမိုင် ၆၀-နှုန်း လေပြင်းများတိုက်ခတ်ခဲ့ရာ ၁၂-ပေခန့်အမြင့်ရှိသည့် ရေလှိုင်းကြီးများဖြစ်ပေါ်ခဲ့ကြောင်း၊ ရေယာဉ်များအား သတိပေးချက် ထုတ်ပြန်ထားကြောင်း ဂျပန်အရာရှိများက ပြောကြားသည်။ (အင်တာနက်)

** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **

** အင်ဒိုနီးရှားနိုင်ငံ၏ အမြင့်ဆုံးတောင်ပေါ်ရှိ ရေခဲမြစ် ငါးနှစ်အတွင်း ပျောက်ကွယ်သွားနိုင်ဟု သတိပေး **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)