ကွာတားဖိုင်နယ်ပွဲစဉ်၌ ဂျာမနီကို လေးဂိုးပြတ်ရှုံးနိမ့်သည့်အပြင် စိတ်တိုင်းကျ မကစားနိုင်သည့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ပွဲအပြီး ငိုကြွေးခဲ့ကြောင်း တောင်အာဖရိက အားကစားမီဒီယာများက ဖော်ပြသည်။ (အင်တာနက်)
** မယုံနိုင်သည့် ရလဒ်ဟု နည်းပြမာရာဒိုနာဖွင့်ဟ **
ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဂျာမနီကို လေးဂိုးပြတ် ရှုံးနိမ့်ခဲ့ရခြင်းမှာ မယုံနိုင်သည့် ရလဒ်အဖြစ်ခံစားရကြောင်း၊ မဖြစ်သင့်သည့် ရလဒ်လည်းဖြစ်ကြောင်း အာဂျင်တီးနား နည်းပြ မာရာဒိုနာက ဇူလိုင်လ ၄-ရက်နေ့က သတင်းထောက်များအား ပြောကြားသည်။ (အင်တာနက်)
** ဗိုလ်လုပွဲတက်ရောက်မည်ဟု လူဂါနို ပြောကြား **
မိမိတို့ ဥရုဂွေးအသင်းသည် ခက်ခဲစွာရရှိထားသော အခွင့်အရေးတစ်ရပ်ကို အမှားမခံဘဲ နိုင်ပွဲရလဒ်ရရှိအောင် အကြိုဗိုလ်လုပွဲ၌ နယ်သာလန်ကို ထိန်းချုပ်ကစားသွားမည်ဖြစ်ကြောင်း ဥရုဂွေးအသင်းခေါင်းဆောင် လူဂါနိုက ဇူလိုင်လ ၅-ရက်နေ့၌ သတင်းထောက်များအား ပြောကြားသည်။ (အင်တာနက်)
** ဥရုဂွေးအသင်း၌ ယုံကြည်မှုအပြည့်ရှိကြောင်း ဆွာရက်ဇ် ပြောကြား **
ဥရုဂွေးသည် အကြိုဗိုလ်ပွဲ၌ နယ်သာလန်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သော်လည်း အနိုင်ရရှိမည်ဟု ယုံကြည်မှုအပြည့်ရှိကြောင်း ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်က ဇူလိုင်လ ၅-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
** ဒိုင်လူကြီးဆုံးဖြတ်ချက်များ မှားယွင်းကြောင်း ဟိန့်ဇ်ပြောကြား **
ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဂျာမနီကို ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ကွင်းလယ်ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များမှာ မှားယွင်းကြောင်း အာဂျင်တီးနားနောက်ခံလူ ဟိန့်ဇ်က ပြောကြားသည်။ (အင်တာနက်)
** မူလာ တံကောက်ကြော ဒဏ်ရာရရှိခဲ့ **
အာဂျင်တီးနားကို လေးဂိုးပြတ်ဖြင့် နိုင်ခဲ့သည့်ပွဲ၌ ဂျာမနီမှ ဆယ်ကျော်သက်ကစားသမား မူလာသည် တံကောက်ကြော ဒဏ်ရာရရှိခဲ့ကြောင်း ၊သို့သော် ဆိုးရွားမှု မရှိကြောင်း ဂျာမနီအသင်း တာဝန်ရှိသူများက ဇူလိုင်လ ၄-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
** ဒီဂိုဖော်လန် ကြွက်သားနာကျင်မှု ဖြစ်နေ **
ဥရုဂွေးတိုက်စစ်မှူး ဒီဂိုဖော်လန်သည် ခြေသလုံးကြွက်သား နာကျင်မှုဖြစ်နေသဖြင့် ဆေးကုသမှုခံနေရကြောင်း၊ သို့သော် အကြိုဗိုလ်လုပွဲအဖြစ် နယ်သာလန်နှစ်ပွဲ၌ ပါဝင်ကစားမည်ဖြစ်ကြောင်း ဥရုဂွေးအသင်းမှ တာဝန်ရှိသူများက ဇူလိုင်လ ၄-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
** ရော်ဘင် ခြေချင်းဝတ်ဒဏ်ရာ ဆေးကုသနေရ **
နယ်သာလန်တောင်ပံတိုက်စစ်မှူး ရော်ဘင်သည် ခြေချင်းဝတ်ဒဏ်ရာ ပြန်လည်နာကျင်နေသဖြင့် ဆေးကုသမှုခံယူနေရကြောင်း လေ့ကျင့်မှုအချိန် အနည်းငယ်သာ ပြုလုပ်နေကြောင်း သို့သော် အကြိုဗိုလ်လုပွဲ၌ ပါဝင်ကစားမည်ဖြစ်ကြောင်း နယ်သာလန်အသင်းက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန-်အာကာဟိန်း**
** အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီ ငိုကြွေးခဲ့ရ **

No comments:
Post a Comment