ကျနော်ရဲ့ ဇနီးဖြစ်သူက သမီးငယ်လေး အိမ်စာလုပ်နေတဲ့အနားမှာ ကူညီစာထောက်ပေးနေတယ်။ “နေသည်ဘယ်အရပ်က ထွက်ပေါ်လာသနည်း”ဆိုတဲ့ မေးခွန်းကို သမီးငယ်လေး အဖြေရေးဖို့ အခက်တွေ့နေပါတယ်။
ဇနီးသည်က ဒါလေးတောင် မသိရကောင်းလားဆိုကာ သမီးငယ်လေးကို ဆူပူနေတယ်။ ဒါပေမယ့် သမီးငယ်လေးက လေသံခပ်အေးအေးနဲ့။
“ကျမ ဘယ်လိုလုပ်သိပါ့မလဲ.. ကျမမှ အဲဒီလောက်စောစော နေမထွက်ခင် အိပ်ရာက မထဘူုးတာ”လို့ ပြန်ပြောခဲ့တယ်။
** မြဟန်သိန်းမောင် **
(နိုင်ငံတကာ ရယ်စရာဟာသများမှ)
**နိုင်ငံတကာ ရယ်စရာဟာသများ**

No comments:
Post a Comment