ယုံကြည်ချက် မပါ
အသက်မပါတဲ့ အနုပညာ… တဲ့။
**အတွင်း အနှစ်သာရက အဓိက
အပေါ်ယံ ပုံသဏ္ဍာန်က သာမည… တဲ့။
**ကာရန် မဲ့ချင်မဲ့
အဘိဓမ္မာ မမဲ့စေနဲ့… တဲ့။
**ကာရန်ဟာ လက်ထိတ်မဟုတ်
လက်ကောက်… တဲ့
ချုပ်ချယ်ခြင်း မဟုတ်
တန်ဆာဆင်ခြင်း… တဲ့။
**အနုပညာမှာ စေတနာ… တဲ့။
စေတနာကောင်းမှ
စာကောင်းစာလှ ထွက်တယ်။
**စေတနာဖြူရင်
စာဖြူတယ်။
စေတနာ မည်းရင်
စာမည်း ထွက်တတ်တယ်… တဲ့။
**အနုပညာဟာ ပြည်သူအတွက်… တဲ့။
ပြည်သူကို အကျိုးပြုမှ
အနုပညာ စာဂုဏ် မြောက်သတဲ့။
** ပြည်သူကို ဆန့်ကျင်ရင်
သန့်စင်တဲ့ အနုပညာမဟုတ်… တဲ့
အနုပညာဟာ အနုပညာအတွက်… တဲ့။
**အနုပညာဟာ
ဝါဒဖြန့်တာ ဖြစ်ခဲ့ရင်
အနုပညာစစ်စစ် ဘယ်မှာဖြစ်မလဲ… တဲ့။
**အနုပညာ ပြဿနာကို
နေရာတိုင်းမှာ ဆွေးနွေးလာတယ်
စင်ပေါ်မှာ ရောက်
စင်အောက်မှာလဲ ဆွေးနွေး
စာရေးပေရေး ကဗျာရေးတွေ
တမှေးမစက် အလေးအနက်
တွေးကွက်ပေါင်းစုံ ကျမ်းထောက်ထား၍
စကားစိုပြည် ငြင်းကြတယ်။
**မိုးလင်းချင်လဲ လင်းလေရော့။
လ နတ်တော်ရဲ့
စာဆိုတော်လ စာပေညတွေ
တက်ကြွ နွေးထွေးခဲ့ကြတယ်။
**စာမှောင်စာမိုက် စာအမှိုက်တွေ
တိုက်ချွတ် ဆေးကြောရန်
စာတောစာမြိုင်၊ စာမဏ္ဍိုင်ကို
ခိုင်အောင် တည်ဆောက်ခဲ့ကြတယ်။
**ထန်းပင်မြစ်ဝါး ကောက်ညှင်းစားရင်း
စကားလေးနက် အတွေးနက်တော့
ညဥ့်နက်လို့ ညဥ့်နက်မှန်း မသိ။
** မြန်မာနိုင်ငံ တနံတလျား
တောကြား တောင်ကြားမကျန်
စာပေသံဖြင့်
နာခံမှတ်သား စကားငြင်းဆန်
ဝေဖန်ဆစ်ပိုင်း စာသမိုင်းကို
ကိုင်းခက်ဝေဆာ စည်ပင်လာအောင်
မြို့ရှာတိုင်းက ကျင်းပတယ်။
**စာဆိုတော်လ ဆောင်းညများစွာ
အလင်္ကာဖြင့်
စာပေပွဲတော် ဆင်ကြတယ်။
**ဖတ်မှတ်တတ် တွေ
ဖြတ်ညှပ်ကပ် တွေ
အပစ်အခတ် အညစ်အပတ်တွေ
အချစ်အငတ် အထစ်အဖြတ်တွေ
်တက်ကျမ်းတွေ မဂ်လမ်းတွေ
ဂမ္ဘီဂမ္ဘက် ဥာဏ်နီဥာဏ်နက်တွေ
အပေါ်လျှပ် မတော်မရော်ဇာတ်တွေနဲ့
အပျော်ဖတ်တွေ
ဖတ်သူရေးသူ ဆွေးနွေးသူတို့နဲ့
ဆူဆူညံညံ စာသံပေသံ
ဆောင်းညယံတွေမှာ
ကဗျာရွတ်သံတွေ စည်ခဲ့တယ်။
** မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ အစဉ်အလာ
မင်္ဂလာရှိတဲ့ စာပွဲသဘင်ကို
မှတ်တမ်းတင် ဒီမော်ကွန်းနဲ့
လွမ်းဆွတ်မိပါကြောင်း…။ ။
** တင်မိုး **
(၈၊ ဇူလိုင်လ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း)
**ယုံကြည်ချက်က အသက်… တဲ့
ယုံကြည်ချက် မပါ
အသက်မပါတဲ့ အနုပညာ… တဲ့။
**အတွင်း အနှစ်သာရက အဓိက
အပေါ်ယံ ပုံသဏ္ဍာန်က သာမည… တဲ့။
**ကာရန် မဲ့ချင်မဲ့
အဘိဓမ္မာ မမဲ့စေနဲ့… တဲ့။
**ကာရန်ဟာ လက်ထိတ်မဟုတ်
လက်ကောက်… တဲ့
ချုပ်ချယ်ခြင်း မဟုတ်
တန်ဆာဆင်ခြင်း… တဲ့။
**အနုပညာမှာ စေတနာ… တဲ့။
စေတနာကောင်းမှ
စာကောင်းစာလှ ထွက်တယ်။
**စေတနာဖြူရင်
စာဖြူတယ်။
စေတနာ မည်းရင်
စာမည်း ထွက်တတ်တယ်… တဲ့။
**အနုပညာဟာ ပြည်သူအတွက်… တဲ့။
ပြည်သူကို အကျိုးပြုမှ
အနုပညာ စာဂုဏ် မြောက်သတဲ့။
** ပြည်သူကို ဆန့်ကျင်ရင်
သန့်စင်တဲ့ အနုပညာမဟုတ်… တဲ့
အနုပညာဟာ အနုပညာအတွက်… တဲ့။
**အနုပညာဟာ
ဝါဒဖြန့်တာ ဖြစ်ခဲ့ရင်
အနုပညာစစ်စစ် ဘယ်မှာဖြစ်မလဲ… တဲ့။
**အနုပညာ ပြဿနာကို
နေရာတိုင်းမှာ ဆွေးနွေးလာတယ်
စင်ပေါ်မှာ ရောက်
စင်အောက်မှာလဲ ဆွေးနွေး
စာရေးပေရေး ကဗျာရေးတွေ
တမှေးမစက် အလေးအနက်
တွေးကွက်ပေါင်းစုံ ကျမ်းထောက်ထား၍
စကားစိုပြည် ငြင်းကြတယ်။
**မိုးလင်းချင်လဲ လင်းလေရော့။
လ နတ်တော်ရဲ့
စာဆိုတော်လ စာပေညတွေ
တက်ကြွ နွေးထွေးခဲ့ကြတယ်။
**စာမှောင်စာမိုက် စာအမှိုက်တွေ
တိုက်ချွတ် ဆေးကြောရန်
စာတောစာမြိုင်၊ စာမဏ္ဍိုင်ကို
ခိုင်အောင် တည်ဆောက်ခဲ့ကြတယ်။
**ထန်းပင်မြစ်ဝါး ကောက်ညှင်းစားရင်း
စကားလေးနက် အတွေးနက်တော့
ညဥ့်နက်လို့ ညဥ့်နက်မှန်း မသိ။
** မြန်မာနိုင်ငံ တနံတလျား
တောကြား တောင်ကြားမကျန်
စာပေသံဖြင့်
နာခံမှတ်သား စကားငြင်းဆန်
ဝေဖန်ဆစ်ပိုင်း စာသမိုင်းကို
ကိုင်းခက်ဝေဆာ စည်ပင်လာအောင်
မြို့ရှာတိုင်းက ကျင်းပတယ်။
**စာဆိုတော်လ ဆောင်းညများစွာ
အလင်္ကာဖြင့်
စာပေပွဲတော် ဆင်ကြတယ်။
**ဖတ်မှတ်တတ် တွေ
ဖြတ်ညှပ်ကပ် တွေ
အပစ်အခတ် အညစ်အပတ်တွေ
အချစ်အငတ် အထစ်အဖြတ်တွေ
်တက်ကျမ်းတွေ မဂ်လမ်းတွေ
ဂမ္ဘီဂမ္ဘက် ဥာဏ်နီဥာဏ်နက်တွေ
အပေါ်လျှပ် မတော်မရော်ဇာတ်တွေနဲ့
အပျော်ဖတ်တွေ
ဖတ်သူရေးသူ ဆွေးနွေးသူတို့နဲ့
ဆူဆူညံညံ စာသံပေသံ
ဆောင်းညယံတွေမှာ
ကဗျာရွတ်သံတွေ စည်ခဲ့တယ်။
** မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ အစဉ်အလာ
မင်္ဂလာရှိတဲ့ စာပွဲသဘင်ကို
မှတ်တမ်းတင် ဒီမော်ကွန်းနဲ့
လွမ်းဆွတ်မိပါကြောင်း…။ ။
** တင်မိုး **
(၈၊ ဇူလိုင်လ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း)
No comments:
Post a Comment