ထိုင်းနိုင်ငံမြောက်ပိုင်း အယုဒယမြို့နယ်၊စက်မှုဇုံE လို့ချနစောင်၊တလာဒီဒီ၊မူဘန်းဒီဒီတွင်ရှိသည့် ကွန်ပျူတာ
အပို ပစ္စည်း ဆေးမှုတ် ထုတ်လုပ် သည့် SPEED အလုပ်၇ုံတွင် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား များအား ပွဲစားမတစ်ဦးနှင့် အလုပ်သမား ခေါင်း(၀ဏ္ဏ)တို့ကမတရားဖိနှိပ်နေကြောင်းသတင်းရရှိသည်။ မြန်မာ အလုပ် သမား တစ်ရာကျော်ခန့် ရှိသည့်EPEED လုံငန်(ခေါ်) SRK Suply & Service Limited Partnership အမည် ရှိသည့်ကွန်ပျူတာCD rom အပိုပစ္စည်းဆေး မှုတ်ထုတ် လုပ်သည့် စက်ရုံတွင်း နေထိုင်သည့် ထိုင်းပွဲစား မဖိအန် နှင့် အလုပ်သမားခေါင်း(၀ဏ္ဏ)တို့ပူးပေါင်းပြီး
မြန်မာအလုပ်သမားများထံမှ ပုလိပ်ကြေးနှင့်အသက်အာမခံကြေးအဖြစ်လစဉ်ဘတ်၁၀၆၃ဘတ်စီဖြတ်တောက်ခံနေရသည်။
ထို့အပြင်ရက်ပေါင်ကြေးအဖြစ် အလုပ်သမားတစ်ဦးစီ ၁၀ ရက်ဖိုးလုပ်အားခံချန်ထားပြီးစါ၇င်းရှင်းပေးလေ့ရှိသည်။
အလုပ်သမား ကိုလတ်က“ကျနော်တို့ကို အဲဒီအလုပ်ရုံက ခေါ်တုန်းက နေ့ဆိုင်း ၃၆၀ မယ်။ညဆိုင်းရင်
၃၉၀ ပေးတယ်ဆိုပြီး လက်ကမ်းစာရွက်နဲ့ခေါ်ပါတယ်။ ကျနော်တို့လည်းဘန်ကောက်ကလာပြီးလုပ်ကြ
တာပါ။ဒီရောက်တော့စာရွက်တစ်ရွက်ရောက်လာတယ်၊အသက်အာမခံကြေးနဲ့ပုလိပ်ကြေးဘတ်တစ်ဦးစီ
တစ်လကို၁၀၆၃ဘတ်စီဖြတ်မယ်တဲ့။လုပ်အားခကလည်းတစ်နေ့ကို၁၈၁ဘတ်ပဲပေးမယ်တဲ့၊အချိန်ပိုက
တစ်နေ့၃နာရီနေ့တိုင်းရှိတယ်၊တစ်နာရီကိုဘတ်၃၀ပေးတယ်။ကျနော်တို့ကလည်းဗမာပွဲစားကိုလှကြည်က
ဆက်သွယ်ပေးတာ။ဒီကိုခေါ်တဲ့အတွက်ပွဲစားခကလခကနေပြီးတော့ဘတ်၁၀၀၀ဖြတ်ယူတယ်။မြန်မာအလုပ်
သမားတွေဆိုရင်ပွဲစားခပေး၊လစဉ်ဖြတ်တာက၁၀၆၃ဘတ်၊အဲဒီပွဲစားမဖိအန်ဆိုင်မှာအကြွေးယူစားနဲ့လုံခြာ
လိုက်နေကြတယ်။လာတာလည်းစရိတ်ကကုန်၊နောက်တစ်နေရာရွေ့ဖို့ ပြောင်းဖို့ဆိုတာလည်းထင်သလောက်မလွယ်ဘူးလေ။ခံနေရတော့တာပဲ”ဟုပြောသည်။ Nutthakarn Suya wad
အလုပ်သမားများထံမှအခန်းခ၁၀၀၀နှင့်သန့်ရှင်းရေးခ၇၅ဘတ်လည်းဖြတ်တောက်သည်။နေထိုင်အလုပ်လုပ်
ကိုင်ခွင့်ဘတ်ရှိသူများကိုလည်းဘတ်သက်တမ်းတိုးပေးခြင်းများမရှိသည့်အတွက်မြန်မာအလုပ်သမားအချို့ တရားဝင်နေထိုင်ခွင့်သက်တမ်းကုန်ဆုံးခဲ့ရသူများရှိသည်။
အလုပ်သမားအခွင့်အရေးဆိုင်ရာဥပဒေအချို့ကိုတတ်သိနားလည်ထားသည့်ဘန်ကောက်မြို့ကအလုပ်သမား
ကိုပေါက်စက“ကျနော်တို့ မတရားခေါင်းပုံဖြတ်ခံနေ၇တာကိုသိတော့ လူနည်းနည်းစုပြီး မေးတယ်။ ကျနော်တို့ကမန်နေဂျာတွေနဲ့စကားမပြောရဘူး၊အဲဒီပွဲစားမ ဖိအန်နဲ့ ပဲ စကားပြောရတာဖြစ်တယ်။ စက်ရုံက ဖြတ်တာ၊နင်တို့ကိုရှင်းမပြနိုင်ဘူး၊မကျေနပ်ရင်ထွက်သွားတဲ့၊ဒီလိုပဲပြောတာ၊ကျနော်တော့ထွက်လာလိုက်တယ်။ ကျနော်တစ်လာကြာတော့ရက်ပေါင်းကြေး၁၀ရက်စာကိုသွားထုတ်တယ်။အဲဒီမှာလည်းပုလိပ်ကြေးဆိုပြီး ဘတ်၈၀၀ဖြတ်ထားလိုက်တယ်။ကျနော်တို့ဘာမှမတတနိုင်ဘူးလေ။ကျနော်သွားထုတ်နိုင်ပေမယ့်အခြားလူ
တွေကမသွားဘူး၊လုပ်အားခဆယ်ရက်စာအဆုံးခံလိုက်ကြတယ်။”ဟုပြောသည်။
အဆိုပါအလုပ်ရုံတွင်ရှိသည့်မြန်မာအလုပ်သမားအများစုမှာ အခြားနေရာများသို့ ရုတ်တရက်ပြောင်းရွေ့ရ
မည်ဆိုသည်မှာမလွယ်ကူသဖြင့် အဆိုပါ ပွဲစားမ ခေါင်းပုံဖြတ်သမျှကို ခံနေရဆဲဖြစ်ကြောင်း ပြီးခဲ့သောရက်
ကထွက်လာသည့်အလုပသမ မစိုးစိုးကပြောသည်။
“ကျမတို့လင်မယားနှစ်ယောက်ဘတ်က မဟာချိုင်ဘတ်၊ကျမတို့ကိုပုလိပ်တွေ့တာနဲ့ဖမ်းမှာပဲ၊နယ်ကျော်ခွင့်
မရှိဘူးလေ။ ဒါပေမယ့်လုပ်ငန်းရှင်တွေက ကျမတို့အလုပ်သမားတွေအပေါ်မှာနားလည်မှုမပေးကြဘူး။လုပ်
မပေးတဲ့အပြင် ဖိအန်လို ပွဲစားတွေကို လူလည်းရှာခိုင်းတယ်။မြန်မာအလုပ်သမားတွေကိစ္စရပ်ဟူသမျှကို
လွဲလိုက်တယ်။လုပ်ရတဲ့ကုန်ပစ္စည်းက ခေတ်မီနောက်ဆုံးပေါ်ကွန်ပျူတာပစ္စည်း၊ထုတ်လုပ်ပေးနေတဲ့မြန်မာ
အလုပ်သမားတွေကိုတော့အလကားခိုင်းချင်ရုံမကဘူး၊ဒုက္ခပါပေးတယ်။ မသိပဲရောက်လာတဲ့လူတွေ ခံနေ
၇တော့တာပဲ၊ကယ်မယ့်လူဘယ်မှာရှိမယ်၊အရေးယူမယ့်လူဘယ်မှာလဲ၊ကျမတို့လည်းမသိ”ဟုရင်ဖွင့်ပြောဆို
သွားသည်။
အဆိုပါအလုပ်ရုံတွင်ပြီးခဲ့သည့်လက ကရင်အလုပ်သမားတစ်ဦး ဆေးရောင်းချွတ်သည့် ကော့စတစ်
အက်စစ် မျက်စိကိုဝင်သွားခဲ့သည်။ကံကောင်းစွာဖြင့် ရက်အတန်ကြာသည့်အခါပြန်လည်မြင်ခဲ့သည်
ဟုဆိုသည်။ မျက်စိဝေဒနာကိုကုသနေ၇သော၎င်းအလုပ်သမားအားမည့်သည့်အကူအညီမှမပေးပေ။
ကရင်အလုပ်သမားမှာလည်း မျက်စိပြန်မြင်လာသဖြင့် အထူးဝမ်းမြောက်နေကြောင်းအဆိုပါအလုပ်သမက
ပြောပြသည်။ထိုင်းနိုင်ငံအတွင်လုပ်ငန်းခွင်အတော်များများတို့တွင်၊ထိုင်းအစိုးရ ကျင့်သုံးနေသည့် ရွေ့ပြောင်း
အလုပ်သမားများဆိုင်ရာဥပဒေနှင့် နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ဘတ်)တို့ ၏စည်းမျဉ်းဥပဒေသတို့အားနည်း
ချက်များကို ထိုင်းလူကုန်ကူးမှုအဖွဲများ၊ထိုင်းအာဏာပိုင်များ၊ထိုင်းရဲများ၊ထိုင်းလုပ်ငန်းရှင်များနှင့်ထိုင်းလူမျိုး
တို့ကအပြည့်အ၀အသုံးချလျှက်ရှိသည်။
မြန်မာအလုပ်သမားများမှာအားကိုးလောက်သည့်အဖွဲ့ အစည်းများ၊ခိုင်မာတိကျစွာကာကွယ်နိုင်သည့်အလုပ်
သမားဥပဒေများမရှိသဖြင့်ထိုင်းနိုင်ငံနေရာအနှံ့အပြား နေရာတိုင်းတွင်အခက်အခဲပေါင်းစုံရင်ဆိုင်နေကြရ
ကြောင်းထိုင်းနိုင်ငံအနှံ့မှရွေ့ပြောင်းမြန်မာအလုပ်သမားများပြောပြချက်များအရသိရှိရသည်။
** သတင်း- ဦးကျော်သောင်း (ဘန်ကောက်)**
(ဇူလိုင် ၈-ရက် ၂၀၁၀)

No comments:
Post a Comment