ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, July 23, 2010

ရှစ်လေးလုံးစိတ်ဓာတ်(၄)

> ဗိုလ်ချုပ်အောင်ဆန်းကို ဂျပန်စစ်ဗိုလ်တွေက သူတို့အပေါ်သစွုာဖောက်ခဲ့တယ်လို့ မြင်ကြပါ တယ်။ ဒီစကားကို ဂျပန်ခေတ်က မြန်မာပြည်မှာ ဂျပန်စစ်အုပ်ချုပ်ရေး အရာရှိချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ဘူးသူ မစွုတာ တကာမီ ဆိုသူက ၁၉၆၁ ခုနှစ် တိုကျိုမြို့မှာ ပြုလုပ်တဲ့ ဂျပန်မြန်မာအသင်း ဧည့်ခံပွဲမှာ ပြောကြားခဲ့ပါတယ်။ ဟုတ်ပါတယ် ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်ရေးဆာလောင် မွတ်သိတ်နေတဲ့ ပြည်သူလူထုရဲ့သစွုာကိုစောင့်ထိမ်းပြီး ပြည်သူလူထုနဲ့အတူ တသားတည်းရပ်တည် လျှက်ပြည်သူ့အတွက် လွတ်လပ်ရေးအရယူဘို့အတွက် သူခေါ်လာတဲ့ဂျပန်ကို သူကိုယ်တိုင်ပြန်တိုက် ခဲ့ပါတယ်။ ဒါဟာလွတ်လပ်ရေးအတွက်၊ ဒါဟာ ပြည်သူ့အတွက်ဖြစ်ပါတယ်။
ပြည်သူလူထုကို နှိပ်စက်မတရားပြုနေတဲ့ ဘယ်လိုအုပ်ချုပ်မှုမျိုးကိုမှ သစွုာခံဘို့မလိုပါဘူး၊ ပြည်သူလူထုရဲ့သစွုာကိုစောင့်သိခြင်းနဲ့ လူထုအကျိုးကိုရှေ့ရှုစေတနာထားခြင်းသာ လျင်မွန်မြတ်သည့် လုပ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းလို စိတ်ထားမျိုး ဒီကနေ့ တပ်မတော်သား တွေမှာ ထားရှိဘို့လိုအပ်ပါတယ်။ တိုင်းပြည်ကိုချစ်ပါတယ်ဆိုတဲ့ တပ်မတော် သားများ၊ တပ်မတော်အရာရှိများ အနေနဲ့ ကောက်ကျစ်စဉ်းလဲယုတ်မာလှတဲ့ ဗိုလ်သန်းရွှေရဲ့ လက်အောက်မှာ မှားယွင်းတဲ့သစွုာကို စောင့်သိနေမယ့်အစား လူထုရဲ့ဘ၀ ဝဋ်ဆင်းရဲအပေါင်းမှ ကယ်တင်နိုင်ရန် ပြည်သူ့သစွုာကိုသာ စောင့်သိလာမည်ဆိုပါက အတိုင်းထက်အလွန်တန်ဘိုး ကြီးလှမှာ ဖြစ်ပါတယ်။

ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးမှာလည်း ပြည်သူချစ်တဲ့ တပ်မတော်သားများ၊ ပြည်သူ့ အတွက်သစွုာစောင်သိခဲ့ကြတဲ့ တပ်မတော်သားများဟာ ကျောင်းသားပြည်သူတရပ်လုံးနဲ့ပူးပေါင်း တိုက်ပွဲဝင်ခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်တွေကို ဓားဓားချင်းလှန်လှန် ချင်း စိန်ခေါ်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးမှာလည်း ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးက မွေးဖွားပေးလိုက်သော မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ) တွင် ပြည်သူ့တပ်မတော်သားများ ကျရာတာဝန်ကိုကျေပွန် စွာထမ်းဆောင်ခဲ့ကြသည့် သမိုင်းသာဓက များစွာရှိခဲ့ပါတယ်။
ဗိုလ်သန်းရွှေ တို့စစ်အာဏာရှင်အုပ်စုက စစ်ခေါင်းဆောင်များဟာ ပြည်သူလူထုတရပ် လုံးကို အမျိုးမျိုးလိမ်လည်လှည့်ဖျားပြီး ဂုတ်သွေးစုတ်ဖိနှိပ်အုပ်ချုပ်နေယုံတင်မကပါဘူး၊ သူတို့ကိုသစွုာခံတဲ့ တပ်မတော်သားအားလုံးကိုလည်း လုံးဝညှာတာထောက်ထားခြင်းမရှိဘဲ၊ ကန့်သန့်ချုပ်မှုတွေနဲ့ မဝ ရေစာကျွှေးမွေးကာ ခေါင်းဆောင်ကြီးများ၏အာဏာတည်မြဲရေးတခု တည်းအတွက်သာ အသုံးချ နေခြင်းဖြစ်ပါတယ်။ ကိုယ်ချင်းစာနာမှုမရှိ၊ ငါ့ဘို့၊ ငါ့အတွက်၊ ငါ့အာဏာတခုတည်းကိုသာအမြဲကြည့်တဲ့ ဗိုလ်သန်းရွှေဟာ စစ်ခေါင်းဆောင်များအားလုံးထဲမှာ အဆိုးဆုံးအရက်စက် ဆုံးလူဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်သန်းရွှေ မသေသေးသရွေ့ သူ့ရဲ့အာဏာကို ရှယ်ယာခွဲဝေပေးရမဲ့အလုပ် တွေ့ဆုံဆွေး နွေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာဖြစ်လာမှာမဟုတ်ပါဘူး။
တွေ့ဆုံဆွေးနွေးညှိနှိင်းအဖြေရှာရေးဆိုတဲ့နည်းလမ်းဟာ မည်သည့်နိုင်ငံမှာမဆိုဖြစ် ပေါ်လာတဲ့ နိုင်ငံရေးပြသနာတွေကိုဖြေရှင်းဘို့ အကောင်းဆုံးနည်းတခုပါဘဲ။ ပြည်သူလူထုတရပ်လုံးကို ထိခိုက် နစ်နာစေမှုမရှိစေဘဲ၊ ငြိမ်းချမ်းစွာဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ဒါမေမဲ့ အဲဒီ့တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး ဆိုတာက အာဏာရှင်တွေအပေါ်မှာသာ အဓိကကျပါတယ်။ အာဏာရှင်ဆိုတာ သူ့ကိုယ်ကျိုး၊ သူတို့ အာဏာတည်မြဲရေးကိုသာ စိုက်လိုက်မတ်မတ် ရည်ရွယ် အားထုတ်လာသူတွေ ဖြစ်ပါတယ်။
၁၊ လက်ရှိအာဏာရစစ်အုပ်စုမှာ တိုင်းသူပြည်သားတွေကို တကယ်စေတနာထားပြီး တိုင်းပြည်ရဲ့ ကောင်းကျိုးကိုရှေ့ရှု့လိုတဲ့ စိတ်အပြည့်အဝရှိပါမ၊ှ
၂၊ အတိုက်အခံအင်အားစုများက လက်ရှိအာဏာရစစ်အုပ်စုအပေါ် အသာစီးရနေပါမှ၊
၃၊ အာဏာရစစ်အုပ်စုကို အထိနာစေမဲ့ ခြိမ်းခြောက်မှုတွေနဲ့ အပေးအယူလုပ်နိုင်စရာရှိပါမှ၊
တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ နည်းဟာအထမြောက်လာမှာဖြစ်ပါတယ်။
နံပါတ်တစ်ကတော့ လူတိုင်းသိပြီးသားပါဘဲ၊ တိုင်းသူပြည်သားတွေကိုစေတနာထားပြီး တိုင်းပြည်ကောင်းကျိုးကို ထည့်တွက်ဘို့ဝေးရော သူတို့စစ်အာဏာရှင်တွေကို ပုခုံးထမ်းတင်ပေးနေတဲ့ တပ်မတော်သားတွေကိုတောင်မှ ငတ်ငတ်သေသေ လှည့်မကြည့်ပါ။
နံပါတ်နှစ် ကျနော်တိုအတိုက်အခံအင်အားစုများကလည်းအသာစီးရနေခြင်းမရှိသေးပါ၊
ဒီကနေ့အဓိကဆွေးနွေးချင်တာကတော့ နံပါတ်သုံးအချက်ပဲဖြစ်ပါတယ်။ အာဏာရှင် တွေဟာ သူတို့အာဏာကိုသူတို့ဆနွုအလျှောက် အလျှော့ပေးပြီးအတိုက်အခံအင်အားစုများနဲ့ တွေဆုံဆွေးနွေး ပြီးညင်ညင်သာသာနဲ့လူထုရဲ့အကျိုးကိုရှေ့ရှုပြီး အဆုံးသတ်လေ့မရှိကြပါဘူး။
ဖိလစ်ပိုင်ကအာဏာရှင် ဖာဒီနန်ဒ်မားကို့စ်( Ferdinand Emmaunel Edralin Marcos) ကတော့ ၁၉၆၅-၈၆ အထိအာဏာရှင်အဖြစ်နဲ့တိုင်းပြည်အပေါ် ထင်တိုင်းပြုခဲ့ပါတယ်။ သူနဲ့သူ့မိန်းမ အီမယ်ဒါမားကို့စ် (Imelda Marcos) ကတော့ ဒေါ်လာသန်းထောင်ပေါင်းများစွာသော တိုင်းပြည်ရဲ့ ပိုက်ဆံတွေကိုခိုးယူပြီုး ဆွစ်ဇာလန်နဲ့ အမေရိကန်နိုင်တွေ တွေမှာဝှက်ထား ခဲ့ပါတယ်။ အာဏရှင် မားကို့စ် ကျန်းမာရေးမကောင်းလို့ သေခါနီးအချိန်မှာတောင်မှ တိုင်းပြည်အတွက် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ဘို့ရည်ရွယ်ချက်တွေနဲ့ အမေရိကန်နိုင်ငံက ပြန်လာတဲ့ ဆီနိတ်တာဟောင်း အတိုက်အခံ ခေါင်းဆောင် နီနွိုင်အကွီနို(Benigno Simeon Ninoy Aquino)ကို သူ့ကိုကြိုဆိုနေကြတဲ့လူထု ရှေ့မှောက် မနီလာလေဆိပ်မှာ လုပ်ကြံသတ်ဖြတ် လိုက်ပါတယ်။ အဲဒီိကစပြီးလူထုလှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။ နောက်ဆုံး လူထုစွမ်းရည်လုပ်ရှားမှုတော်လှန်ရေး (People Power Revolution) ၊ သို့မဟုတ် အဝါရောင် ဖဲကြိုးးများကိုအမှတ်အသားပြုပြီး (Yellow Revolution) လို့လဲ လူသိများခဲ့တဲ့ လူထုတိုက်ပွဲနဲ့ ၁၉၈၆ ဖေဖော်ဝါရီလ(၂၂-၂၅)ရက်နေတွေ့မှာတော့ အာဏာရှင်မားကို့စ် ကိုအလဲဖြိုပြီး ပြည်သူ့အောင်ပွဲအနိုင်နွှဲခဲ့ကြပါတယ်။ ဒီလူထုတိုက်ပွဲရဲ့ ထူးခြာချက်ကတော့ ဗိုလ်ချုပ်ကြီးဖီဒယ်ရာမို့စ် (Fidel V. Ramos) လူထုနဲ့ပူပေါင်းလာတဲ့အတွက်ကြောင့်လဲ လူထုတိုက်ပွဲ အရှိန်အဟုန် အမြင့်ဆုံးမြှင့်တင် အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။
၁၉၇၃ စက်တင်ဘာ(၁၁)ရက်နေ့မှာ ချီလီနိုင်ငံရဲ့အာဏာရှင် ဗိုလ်ချုပ်ကြီး ပီနိုချေးတ် (Gen. Augusto Pinochert) ဟာ သမတအယ်လန်ဒေး(Salvator Allende) အစိုးရထံမှ စစ်အာဏာ သိမ်းယူခဲ့ပြီး ၁၉၉၀ခုနှစ်အထိ အာဏာရှင်အဖြစ်အုပ်ချုပ်ခဲ့ပါတယ်။ သမတ အယ်လန်ဒေးလဲ အသတ်ခံ လိုက်ရပါတယ်။ ပီနိုချေးတ် အာဏာရရချင်း တလအတွင်းမှာတင် လူပေါင်း (၂၁၁၅)ဦး သတ်ပစ်ခဲ့ပြီး၊ အသက်(၁၂)နှစအောက်ကလေး(၈၈)ယောက်အပါအဝင်လူပေါင်း (၃) သောင်းလောက်ဟာ ရက်စက် စွာညှင်းပန်းနှိပ်စက်ခခဲံ့ရပါတယ်။ ၁၉၇၇ ခုနှစ်ကစပြီး အာဏာရှင်ဆန့်ကျင်ရေး အမျိုးသမီးလှုပ်ရှားမှု များပေါ်ပေါက်လာပါတယ်။ ၁၉၈၀မှာ အာဏာရှင်သက်ဆိုးရှည်မဲ့ ဖွဲ့စည်းပုံဥပဒေကိုအတည်ပြုခဲ့ ပါတယ်။ အဲဒီနောက် သမတပီနိုချေးတ်အဖြစ် ဆက်လက်အာဏာရယူခဲ့ပါတယ်။ ပြည်သူအများစု၏ မဲဖြင့် ၁၉၉၀ မတ်လ(၁၁)ရက်နေ့ မှာ သမတအဖြစ်မှဖယ်ရှားခံရပါတယ်။ ၁၉၉၈ ခုနှစ်မှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုး၊ အလွဲသုံးစာမှု၊ အခွန်တော်ရှောင်လွှဲမှု စသဖြင့်ရာဇဝတ်မှုပေါင်း (၃၀၀)ကျော်ဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)မှ အင်္ဂလန်တွင်ဖမ်းဆီး အရေးယူခဲ့ပါတယ်။ ပီနိုချေးတ် ဟာ ၂၀၀၆ ဒီဇင်ဘာလ(၁၀)ရက်နေ့ သေဆုံးချိန်အထိ ထိုအမှုများကိုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
ဒီနေရာမှာတခုသတိထားမိတာက ဗိုလ်ချုပ်ကြီးပီနိုချေးတ် စစ်အာဏာသိမ်းတဲ့အချိန်မှာ အာဏာရ ချီလီဆိုရှယ်လစ်ပါတီ လက်ဝဲဝါဒီများကို အာဏာသိမ်းတာဖြစ်လို့ အမေရိကန် အစိုးရက အများကြီးကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ ပီနိုချေးတ် အာဏာရှင်ဖြစ်လာပြီး လူ့အခွင့် အရေးချိုးဖောက်မှု တွေရှိလာတော့ အမေရိကန်အစိုးရအမြင်မှန်ရကာ ထောက်ခံမှုမပေး တော့ပါဘူး။ ထို့အတူဘဲ အိနွိုယနဲ့ တရုပ်နိုင်ငံအနေနဲ့လဲ ရာဇဝတ်မှုတွေကို နေ့တဓူဝ ကျူးလွန်နေပြီး လူ့အခွင်အရေးတွေကို ထမင်းစား ရေသောက်သလို ချိုးဖောက်နေတဲ့ ဗိုလ်သန်းရွှေတို့ စစ်အာဏာရှင်အုပ်စုကို ထောက်ခံကူညီမှု တွေရပ်ဆိုင်းဘို့ အမြင်မှန်ရသင့်ပါတယ်။
ဆူဒန်က ဒုဗိုလ်ချုက်ကြီးအိုမာအယ်ဘရှာ(Lt. General Omar Al-Bashir) ကတော့ ဗိုလ်သန်းရွှေတို့ရဲ့ဆရာပါ။ ၁၉၈၆ ဇွန်လ(၃၀)ရက်နေ့စစ်အာဏာသိမ်းတဲ့အချိန် ဗိုလ်မှုကြီး အိုမာအယ်ဘရှာ အဆင့်သာရှိသော်လဲ အဲဒီ့အာဏာသိမ်မှုကိုဦးဆောင်ခဲ့တာကြောင့် အမျိုးသား ကယ်တင်မှုတော်လှန်ရေးကောင်စီ(Revolutionary Command Council for National Salvation) ကိုစတင်ဖွဲ့စည်းတဲ့အခါ ဥကဋ္ဌနေရာကိုရယူခဲ့ပါတယ်။ ဝန်ကြီးချုပ်၊စစ်ဦး စီးချုပ်၊ကာကွယ်ရေးဝန်ကြီး စတဲ့ရာထူးတွေယူပြီး အာဏာရှင် အိုမာအယ်ဘရှာဟာ ၁၉၉၃ အောက်တိုဘာ(၁၆)ရက်နေ့မှာတော့ သူ့ကိုယ်သူ သမတအဖြစ်ကျေညာခဲ့ပါတယ်။ သူ့လက် ထက် ဒါဖောအရေးအခင်း(The Darfur Conflict) မှာပြည်သူ(၄)သိန်းကျော်သေဆုံးခဲ့ပါတယ်။
၂၀၀၈ ဇူလိုင်လတွင် နိုင်ငံတကာရာဇဝတ်ခုံရုံးတော်(International Criminal Court)မှာ ဥပဒေ အကျိုးဆောင်လွစ်မော်နိုအိုကမ်ပို(Luis Morno Ocampo) ကမကထပြုပြီး အာဏာရှင် အိုမာအယ်ဘရှာအား လူမျိုးတုန်းသတ်ဖြတ်မှု၊စစ်ရာဇဝတ်မှု နှင့် လူ့အခွင့်အရေးဖောက်ဖျက် သည့်ရာဇဝတ်မှုများ ဖြင့်တရားစွဲဆိုခဲ့ပြီး ၂၀၀၉ မတ်လ(၄)ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ပြန် ခဲ့သည်။ လူမျိုးတုံးသတ်ဖြတ်မှု အထောက်အထားများပိုမို ခိုင်မာလုံလောက်စွာရရှိလာသဖြင့် ၂၀၁၀ ဇူလိုင်လ (၁၂)ရက်နေ့တွင် ဖမ်းဝရမ်းထပ်မံထုတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်(Women's League of Burma)နဲ့ Nobel Women's Initiative အဖွဲ့တို့မှ စီစဉ်ဆောင်ရွက်သော မြန်မာနိုင်ငံအမျိုးသမီးများအပေါ် စစ်အုပ်စုမှရာဇဝတ်မှု ကျူးလွန်မှုများကို ဖော်ထုတ်ကြားနာသည့် ပြည်သူ့ခုံရုံးကြားနာပွဲမှ ဗိုလ်သန်းရွှေတို့စစ်အုပ်စုသည် လူ့အခွင့်အရေးနှင့် လူသားတို့အပေါ်မတရားကျူးလွန်နေသည့်ရာဇဝတ်မှုများ နေ့စဉ်ချိုးဖောက် ကျူးလွန်နေကြောင်းဖော်ထုတ်ခဲ့ပါတယ်။ ထိုပြည်သူ့ခုံရုံးကြားနာပွဲကို နယူးယောက်မြို့ နယူးယောက် စီးတီးယူနီဗာတီ မှာ ၂၀၁၀ မတ်လ(၂)ရက်နေ့တွင်ကျင်းပခဲ့ပါတယ်။ အီရန်နိုင်ငံက(၂၀၀၃) နိုဘယ်လ် ဆုရှင်ဒေါက်တာရှီရင်အီဘဒီ(Dr. Shirin Ebadi) ၊အမေရိကန်က(၁၉၉၇)နိုဘယ်လ်ဆုရှင် ဂျိုဒီဝီလျံ (Jody Williams)၊ ထိုင်းနိုင်ငံ ချူလာလောင်ကွန်းယူနီဗာစီတီမှ ဥပဒေပါမောကွု ပရော်ဖက်ဆာ ဝီတစ်မန်တဘွန်း(Prof. Vitit Muntarbhorn)်၊ တောင်ကိုရီးယားနိုင်ငံမှ စီဒေါဥပဒေရေးရာ ကျွမ်းကျင်သူ ယူအန်အမှုထမ်းဟောင်း ဒေါက်တာဟိုင်စိုးရှင် (Dr. Heisoo Shin) တို့ကခုံရုံးသမာဓိ တရားသူကြီးများအဖြစ်ဆောင်ရွက်ခဲ့ကြပါတယ်။ စစ်အုပ်စုရဲ့ လူ့အခွင်အရေးချိုးဖောက်မှုတွေနဲ့ ရာဇဝတ်မှုကျူးလွန်မှုတွေကို ကိုယ်တိုင်ခံလာခဲ့ရတဲ့ မြန်မာတိုင်းရင်းသားအမျိုးသမီး(၁၂)ဦးမှ သက်သေထွက်ဆိုခဲ့ကြပါတယ်။
စစ်အုပ်စုဟာ မြန်မာနိုင်ငံအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ ရာဇဝတ်မှုများကိုဆက် တိုက်ကျူးလွန်နေရုံသာမကပဲ နိုင်ငံတကာရာဇဝတ်မှုဥပဒေများကိုပါ ချိုးဖောက် လျက်ရှိကြောင်း ပြည်သူ့ခုံရုံးတော် ခုံသမာဓိတရားသူကြီးများကတညီတညွတ်ထဲဆုံးဖြတ်ခဲ့ကြပါတယ်။
အဲဒီနောက် နိုဘယ်ဆုရှင်များနှင့်အတူမြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်မှဗဟိုသဘာပတိအဖွဲ့ဝင် ဒေါ်သင်းသင်းအောင်တို့မှ ထိုကြားနာချက်များနဲ့ ပြည်သူ့ခုံရုံးတော်စီရင်ချက်များကို ကုလသမဂ အထွေထွေအတွင်းရေးမှူးဘန်ကီမွန်းထံသို့ ကိုယ်တိုင်တိုယ်ကျတွေ့ဆုံရှင်းပြဆွေးနွေးပြီး တရားဝင် တင်သွင်းခဲ့ကြပါတယ်။ နိုင်ငံတကာရာဇဝတ်ခုံရုံးတော် တွင်မြန်မာနိုင်ငံအနေနဲ့အဖွဲ့ဝင်အဖြစ်လက်မှတ် ထိုးပါဝင်ခဲ့ခြင်းမရှိပါဘူး။ ဒါ့ကြောင့် မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံးတော်က တိုက်ရိုက် ကိုင်တွယ် ခွင့်မရှိသေးသော်လည်း စစ်အုပ်စု၏ရာဇဝတ်မှုကျူးလွန်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက် မှုများကို ကုလသမဂအနေနဲ့လုံခြုံရေးကောင်စီဆုံးဖြတ်ချက် (တရုပ်နဲ့ရုရှားတို့ရဲ့ ဗီတိုပါဝါ ပယ်ဖျက်မှုကို စိုးရိန်စရာ) မလိုဘဲ ဝင်ရောက်စုံစမ်းစစ်ဆေးခွင့်ရှိပါတယ်။ ဒါကြောင့် ကုလသမဂအနေနဲ့ ရာဇဝတ်မှု အမှန်များပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ကို အမြန်ဆုံးဖွဲ့စည်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ထိုမှတဆင့် ပစ်မှုကျူးလွန်မှုများကို နိုင်ငံတကာရာဇဝတ်ခုံရုံးတော်(ICC)မှ ဥပဒေ အကျိုးတော်ဆောင်တဦးဦး(Prosecutor)မှ မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှုကျူးလွန်သူ စစ်ခေါင်း ဆောင်တဦးဦး ဒါမှမဟုတ် ၄င်းရာဇဝတ်များနဲ့သတ်သက်ဆက်နွယ်လျက်ရှိသူများ၊ သွယ်ဝိုက်တာဝန်ရှိ သူများကို တိုက်ရိုက်စုံစမ်းစစ်ဆေးမေးမြန်းမှုတွေကိုပြုလုပ်ပိုင်ခွင့်ရှိပါတယ်(ICC; Article25 <2002>)။ အဲဒီ့ရာဇဝတ်ကောင်များကိုလဲ လက်ရှိစစ်အစိုးရမှ တရားသေလွတ်ငြိမ်းခွင့်ပေးပိုင်ခွင့်မရှိပါဘူး(ICC; Article27 <2002>)။ ဒါကြောင့် စစ်အုပ်စုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ လူသားတို့အပေါ်ရာဇဝတ်မှုများကျူးလွန်မှု များကိုဖော်ထုတ်တရားစွဲဆိုရေး ဆောင်ရွက်ချက်များမှာ အလွန်တရာထိရောက်သော ထိုးနှက်ချက် ဖြစ်ပါတယ်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဒီမိုကရေစီခေါင်ဆောင်များကို လုပ်ကြံသတ် ဖြတ်မှု ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီးကိုလည်း ဆက်လက်အရေးယူဆောင်ရွက်မှုများကို ရပ်တန့်မနေဘဲ ဆက်လက်ဖော်ထုတ်အရေးယူသွားဘို့လို အပ်ပါတယ်။ သို့ပါမှ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို နိုင်ငံတကာတရားဥပဒေနဲအညီ့ နိုင်ငံတကာတရားဥပဒေဘယ်တော်သားများမှ ကာကွယ် စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ အမျိုးသမီးများအပေါ်မှာသာ ရာဇဝတ်မှုတွေနဲ့လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာမဟုတ်ပါဘူး၊ အမျိုးသားများ ခလေးသူငယ်များ သက်ကြီးရွယ်အိုများပါမကျန် လူမျိုး ဘာသာမရွေး စစ်အုပ်ချုပ်ရေးလက်အောက်က မြန်မာပြည်သူလူထုရပ်လုံး ပြားပြားမှောက် နေစဉ်နဲ့ အမျှလူ့အခွင်အရေးချိုးဖောက်ခံနေကြရပါတယ်။ ဒါကို အခြားသောပြည်ပအဖွဲ့အစည်းများအနေနဲ့လဲ ကျိုးစားဖော်ထုတ်ကာ စစ်အုပ်စုကိုဥပဒေကြောင်းအရအပစ်ပေးအရေးယူဆောင်ရွက်မှုများကို ဆောင် ရွက်သွားဘို့လိုအပ်ပါတယ်။ NLD အနေနဲ့ နအဖ စစ်အုပ်စုကို ပထမအကြိမ်တရားစွဲဆိုမှုကို ရန်ကုန်တိုင်းတရားရုံးက ပယ်ချခဲ့ပါတယ်။ သို့ပေမဲ့ NLD အနေနဲ့ စစ်အုပ်စုကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှု (Legal Process)များကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဇွန်လ(၂၁)ရက်နေ့ က NLD က နအဖစစ်အုပ်စုအား အက်ဥပဒေပုဒ်မ ၄၅ နဲ့ ၅၄ အရဆက်လက်တရားစွဲသွားမှာဖြစ် ကြောင်း အကြောင်းကြားစာကိုပေးပို့လိုက်ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းကပြောပါတယ်။ ဒီ့အပြင် ၁၉၉၀ရွေးကောက်ပွဲမှာအနိုင်ရခဲ့ကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၂၆)ဦးကလည်း ဥပဒေပုဒ်မ ၄၂ အရ စစ်အုပ်စုကိုတရားစွဲဆိုထားခဲ့ ပါတယ်။
ကိုယ်တိုင်ရေးဆွဲထားတဲ့ဥပဒေကို၎င်း၊ နိုင်ငံတကာဥပဒေတွေကိုသော်၎င်း နအဖ စစ်အုပ်စုက ပြောင်ပြောင်တင်းတင်းချိုးဖောက်နေပါတယ်။ ဒါ့ကြောင့် ဥပဒေကြောင်းအရထိပ်တိုက်ရင်ဆိုင် တိုက်ပွဲ များဟာ ဒီကနေ့နိုင်ငံရေးလှည့်အပြောင်းတခုကို ဗြောင်လိမ်ဗြောင်စား တရားဝင်အစိုးရတရပ်အဖြစ် နိုင်ငံတကာမှအသိအမှတ်ပြုရေးကို ကျိုးစားနေတဲ့ ဗိုလ်သန်းရွှေ တို့စစ်အုပ်စုကို တရားစွဲဆိုရေး လုပ်ငန်းစဉ်များဟာ အခြေအနေအချိန်အခါနဲ့ကိုက်ညီတဲ့ ထိုးစစ်ဗျူဟာတရပ်ဖြစ်ပါတယ်။ NLD အနေနဲ့ ရှေ့ဆက်ပြီး ILO ပူးပေါင်းကာ အလုပ်သမားများအခွင့်အရေးရာများနဲ့ ကလေးစစ်သားများ စုဆောင်းမှု၊ အတင်းအကြပ်ကိုင်လုပ်အားပေခိုင်းစေမှုများကိုပါ ဖော်ထုတ်တရားစွဲ သွားမှာဖြစ်ကြောင်းဦးတင်ဦးက ထုတ်ဖော်ပြောကြားရင်း ထပ်မံစိန်ခေါ်လိုက်ပါတယ်။ စစ်အာဏာရှင် နိဂုံးချုပ်ရေးနဲ့ဒီမိုကရေစီရေး လိုလားသူအဖွဲ့အစည်အားလုံးနဲ့ ပြည်တရပ်လုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက အလွန် တရာထိရောက်ပြီး အောင်မြင်မှုရရှိမှာဖြစ်ပါတယ်။ ထိုသို့ တရားစွဲဆိုရေး ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများဖြင့်စစ်အုပ်စုကို အကြပ်ရိုက်စေပြီ့း အပေးအယူများရှိလာကာ တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းဆီ အမြန်တွန်းပို့နိုင်မှာဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးကို နိုင်ငံတကာကြားကောင်းအောင် စတိတ်မန့်ထုတ်နေရုံနဲ့တော့ ဘာမှအကျိုးထူးလာမှာမဟူတ်ပါဘူး။
ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးတွင် ဗိုလ်နေဝင်းနဲ့စစ်အာဏာရှင်တို့ကို ထိပ်တိုက်ရင် ဆိုင်အောင်ပွဲခံခဲ့ဘူးသော လူထုတိုက်ပွဲနှင့် ရှစ်လေးလုံးစိတ်ဓာတ် သို့တည်းမဟုတ် ခွပ်ဒေါင်းစိတ်ဓာတ် ကိုပြန်လည် နှလုံးသွင်းကာ ပေါင်းစည်းညီညာသော လူထုတိုက်ပွဲကို ဆင်နွှဲအောင်ပွဲခံကြပါစို့။

ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ။

**မောင်မောင်စိုး**
၁-၂၆၀-၄၂၆ ၄၁၂၁

ဗိုလ်ချုပ်အောင်ဆန်းကို ဂျပန်စစ်ဗိုလ်တွေက သူတို့အပေါ်သစွုာဖောက်ခဲ့တယ်လို့ မြင်ကြပါ တယ်။ ဒီစကားကို ဂျပန်ခေတ်က မြန်မာပြည်မှာ ဂျပန်စစ်အုပ်ချုပ်ရေး အရာရှိချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ဘူးသူ မစွုတာ တကာမီ ဆိုသူက ၁၉၆၁ ခုနှစ် တိုကျိုမြို့မှာ ပြုလုပ်တဲ့ ဂျပန်မြန်မာအသင်း ဧည့်ခံပွဲမှာ ပြောကြားခဲ့ပါတယ်။ ဟုတ်ပါတယ် ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်ရေးဆာလောင် မွတ်သိတ်နေတဲ့ ပြည်သူလူထုရဲ့သစွုာကိုစောင့်ထိမ်းပြီး ပြည်သူလူထုနဲ့အတူ တသားတည်းရပ်တည် လျှက်ပြည်သူ့အတွက် လွတ်လပ်ရေးအရယူဘို့အတွက် သူခေါ်လာတဲ့ဂျပန်ကို သူကိုယ်တိုင်ပြန်တိုက် ခဲ့ပါတယ်။ ဒါဟာလွတ်လပ်ရေးအတွက်၊ ဒါဟာ ပြည်သူ့အတွက်ဖြစ်ပါတယ်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)