အသက် ၈၀ ရှိပြီဖြစ်သော ချဲလ်ဆီးအသင်း မှ အက်ရှ်လေကိုးလ်၏ နောက်ဆုံးအချိန်များရောက်နေပြီဖြစ်သည်။ ဇနီးဖြစ်သူချယ်ရီက သူ၏လက်ကိုကိုင်ကာအားပေးစကားများပြောနေသည်။
`ချယ်ရီရေ… မင်းကို ကိုယ်မသေခင်ဝန်ခံစရာရှိတယ်´
`ပြောပါဦး ဟန်နီ´
`ကိုယ်လေမင်းညီမနဲ့ရော၊ မင်းသူငယ်ချင်းနဲ့ရော၊ မင်းဒေါ်လေးနဲ့ပါ ဖောက်ပြန်ဖူးတယ်ကွ… ခွင့်လွှတ်ပါနော်´
`ရှူး… ဒါတွေပြောမနေပါနဲ့တော့ ဟန်နီရယ်။ ကြွက်သတ်ဆေးက ဆေးတန်ခိုးပြနေပါပြီ။ သူ့အလုပ်သူလုပ်ပါလိမ့်မယ်´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း) ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment