*(ဇူလိုင် ၃၊၂၀၁၀)*
ဘန်ကောက်မြို့၊အထပ်သုံးဆယ်ကျော်ကွန်ဒိုမီနီယံတိုက်ကြီးတစ်ခုတွင်လူမဆန်စွာနှိပ်စက်ခံနေရသည့်အိမ်
ဖေါ်အလုပ်လုပ်ကိုင်နေသည့်မြန်မာအလုပ်သမားဇနီးမောင်နှံပြန်လည်လွတ်မြောက်လာပြီးဖြစ်သည်။
ဘန်ကောက်မြို့Charan Sanit Won လမ်းရ၀၊လိုတကုန်တိုက်နောက်ကြောဘက်ရှိ၊အထပ်၃၀ကျော်ရှိ
သည့်Bangkok River Marina အမည်ရှိကွန်တိုတိုက်အတွင်း၂၈ထပ်ညာဘက်အခန်းတွင်နေထိုင်သည့်
အောက်ပိုင်းသေနေသည့်စုန်ချို့(ခ)(ဖိကျက်)ဆိုသည့်သူဌေး၏အခန်းတွင်ကိုမင်းဇေါ်နှင့်မနီနီဝင်းချိုတို့ဇနီးမောင်နှံနှစ်ဦး၊ပြီးခဲ့သည့်ဇွန်လ၁၄ရက်နေ့မှစတင်၍လစ်လလျှင်ရ၅၀၀ဘတ်
နုန်းဖြင့်အိမ်ဖေါ်အလုပ်လုပ်ခဲ့ကြသည်။
ယမန်နေ့ကမှပြန်လည်လွတ်မြောက်လာသည့် မနီနီဝင်းချိုက“သူဌေးကအလွန်နှိပ်စက်ပါတယ်။တော်တော်
ရက်စက်ပါတယ်။ ဇွန် ၃၀ ရက်နေ့ က ရဲစခန်းကစခန်းမှူးကဖုန်းနဲ့ပြောတဲ့အခါ သူဌေးကဘာပြောလဲဆို
တော့ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀ လောက်က ထိုင်းနိုင်ငံက ရွေတွေ၊ရတနာတွေကို ဗမာတွေယူသွားတာကို မေ့
သွားလို့မရဘူး၊ငါတို့သူတို့ကိုနှိပ်ကွပ်လို့ရတုန်း၊ရက်စက်လို့၇တုန်း ဂလဲ့စားချေရမယ်လို့ပြောတာ၊ကျမနားနဲ့
ဆပ်ဆပ်ကြားရပါတယ်။ကျမကိုအမျိုးမျိုးနှိပ်စက်ခဲ့ပါတယ်ရှင်၊စခန်းမှူးဖုန်းဆက်တယ်၊ကူညီကြတဲ့ဦးတို့ဖုန်း
ဆက်တယ်။သူမသိချင်သလိုနေတယ်၊ခိုင်းစရာရှိတာတွေကိုတစ်ခုပြီးတစ်ခုဆက်တိုက်ခိုင်းနေတယ်။ကျမဖြင့်
ပြန်လွတ်ပါ့မလားတော်တော်စိုး၇ိမ်ခဲ့ပါတယ်။ပြီးတော့ထိုင်းအစိုးရတွေအသံုးမကျဘူးတဲ့၊ဗမာတွေကိုပတ်စပို့
လုပ်ပေးတယ်တဲ့၊သမီးတို့ပတ်စပို့ရှိလို့အခုလိုအားမတန်လို့မာန်လျော့ရတာ၊အံတော့တကြိတ်ကြိတ်ပဲ”ဟု ပြောပြသည်။
အဆိုပါအိမ်တွင်အလုပ်လုပ်ရင်း၆ရက်အကြာဇွန်၂၀ရက်နေ့တနင်္ဂနွေနေ့တွင်အိမ်ရှင်၊မင်းဇေါ်ဦးနှင့်ကချင်
အိမ်အလုပ်သမ၊မမိုးနှင့်အမည်မသိဘုန်းကြီးကျောင်းတစ်ကျောင်းသို့သွားခဲ့ကြသည်။အဆိုပါဘုန်းကြီးကျောင်း
တွင်စုန်ချို့၏တပည့်ဘီးယားကမင်းဇေါ်အား၎ချက်ခေါင်းကိုရိုက်သကဲ့သို့စုန်ချို့ကပါတစ်ချက်ရိုက်နှက်ခဲ့ပါသည်။
ထို့နောက်သူဌေးကမင်ဇေါ်တွင်ဖုန်းနှင့်ငွေပါ/မပါရှာဖွေကြည့်ခိုင်းခဲ့ပါသည်။ထို့နောက်တလာနတ်ခေါ်ACဈေး
သို့လာခဲ့ကြပါသည်။ဈေးအတွင်းခပ်ခွာခွာလိုက်ပါရန်ပြောသဖြင့်နောက်မှလိုက်လာခဲ့ပါသည်။ထို့နောက် မင်းဇေါ်ကိုထားရစ်ခဲ့ပြီး သူဌေးတို့ကား မောင်းထွက်သွားခဲ့ပါသည်။
“ကျနော့်ကိုဈေးအနားမှာပစ်ထားပြီးကားမောင်းထွက်သွားကြတယ်။နေ့လည်၁နာရီလောက်ရှိပါပြီ။ကျနော့်
မှာငွေတစ်ဘတ်မှမပါဘူး၊ပတ်စပို့လည်းမိန်းမဆီမှာကျန်နေခဲ့တယ်၊ဖုန်းလည်းမပါဘူး၊ထိုင်းစကားလည်းကျနော်
မတတ်ဘူး၊ခြေဦးတည့်ရာပုလိပ်တွေကိုရှောင်ကွင်းရင်းလမ်းလျှောက်လာခဲ့ပါတယ်၊ရေလည်းမသောက်ရ၊ထမင်း
လည်းမစားရဘူး၊ကျနော်မျက်ရည်ကျမိပါတယ်။တံတားကြီးတစ်ခုအောက်ကိုရောက်တော့မှောင်နေပါပြီ၊
်ကျနော်ညအိပ်လိုက်ပါတယ်။မနက်မိုးလင်းတော့လမ်းညွှန်ဆိုင်းဘုတ်တွေကိုကြည်ပြီး ၁နာရီလောက်လမ်းလျှောက်ပါတယ်။ဒီတော့မှ အုန်းနွဲ့နယ်မြေဆိုတာသိပါတယ်။
တက္ကစီတစ်စီးကိုငှါးပြီးအသိတစ်ယောက်အိမ်ကိုလာခဲ့ပါတယ်။ ခရီးပမ်းပြီးကျနော် ၄ရက်တိုင်တိုင်ဖျားပါ
တယ်။၂၇ ရက်နေ့ ညနေမှ ကျနော့်မိန်းမရဲ့အဒေါ်တို့နေတဲ့ဆူကူဗစ်ကိုရောက်လာခဲ့တာပါ”ဟုပြောသည်။
သူဌေးစုန်ချို့အတွက်လိုအပ်သည့်အိမ်အလုပ်သမားများအားဒိုင်ခံရှာဖွေပို့ပေးသူမှာ ဘန်ကောက်မြို့ဆူကူ
ဗစ် …………………..တွင်နေထိုင်သည့်ထိုင်းအမျိုးသမီးပွဲစားမဖြစ်သည်။ဇွန်လ၂၉ ရက်နေ့ ကမနီနီဝင်းချို၏အစ်မ မခင်ချိုဦးနှင့်သူဌေးတို့မနီနီဝင်းချိုနေထိုင်အလုပ်လုပ်ကိုင်နေသည့်အဆိုပါကွန်ဒိုမီနီယံအဆောက်အဦသို့သွား
ေ၇ာက်၍အနုးညွတ်မေတ္တာရပ်ခံပြီးနီနီဝင်းချိုကိုပြန်လည်ထည့်ပေးရန်တောင်းဆိုခဲ့သော်လည်းထည့်မပေးပါ။
သူမအားပြန်လည်ရယူလိုပါကထိုင်းအမျိုးသမီး…….ပွဲစားမကိုပေးချေထားသည့်ဘတ်ငွေသုံးသောင်းကိုပြန်ပေး
ရမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။သူဌေးစေခိုင်းချက်အရ၊တပည့်ဘီးယားကခင်ပွန်းဖြစ်သူမင်းဇေါ်၏ယာယီ
ပတ်စပို့ကိုပင်လျှင်အိမ်ရှင်ကသိမ်းထားလိုက်သေးသည်။
မနီနီဝင်းချိုသည် အိမ်ရှင်အိပ်နေချိန်မှလွဲ၍ကျန်အချိန်များတွင်သွားလာလှုပ်ရှားလုပ်ကိုင်ရမှုဟူသမျှတို့ကို လက်မထောက်ရပဲ။ဒူခေါင်းထောက်၍သွားသာသွားလာရသဖြင့် ဒူးခေါင်းများ ပေါက်ပြဲနာကျင်နေရကြောင်း ၊အောက်ပိုင်းသေနေသည့်အဆိုပါ အိမ်ရှင်က စိတ်အလိုမကျလျှင် သွားတိုက်နေသည့်အာပုပ်ရည်ဖြင့်ထွေး
ထုတ်ခြင်း၊ရေလောင်းချခြင်းများပြုလုပ်လေ့ရှိပါသည်။မနီနီဝင်းချိုက ခင်ပွန်းသည် မင်းဇေါ်နှင့်စကားပြောနေ သည်ကို မြင်သဖြင့် တစ်ညလုံးမအိမ်ရပဲနှိပ်နယ်ခိုင်းရုံသာမက နံနက်မိုးလင်းသည့်အခါ၊အိမ်သာတက်ခွင့်
မပြုခြင်း၊နံနက်စာနှင့်နေ့လည်စာတို့ကိုလုံးဝစားခွင့်မပြုခြင်းများဖြင့်နှိပ်စက်ခံနေရကြောင်းပြေပြပါသည်။
မမိုးနှင့်အိမ်အလုပ်လုပ်ကိုင်ခဲ့ဖူးသူအချို့က အိမ်ရှင်သူဌေးကအောက်ပိုင်းသေနေသဖြင့်လိင်ဆက်ဆံခြင်းမ
ပြုနိုင်တော့သော်လည်း၊သူ၏တပည့်များအား မြန်မာအိမ်ဖေါ်အလုပ်သမများအား အတင်းအကျပ်လိင်ဆက်
ဆံခိုင်းခဲ့ကြောင်းပြောသူအချို့ရှိသည်။
မနီနီဝင်းချို၏အစ်မအရင်းဖြစ်သူမခင်ချိုဦးဆိုသူကဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ
သားများအသင်းသို့ ဇွန်လ ၂၆ ရက်နေ့တွင်လာရောက် အကြောင်းကြားခဲ့ပါသည်။
BATအသင်းကဘန်ကောက်အခြေစိုက်ရွေ့ပြောင်းအလုပ်သမားဆိုင်ရာကိစ္စရပ်နှင့်ပတ်သက်သည့်အဖွဲ့အ
စည်းပေါင်းစုံတို့သို့ဖြစ်စဉ်အကျဉ်းနှင့်၎င်းတို့ဓါတ်ပုံများပေးပို့၍အကူညီတောင်းခံခဲ့ပါသည်။သို့ရာတွင်ဇွန်၂၉၊
ရက်နေ့၃ရက်ကြာလာသည့်တိုင်အောင်မည်သည့်အဖွဲ့အစည်းကမျှကူညီပေးခြင်းမရှိခဲ့ပါ။
ဇွန်လ ၃၀ ရက်နေ့တွင်ဖန်ငအခြေစိုက် FEDမှဒါ၇ိုက်တာဦးထူးချစ်နှင့် ချင်းမိုင်အခြေစိုက် MAP ဖေါင်ဒေးရှင်း
ဒါ၇ိုက်တာ ဂျက်ကီ တို့ က နိုင်ငံတကာအဖွဲ့ အစည်းအချို့တို့အားဆက်သွယ်ဆောင်ရွက်ပေးခဲ့သည်။
ယခုကိစ္စရပ်အားကိုင်တွယ်ဖြေရှင်းသည့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအ
သင်းမှအမျိုးသမီးရေးရာဌာနမှူးဒေါ်သက်သက်ဦးက“ကျမတို့အဖွဲ့ခေါင်းဆောင်နဲ့ထိုင်းဘာသာပြန်
ကိုနေလင်းအောင်တို့Bang Phlat Policestationရဲစခန်းကိုသွားရောက်ခဲ့ပါတယ်။ရဲစခန်းကိုရောက်တာနဲ့
ကျမတို့ကဦးထူးချစ်တို့ညွှန်ကြားထားသလိုပဲအဖွဲ့အစည်းအကြီး၂ဖွဲ့ကိုစခန်းမှူးရှေ့ကပဲဖုန်းခေါ်လိုက်ပါတယ်။
သိပ်မကြာပါဘူး၊စခန်းမှူးဖုန်းတွေရောစားပွဲတင်ဖုန်းတွေရော တစ်လုံးပြီးတစ်လံုးဖုန်းဝင်လာတယ်။ ၇ဲအရာရှိအမျိုးသမီးတစ်ဦးချက်ချင်းပဲကျမတို့တိုင်ကြားချက်ကို ရေးမှတ်ပြီးပရိန့်ထုတ်တာ အဲဒီအောက်ပိုင်း သေနေတဲ့အိမ်ရှင်သူဌေးဓါတ်ပုံနဲ့၊ကိုယ်ရေးအချက်အလက်စာရွက်လာပေးတယ်။သူဌေးကတစ်ပွင့်အဆင့်ရှိခဲ့
တဲ့စစ်တပ်ကအရာရှိဟောင်းဖြစ်နေတယ်။TVချန်နယ်အမှတ်၅မှာလက်တွန်းလှည်းနဲ့အစီအစဉ်တစ်ခုကို၇ိုက
်ကူးပြသနေသူတစ်ဦးလည်းဖြစ်တယ်။စခန်းမှူးကကြားကညှိပေးတဲ့အဆင့်လုပ်ပေးပါတယ်၊တ၇ားမ၀င်လူကုန်
ကူးနေသူကိုတော့ဘာမှအရေးယူတာမတွေ့ခဲ့ရဘူး”ဟုပြောသည်။
အိမ်ရှင်သူဌေး၊လူပွဲစားမ…..တို့နှင့် ရဲစခန်းမှူးတို့ အချိန်အတော်ကြာဖုန်းဖြင့်ညှိနှိုင်းပြီးနောက် ဇူလိုင်လ
၂ရက်နေ့တွင်မနီနီဝင်းချိုအားပြန်လည်ပို့ပေးမည်ဖြစ်ကြောင်းစခန်းမှူးကအာမခံ၍ကာယကံရှင်ကိုမင်းဇေါ်၊
မခင်ချိုဦးနှင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်းတို့လက်မှတ်ရေးထိုးပြီးစောင့်ဆိုင်းခဲ့ရသည်။
ဇူလိုင်လ ၂ရက်နေ့ သတ်မှတ်ထားသည့်နေတွင် ဘန်ကောက်နယ်မြေအခြေစိုက် အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှထိုင်းအမျိုးသမီးအမ်မ်နှင့်အခြားဝန်ထမ်းအမျိုးသမီးတစ်ဦး၊
FARအဖွဲ့မှမြန်မာဝန်ထမ်းကိုမြင့်ဇူတို့လည်းလိုအပ်ပါကဆက်လက်ကူညီနိုင်ရန်ရဲစခန်းသို့ရောက်ရှိလာခဲ့
ကြပါသည်။ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအသင်းမှဦးကျော်သောင်းနှင့်ဘာသာပြန်ကိုနေလင်းအောင်၊
အမှုသည်ကိုမင်းဇေါ်နှင့်အစ်မဖြစ်သူမခင်ချိုဦးတို့နေ့လည်၁၂နာရီဝန်းကျင်ကတည်းကရောက်ရှိနေခဲ့ကြသည်။ ယခင်သတ်မှတ်ထားသည့်အတိုင်းမွန်းလွဲ၂နာရီထိုးသည့်တိုင်အောင်မနီနီဝင်းချိုအားလာရောက်မအပ်နှံသဖြင့် စခန်းမှူးကဖုန်းဆက်လိုက်သည်။ ထို့နောက်တစ်ပွင့်အဆင့်ရှိဒုရဲအုပ်တစ်ဦးနှင့်တပ်ကြပ်ကြီးအဆင့်ရှိသူတို့အပြင်အမှုသည်၂ဦးနှုင့်အတူ
ဦးကျော်သောင်း နှင့်ကိုမြင့်ဇူတို့အဆိုပါကွန်တိုတိုက်ကြီးသို့လိုက်ပါသွားခဲ့ကြသည်။
နာရီဝက်ကျော်ကျော်ခန့် စောင့်ဆိုင်းနေကြစဉ်လက်တွန်းလှည်းဖြင့်အသက်၅၀၀န်းကျင်အရွယ်အိပ်ရှင်ဆိုသူ
ဆင်းလာခဲ့ပါသည်။ယခင်အပေါက်ဝတွင်စောင့်နေကြသည့်မင်းဇေါ်နှင့်ခင်ချိုဦးတို့ကိုမောင်းထုတ်လိုက်သဖြင့်
ရဲအရာရှိ၂ဦးနှင့်ကိုမြင့်ဇူ၊ဦးကျော်သောင်းတို့ သူ့ရှေ့သို့သွားရောက်ခဲ့ကြသည်။ထိုအခါ သူက ၃ရက်နေ့တွင်
ပေးမည်၊လာစရာမလို၊ဘာကြောင့်လာရသနည်းဟု ရဲအ၇ာရှိများအားအော်ငေါက်ပါသည်။ မြန်မာ၂ယောက်
ကိုလည်း သူကထိုင်းနိုင်ငံသား၊ထိုင်းလူမျိုး၊ဗမာကဘာလုပ်နိုင်မယ်ထင်လို့လာတာလဲ၊စသ ဖြင့်မောက်မာ စွာ ဆက်ဆံပြောဆိုပါသည်။ထို့နောက်ရဲအ၇ာရှိများကပြန်သွားရန်အချက်ပြသဖြင့်အားလုံးပြန်လာခဲ့ကြပါသည်။
ရဲစခန်းသို့ပြန်လည်သတင်းပို့ပြီး စခန်းမှူးနှင့်အိမ်ရှင်တို့အပြန်အလှန်ဖုန်းဆက်ကြပြီးနောက်။ အမှုသည်
များနှင့်ကယ်ဆယ်ရေးအဖွဲ့များအားလုံးစောင့်ဆိုင်းနေခဲ့ကြရသည်။တဖန်ရဲစခန်းသို့ပြန်မပို့ပဲအနီးရှိကုန်တိုက် သို့သာပို့မည်ဆိုသဖြင့်အားလုံးလိုတကုန်တိုက်တွင်လာစောင့်ကြရပြန်ပါသည်။ညနေ၅နာရီကျော်အချိန်တွင်
တပည့်ဖြစ်သူဘီယားကဆိုင်ကယ်ဖြင့်တင်ဆောင်လာပြီးကုန်တိုက်ရှေ့သို့လာရောက်ပို့ဆောင်ခဲ့ပါသည်။
ပြန်လည်လွတ်မြောက်လာသူမနီနီဝင်းချိုက တစ်နေကုန်ထုံးစံအတိုင်းလုပ်နေခဲ့ရပြီးလာခါနီးမှ အ၀တ်အစား
များကိုကောက်သိမ်းပြီးလာခဲ့ရကြောင်းပြောပြပါသည်။ ခင်ပွန်းဖြစ်သူ ကိုမင်းဇေါ်၏ယာယီပတ်စပို့ကိုပြန်ရ
ခဲ့သော်လည်း ဇနီးမောင်နှံ၂ဦးလုပ်အားခ၂၃ ရက်စာအတွက်ငွေကိုမူ ပွဲစားမ….ကိုပေးပြီးကြောင်း ပြော
ဆိုပြီးတစ်ပြားမှမပေးလိုက်ပေ။အားလုံးရဲစခန်းသို့ပြန်လာပြီးနောက် စခန်းမှုကရရန်ကျန်သည့်ငွေကို ပွဲစားမ
အား သူတောင်းကြည့်မည်၊ရရှိပါက အကြောင်းကြားမည်ဖြစ်ကြောင်းပြောဆိုကြပြီးညနေ၆နာရီကျော်အချိန်
တွင်မိမိနေရပ်အသီသီးသို့ပျော်ရွှင်စွာထွက်ခွာသွားခဲ့ကြသည်။
ဈေးတွင်စွန့်ပစ်ခံခဲ့ရသည့်အလုပ်သမားကိုမင်းဇေါ်မှာအသက်၂၃နှစ်ရှိသူသည်၊ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊
ကမမောင်းကျေးရွာမှဦးမြင့်ဦး၊ဒေါ်အေးသိန်းတို့၏သားဖြစ်ပြီးဘူမိဗေဒဘာသာရပ်ဖြင့်ဘွဲ့ရထားသူတစ်ဦးဖြစ်သည်။ အဖွဲ့အစည်းများကူညီမှုကြောင့်နောက်ဆုံးလွတ်မြောက်လာသည့် အသက်၁၉နှစ်အရွယ် မနီနီဝင်းချိုမှာကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်လှိုင်ကွယ်ကျေးရွာမှဦးဖိုးချို+ဒေါ်ခင်ဝင်းတို့၏သမီးငယ်ဖြစ်သည်။
သူတို့နှစ်ဦးဘန်ကောက်မြို့တွင်အိမ်ထောင်ပြုကြသည်မှာသုံးလသာကြာမြင့်သေးပြီးယခုကဲ့သို့ကြုံတွေ့
ခဲ့ရခြင်းဖြစ်သည်။အဆိုပါမြန်မာအလုပ်သမငယ်များက၊မိမိတို့အနေဖြင့်အိမ်ဖေါ်အလုပ်မှလွဲ၍အခြားအလုပ်
များကိုမလုပ်ကိုင်ဖူးကြောင်း၊မလုပ်ကိုင်တတ်ကြောင်းပြောပြကြသည်။စက်ရုံအလုပ်ရုံတို့တွင်အခန်းခနှင့်စါး
စရိတ်တို့အကုန်အကျများသဖြင့်အိမ်အလုပ်ကိုသာလုပ်လိုကြခြင်းဖြစ်ကြောင်းပြောပြသည်။ယနေ့နံနက်ပိုင်း
ကလူသစ်မြန်မာအိမ်ဖေါ်အလုပ်သမလာရောက်မပို့ဆောင်သဖြင့်အိမ်ရှင်သူဌေးက၊ပွဲစားမအားအထူးဒေါသ
ထွက်နေကြောင်း။နှစ်အောက်မြန်မာအလုပ်သမ၊ခပ်ချောချောကိုသာလက်ခံမည်ဖြစ်ကြောင်းပြောဆိုခဲ့ကြောင်း
မနီနီဝင်းချိုကပြောပြသည်။အဆိုအိမ်သို့နောက်နောင်ရောက်ရှိသွားမည့်မြန်မာအလုပ်သမတို့၏ကံကြမ္မာမှာ
တွေးဝံ့စရာမရှိအောင်ဆိုးဝါးမည်ဖြစ်ကြောင်းပြန်လည်လွတ်မြောက်လာသူများကအသိပေးပြောဆိုကြသည်။
**ကို ကျော်သောင်း(ဘန်ကောက်)**

No comments:
Post a Comment