၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်များကို ကြည့်ရှုအားပေးနေသော ဘိုလီးဗီးယားသမ္မတက ဘိုလီးဗီးယားနိုင်ငံ လာပက်ဇ်မြို့၌ ဇူလိုင် ၁-ရက်နေ့က မီဒီယာသမားများနှင့် တွေ့ဆုံစဉ် အာဂျင်တီးနားအသင်း ဗိုလ်စွဲနိုင်မည်ဟု သူ့ထင်မြင်ချက်ကို ပြောကြားလိုက်သည်။ (အင်တာနက်)
** မူလာကိုသတိထားရမည်ဟု မာရာဒိုနာ ပြောကြား **
ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဂျာမနီနှင့် ယှဉ်ပြိုင်ရမည့်ပွဲ၌ မိမိတို့အဓိကသတိထားရမည်မှာ ဂျာမနီကွင်းလယ်ကစားသမား မူလာပင်ဖြစ်ကြောင်း အာဂျင်တီးနားနည်းပြ မာရာဒိုနာက ဇူလိုင် ၁-ရက်နေ့၌ ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)
** ဗြိတိန်နိုင်ငံမှ ဂျာနယ်သတင်းထောက် ဒဏ်ငွေဆောင်ရ **
တောင်အာဖရိကနိုင်ငံ ကိတ်ဗ်တောင်းမြို့၌ ဇွန်လ ၁၈-ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သော အင်္ဂလန်နှင့် အယ်လ်ဂျီးရီးယားတို့ပွဲတွင် အင်္ဂလန်အသင်း အ၀တ်လဲခန်းအတွင်း ခွင့်ပြုချက်မယူဘဲဝင်ရောက်ခဲ့သည့် ဂျာနယ်သတင်းထောက် ပါလော့စ်ဂျို့အား ဒဏ်ငွေအမေရိကန်ဒေါ်လာ ၁၀၀-ပေးဆောင်ရန် ဒဏ်တပ်ရိုက်ခဲ့ကြောင်း ဇူလိုင် ၁-ရက်နေ့က သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** မက္ကဆီကို အသင်းနည်းပြ နုတ်ထွက်သွား **
ရှုံးထွက်အဆင့်၌ အာဂျင်တီးနားအသင်းကို ရှုံးပြီး ပြိုင်ပွဲမှထွက်ခဲ့ရသည့် မက္ကဆီကိုအသင်းနည်းပြ ဂျာဗီရာအက်ဂွီရီသည် ဇူလိုင်လ ၁-ရက်နေ့၌ နည်းပြအဖြစ်မှ နုတ်ထွက်ခဲ့ကြောင်း မက္ကဆီကိုဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ဗီလာဂိုးသွင်းမှု အား တောရက်စ်ချီးကျူး **
ပေါ်တူဂီအသင်းအား ရှုံးထွက်ပွဲစဉ်၌ အနိုင်ဂိုးတစ်ဂိုးတည်း သွင်းယူခဲ့သော ဒေးဗစ်ဗီလာ၏ ဂိုးသွင်းမှုမှာ အခွင့်အရေးကိုရအောင်ယူနိုင်သော ကစားသမားကောင်းတစ်ဦးဖြစ်ကြောင်း စပိန်တိုက်စစ်မှူး တောရက်စ်က ဇူလိုင် ၁-ရက်နေ့၌ သတင်းထောက်များအား တွေ့ဆုံစဉ် ပြောကြားသည်။ (အင်တာနက်)
** အာဖရိကတိုက်အတွက် အကောင်းဆုံးမြှင့်တင်မှုဖြစ်ခဲ့ **
၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲကို တောင်အာဖရိကနိုင်ငံတွင် ကျင်းပပေးနိုင်မှုကြောင့် အာဖရိကတိုက်၏ ဘောလုံးအားကစားအပေါ် အကောင်းဆုံးမြှင့်တင်ပေးနိုင်မှုအဖြစ် စွမ်းဆောင်ပေးနိုင်ခဲ့မည်ဖြစ်ကြောင်း ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ဇူလိုင် ၁-ရက်နေ့၌ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-အာကာဟိန်း **
** ဘိုလီးဗီးယားသမ္မတက အာဂျင်တီးနား ဗိုလ်စွဲမည်ဟုဆို **

No comments:
Post a Comment