၂၀၁၀ ကမ္ဘာ့ဖလားပွဲတွင် ဥရုဂွေးအသင်းအား ကွာတားဖိုင်နယ်တွင်ရှုံးပြီးပြိုင်ပွဲမှ ထွက်ကာ အိမ်ပြန်ခဲ့ရသည့် ဂါနာအသင်းအား ဂါနာပရိသတ်ထောင်ပေါင်းများစွာတို့က ကိုတိုကာနိုင်ငံတကာလေဆိပ်တွင် သူရဲကောင်းများသဖွယ် ကြိုဆိုခဲ့ကြောင်း ဂါနာအားကစားအရာရှိများက ဇူလိုင်လ ၆-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ၂၀၁၀ ခုနှစ် ဖီဖာဆုများအတွက် ဆွေးနွေး **
၂၀၁၀ ခုနှစ် ဖီဖာအကောင်းဆုံးဘောလုံးသမားဆုချီးမြှင့်ပွဲ ကျင်းပရေးအတွက် ပြင်သစ်နိုင်ငံမှ အမူရီအုပ်စုဥက္ကဌ အိုဒီလီအမူရီနှင့် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာတို့ ဂျိုဟန်နစ္စဘတ်မြို့၌ ဇူလိုင်လ ၆-ရက်နေ့က သဘောတူညီခဲ့ကြကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ဂျာမနီကွင်းလယ် ကစားသမား ခီဒီရာ ဒဏ်ရာရ **
ဂျာမနီအသင်းကွင်းလယ်ကစားသမား ခီဒီရာသည် ယာဘက်ပေါင်ကြော ဒဏ်ရာရရှိနေသဖြင့် ဆေးကုသမှုခံယူနေရကြောင်း အပေါ့စားလေ့ကျင့်မှုပြုလုပ်နေကြောင်း ဂျာမနီအသင်းတာဝန်ရှိသူများက ဇူလိုင်လ ၆-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ပါရာဂွေး နည်းပြ မာတီနို နုတ်ထွက်မည် **
ပါရာဂွေးအသင်းနည်းပြ မာတီနိုသည် ၂၀၁၀ ကမ္ဘာ့ဖလားပွဲ၏ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် စပိန်အသင်းကို ရှုံးခဲ့ပြီးနောက် ပြိုင်ပွဲမှထွက်ခဲ့ရသဖြင့် ပါရာဂွေးနည်းပြအဖြစ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း ဇူလိုင်လ ၆-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ဥရုဂွေးနောက်ခံလူ ဒါဒိုမို ဂရိကလပ်နှင့် စာချုပ် **
၂၀၁၀ ကမ္ဘာ့ဖလားပွဲ၌ ဥရုဂွေးအသင်း ဘယ်နောက်ခံလူ ဒါဒိုမို၏ ခြေစွမ်းကို သဘောကျသဖြင့် ဂရိပထမတန်းကလပ် အေအီးကေအေအသင်းက နှစ်နှစ်စာချုပ်ချုပ်ဆိုလိုက်ကြောင်း ဒါဒိုမိုက သတင်းထောက်များနှင့်တွေ့ဆုံစဉ် ဇူလိုင်လ ၆-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ဂိုးသွင်းယူနိုင်ရေး ကြံ့ခိုင်မှုအပြည့်ရှိနေဟု ဗီလာပြောကြား **
အကြိုဗိုလ်လုပွဲ၌ ဂျာမနီအသင်းနှင့် ယှဉ်ပြိုင်ရာတွင် မိမိ၏ ဂိုးသွင်းမှုစံချိန်ကို အမြင့်ဆုံးရောက်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ကြံ့ခိုင်မှုနှင့် ယုံကြည့်မှုများအပြည့်ရှိနေကြောင်း စပိန်တိုက်စစ်မှူး ဒေးဗစ်ဗီလာက ဇူလိုင်လ ၆-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** စပိန်နောက်ခံလူများ ပြဿနာတစ်စုံတစ်ရာမရှိ **
ဂျာမနီနှင့် အကြိုဗိုလ်လုပွဲ ယှဉ်ပြိုင်ရန်အတွက် စပိန်နောက်ခံလူများတွင် ပြဿနာတစ်စုံတစ်ရာမရှိကြောင်း ဒဏ်ရာရရှိမှုနှင့် ပွဲပယ်ခံထားရသူများမရှိကြောင်း စပိန်နည်းပြ ဘော့စကေးက ဇူလိုင်လ ၆-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-အာကာဟိန်း **
** ဂါနာအသင်းအား သူရဲကောင်းများသဖွယ် ကြိုဆို **

No comments:
Post a Comment