ရုရှားနိုင်ငံမှ လွှတ်တင်လိုက်သော အာကာသကုန်တင်ယာဉ်သည် နိုင်ငံတကာ အာကာသယာဉ်စခန်းနှင့် ချိတ်ဆက်မိရန် ကြိုးစားနေဆဲဖြစ်ကြောင်း မော်စကိုမြေပြင်ထိန်းချုပ်ရေးစခန်းက ဇူလိုင်လ ၄-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** လော့စ်အိန်ဂျလိစ်မြို့အနီးတွင် ရဲအရာရှိများ ပစ်ခတ်ခံရ **
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့အနီးတွင် ရဲအရာရှိနှစ်ဦးအား သေနတ်သမားတစ်ဦးက ဇူလိုင်လ ၄-ရက်နေ့၌ ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း လော့စ်အိန်ဂျလိစ်မြို့ ရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
** ကိုင်ရိုမြို့၌ အဆောက်အအုံပြိုကျ နှစ်ဦးသေဆုံး **
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ငါးထပ်လူနေအဆောက်အအုံတစ်လုံး ဇူလိုင်လ ၄-ရက်နေ့က ပြိုကျမှုဖြစ်ပွားရာ နှစ်ဦးသေဆုံးပြီး ငါးဦးပျောက်ဆုံးလျက်ရှိကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ကိုင်ရိုမြို့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ဟောင်ကောင်ကမ်းလွန်၌ ရဟတ်ယာဉ်ပျက်ကျ **
တရုတ်နိုင်ငံ ဟောင်ကောင်ကမ်းလွန်ရေပြင်တွင် ဇူလိုင်လ ၄-ရက်နေ့က ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ကြောင်း ရဟတ်ယာဉ်ပေါ်လိုက်ပါလာသူ ၁၃-ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း ဟောင်ကောင်ရဲအရာရှိများက ပြောကြားသည်။ (အင်တာနက်)
** တူရကီတောင်ပိုင်း၌ ရေနံပိုက်လိုင်း မီးလောင် **
တူရကီနိုင်ငံ တောင်ပိုင်းတွင် သွယ်တန်းထားသော ရေနံပိုက်လိုင်း ဇူလိုင်လ ၄-ရက်နေ့က လက်နက်ကိုင်များ၏ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် မီးလောင်မှုများဖြစ်ပွားလျက်ရှိကြောင်း ဖောက်ခွဲတိုက်ခိုက်ခံရမှုမှာ မစ်ယက်မြို့အနီးတွင်ဖြစ်ကြောင်း တူရကီအရာရှိများက ပြောကြားသည်။ (အင်တာနက်)
** နိုင်ဂျီးရီးယားကမ်းလွန်၌ သင်္ဘောနှစ်စင်းတိုက်ခိုက်ခံရ **
နိုင်ဂျီးရီးယားနိုင်ငံ ကမ်းလွန်တွင် ဇူလိုင်လ ၄-ရက်နေ့က ကုန်တင်သင်္ဘောနှစ်စင်းအား လက်နက်ကိုင်များက တိုက်ခိုက်ခဲ့ရာ သင်္ဘောသားတစ်ဦး သေဆုံးပြီး အခြားသင်္ဘောသား ၁၅၄-ဦး ဖမ်းဆီးခံခဲ့ရကြောင်း တသင်းထုတ်ပြန်သည်။ (အင်တာနက်)
** မက္ကဆီကို ပင်လယ်ကွေ့ရေပြင်၌ ရေနံများပျံ့နှံ့နေဆဲ **
မက္ကဆီကိုပင်လယ်ကွေ့ရေပြင်တွင် ပြီးခဲ့သည့်လက ရေနံများယိုဖိတ်မှုမှာ ယခုထိတိုင် ရှင်းလင်းရန်လိုအပ်ဆဲဖြစ်ကြောင်း၊ နိုင်ငံတကာမှအကူအညီများလည်း လိုအပ်လျက်ရှိကြောင်း မက္ကဆီကိုအရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ဂျပန်ကမ်းလွန်၌ အင်အားပြင်းငလျင်လှုပ် **
ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းကမ်းလွန်တွင် ဇူလိုင်လ ၄-ရက်နေ့ နံနက်က ရစ်ခ်ျတာစကေး ၆-ရှိသော အင်အားပြင်းငလျင်လှုပ်ခဲ့ကြောင်း အိုကီနာဝါကျွန်းတွင် နေအိမ်များ လှုပ်ရမ်းခဲ့သော်လည်း ပျက်စီးမှုမရှိကြောင်း ဂျပန်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** မက္ကဆီကို အရှေ့မြောက်ပိုင်း၌ မုန်တိုင်းတိုက်ခတ် **
မက္ကဆီကိုနိုင်ငံ အရှေ့မြောက်ပိုင်း လီနွန်အရပ်တွင် ဇူလိုင်လ ၄-ရက်နေ့က မုန်တိုင်းတိုက်ခိုက်ခဲ့ရာ ဒေသခံခုနစ်ဦး သေဆုံးခဲ့ရပြီး တစ်သိန်းခန့် လေဘေးဒုက္ခကြုံတွေ့ခံစားနေရကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မက္ကဆီကိုအရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** ရုရှားအာကာသကုန်တင်ယာဉ် ချိတ်ဆက်ရန်ကြိုးစားဆဲ **

No comments:
Post a Comment