** နေအိမ်၌ ကလေးမွေးဖွားမှု သတိပြု ဆင်ခြင်သင့်ဟုဆို **
(လန်ဒန်၊ ဇူလိုင် ၁-ရက်)
ကလေးမွေးဖွားရာတွင် ဆေးရုံ၌ မွေးဖွားခြင်းထက် နေအိမ်တွင် မွေးဖွားခြင်းက မိခင်ကျန်းမာရေးအမြန်ပြန်ကောင်းလာစေနိုင်သော်လည်း ကလေးသေဆုံးမှုနှုန်း မြင့်မားလာသဖြင့် သတိပြုသင့်ကြောင်း နိုင်ငံတကာလေ့လာသူများက သုံးသပ်ထားသည်။ အမေရိကန်သုတေသီများသည် မြောက်မေရိကနှင့် ဥရောပရှိ မွေးဖွားသော ကလေး ၅၀၀၀၀၀-ကျော်အား ဆန်းစစ်လေ့လာကြရာ ဆေးရုံး၌ မွေးဖွားခြင်းထက် နေအိမ်တွင်မွေးဖွားခြင်းက သေဆုံးမှုနှုန်းနှစ်ဆတိုးလာကြောင်း လေ့လာတွေ့ရှိခဲ့သည်ဟု ဆိုသည်။ ယင်းတို့သည် နေအိမ်၌ မွေးဖွားသော ကလေး ၃၅၀၀၀-နှင့် ဆေးရုံတွင် မွေးဖွားသော ကလေး ၂၀၀၀၀-အား သုတေသနပြု ဆန်းစစ်လေ့လာခဲ့ခြင်းဖြစ်သည်။ နေအိမ်၌ မွေးဖွားခြင်းမှာ ကူးစက်ရောဂါများမှ လုံခြုံဘေးကင်းမှုရှိသော်လည်း အရေးပေါ်အခြေအနေများတွင် ကုသရာထိရောက်မှုနည်းသဖြင့် ကလေးအသက်ဆုံးရှုံးနိုင်ကြောင်း သတိပေးထားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-ကောင်းမြတ်သူ **
** Public Health **

No comments:
Post a Comment