ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွင်းနေထိုင်သည့်မြန်မာအလုပ်သမားများ၊ငါးနှစ်အောက်ကလေးငယ်များရောဂါ
များနှင့်ကူးစက်ရောဂါဆိုင်ရာ ဗဟုသုတများအထူးနည်းပါးနေကြောင်းလေ့လာတွေ့ရှိရသဖြင့် ယခုသင်တန်းကို စိတ်ရော ကိုယ်ပါ လာရောက်ပြသခြင်းဖြစ်ကြောင်း ကျမ္မာရေးနည်းပြဆရာ ဒေါက်တာ သီဟမောင် ကပြော သည်။ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်း FED ကျမ္မာရေးဌာနမှ ကြီးမှု၍ထိုင်း/မြန်မာနယ်စပ် အခြေစိုက်အမျိုးသားပညာရေးနှင့် ကျမ္မာရေးကော်မတီ၊ ကျမ္မာရေး စီမံကိန်းညွှန် ကြားရေးမှူး ဒေါက်တာသီဟမောင်ဦးဆောင်ပြီး လူထုကျမ္မာရေးသင်တန်းတစ်ခုအား သင်ကြားပို့ ချနေကြောင်း သိရှိ ရသည်။
GHRE အခြေစိုက်ရာ ရုံးအနီး ထိခက်ကျေးရွာတွင်တစ်လကြာစခန်းသွင်းပြီး သင်တန်းသား၆ဦးနှင့်သင်
တန်းသူ၅ဦးတို့အားမြန်မာဆရာဝန်များ၊ဆေးပညာရှင်များနှင့်ဒေသအခြေစိုက်ထိုင်းကျမ္မာရေးဌာနတို့မှ
ကျွမ်းကျင်သူများကပို့ချသင်ကြားနေသည့်သင်တန်းဖြစ်သည်။
ဒေါက်တာသီဟမောင်က“မြန်မာနိုင်ငံမှာ မဆလခေတ်တုန်းက လူထုကျမ္မာရေးသင်တန်းတွေ၊ကျေးလက်
တောရွာပါမကျန် တော်တော်ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ခဲ့ပါတယ်။ မြို့ပြနဲ့ကျေးလက်ကျမ္မာရေးစောင့်
ရှောက်မှုတပြေးညီဖြစ်ရေးအတွက်အတော်အကောင်အထည်ဖေါ်ခဲ့ပါတယ်။န၀တ/နအဖ ခေတ်ေ၇ာက်လာ
တော့ဒီလူထုကျမ္မာရေးစောင့်ရှောက်မှုအခန်းကဏ္ဍကတော်တော်ဆုတ်ယုတ်လာတယ်။မရှိသလာက်ဖြစ်သွား
တယ်။ ဒါကြောင့်ကျနော်လုပ်ခွင့်သာတဲ့နေရာမှာမြန်မာလူထုအတွက်အကျိုးရှိမယ့်လုပ်ငန်းကိုအကောင်အ ထည်ဖေါ်ပေးတာပါ” ဟုပြောသည်။
သင်တန်းသား/သူတို့မှာမြန်မာပြည်မှ အနည်းဆုံးအထက်တန်းနှင့်ဘွဲ့ရများဖြစ်ကြသည်။ သင်တန်းတွင် ခန္ဓာဗေဒ၊ရောဂါပိုးဝင်ရောက်ခြင်း၊အရေးကြီးတဲ့အင်္ဂါတွေကိုဘယ်လိုစမ်းသပ်မလဲ၊
လူနာတစ်ယောက်ကိုတွေ့တာနဲ့မဏာမကျမ္မာရေးစောင့်ရှောက်မှုကိုဘယ်လိုဆောင်ရွက်မလဲ၊ပတ်ဝန်းကျင်
သန့်ရှင်းမှုကိုဘယ်လိုဆောင်ရွက်ကြမလဲ။အပါအ၀င်ခေါင်းစဉ်ကြီး၁၃ ခုလောက်ကို နှံ့စပ်ကျွမ်းကျင်အောင်
သင်ကြားနေခြင်းဖြစ်သည်။ သင်တန်းချိန်ကို နံနက်၈နာရီမှ ညနေ၅နာရီအထိ သတ်မှတ်ထားသော်လည်း
ညနေထမင်းစားပြီးနောက် ကျမ္မာရေးဆိုင်ရာဆွေးနွေးပွဲစကားဝိုင်းအား ဒေါက်တာသီဟမောင်ကနေ့စဉ်
ဝိုင်းဖွဲ့ဟောပြောပေးသဖြင့် သင်တန်းသားများအထူးဝမ်းမြောက်နေကြသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ကူရဘူရီမှလာရောက်သင်ကြားနေသော၊သင်တန်းသား ရဲလွင်ကျော်စိုးက“ကျနော် မြန်မာပြည်မှာနေစဉ်တုန်းကလည်း အမျိုးသားသူနာပြုသင်တန်းတက်ရောက်အောင်မြင်ဖူးပါတယ်။ကျနော်
ဒီကျမ္မာရေးလုပ်ငန်းကိုအထူးစိတ်ဝင်စားပါတယ်။ဝါသနာလည်းပါပါတယ်။ ကျမ္မာရေးဟာလူ့ဘ၀မှာအထူး
အရေးကြီးပါတယ်။ ကျနော့ပတ်ဝန်းကျင်မှာလူတွေ အတော်များများက မိမိရဲ့ကျမ္မာရေးကိုတောင်သိပ်ဂရုမ
စိုက်ကြသလိုမြင်ရပါတယ်။ဘာကြောင့်လဲဆိုတော့ ကျနော်တို့ပတ်ဝန်းကျင်မှာ လှေသမားတွေ ပင်လယ်ပြင်
ကပြန်လာရင် သောက်ကြတယ်၊မူးကြတယ်။အချင်းချင်းခိုက်ရန်ဖြစ်ကြ၊သေကြနဲ့ တော်တော်များပါတယ်။
လှေသမားတွေဖြစ်နေကျသမားရိုးကျပါ။နောက်တစ်ခုကမူးလာရင်အခြားအပျော်အပါးတွေပါဆက်သွားတယ်။
HIVတွေဖြစ်ပြီးသေကြတယ်၊အချို့ဆိုရောဂါရပြီးကိုယ်ဆီကိုပြန်သွားကြတယ်။ဒီလိုမလိုလားအပ်တာတွေမဖြစ်
ဖို့အတွက်ပညာပေးဟောပြောတာတွေကိုကျနော်လုပ်သွားချင်တယ်။ကျနော်တတ်နိုင်သလောက်လုပ်သွားချင်
တဲ့ဆန္ဒကြောင့် ဒီသင်တန်းကိုလာရောက်သင်ကြားတာပါ” ဟုပြောသည်။
ရေလုပ်သားများအပါအ၀င် အခြားမြန်မာအလုပ်သမားများမှာ သူဌေးသတ်မှတ်သည့်အလုပ်ချိန်များတွင်
အလုပ်လုပ်ကြရသည့်အပြင် ဒီရေထရက်၊ဒီရေသေရက်စသည်ဖြင့်လုပ်ငန်းခွင်သတ်မှတ်ရက်များအပေါ်
မူတည်၍လုပ်ကိုင်ကြရသဖြင့် အလုပ်သမားများတစ်စုတစ်ဝေးတည်းဖြစ်အောင်ဖန်တီးရခြင်းမှာထင်သ
လောက်မလွယ်ကူကြောင်း၊သို့၇ာတွင် အခြေအနေများကိုသုံးသပ်၍ မြန်မာအလုပ်သမားထုအတွင်းကျမ္မာ
ရေးဆိုင်ရာဗဟုသုများကိုမြန်မဆန်ထိရောက်စွာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သင်တန်းသား ရဲလွင်ကျော်စိုးက အားတက်သရောပြောဆိုသွားသည်။
ဖန်ငခရိုင် ထလမု ပိုက်ဆိပ်မှ ရခိုင်ကျောင်းသူလေး မစိုးစိုးက“သမီးတို့မိဘတွေကအားပေးတယ်။သမီး
လည်း လူတွေကို ကူညီပေးချင်တယ်၊ကျမ္မာရေးဆိုင်ရာတစ်ကိုယ်ရည်တတ်သိမှုတွေ အထူးနည်းပါးကြ
တာကြောင့်အချို့လူတွေ မသေသင့်ပဲသေကြရတယ်။နဲနဲပါးပါးနဲ့ ပျောက်ကင်းသက်သာသွားမယ့်ရောဂါ
တစ်ခု အကြီးကြီးဖြစ်သွားကြတယ်။ အဲဒါတွေကိုသမီးစောင့်ရှောက်ပေးချင်တယ်။သမီးခုမှ သင်ဖူးပေမယ့် ဆရာတွေပြသတာတွေ အထူးစိတ်ဝင်စားဖို့ကောင်းပါတယ်။သမီးတို့ဘယ်လိုမှ မသိနိုင်တဲ့ ခန္ဓာဗေဒ ပညာရပ်တွေ၊သားဖွားဆိုင်ရာပညာရပ်တွေ။HIVနဲ့ ကလေးသူငယ်စောင့်ရှောက်ရေးပညာရပ်တွေဟာ သမီးအတွက်တန်ဘိုးဖြတ်မရတဲ့ဘာသာရပ်တွေပါ။ သမီးအထူးကြိုးစားပြီးသင်ကြားနေပါတယ်။ အခါအခွင့်ပေးသမျှ သမီး ကျမ္မာရေးဆိုင်ရာ ပညာရပ်တွေကို ဆက်လက်ကြိုးစားသွားမယ်”ဟုအလေးနက်ပြောသည်။
ထိုင်းနိုင်ငံတောင်းပိုင်နယ်မြေ၊ ၈နေရာတို့မှ တက်ရောက်သင်ကြားနေသည့် သင်တန်းသားများအား
သင်တန်းဆင်လျှင် ခရီးဆောင် ဆေးသေတ္တာနှင့်မရှိမဖြစ်လိုအပ်သည့်ဆေးဝါးများကိုစတင်လက်က်တွေ့ အသုံးချနိုင်ရန်ပေးလိုက်မည်ဖြစ်သည်။
သင်တန်းတွင်ထူးချွန်သည့်သင်တန်းသား/သူများထဲမှာ ပထမ၊ဒုတိယနှင့်တတိယဆုများချီမြှင့်ပေးသွားမည်
ဖြစ်ပြီး သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များပေးအပ်သွားမည်ဖြစ်သည်။ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်းFEDမှ
ကျမ္မာရေးတာဝန်ခံ ဆရာဦးအောင်ကြည်က“ရှေ့ဦးသူနာပြုသင်တန်းထက်မြင့်ပါတယ်။ဆေးမှုငယ်အဆင့်
လောက်ထိမြင့်တဲ့သင်တန်းပါ။ အဲဒီအထဲက စိုက်လိုက်မတ်တတ်လုပ်အောင် ကျနော်တို့အမြဲစောင့်ကြပ်
နေမယ်။လူထုကျမ္မာရေးဆိုင်ရာသတင်းအချက်အလက်တွေကိုစုဆောင်းနေမယ်၊ ထူးချွန်ပြီး ကြိုးစားတဲ့
ကျောင်းသားတွေကို ဆရာမစင်သီယာမောင်တို့ ဆေးခန်းကသင်တန်းလို မျိုးတွေအပြင် ထိုင်းနိုင်ငံက
ဆေးပညာသင်ပေးတဲ့ကျောင်းတွေကိုပါ ဆက်လက်တက်ရောက်သင်ကြားနိုင်အောင် ထောက်ပံ့ကူညီ
ပေးသွားဖို့ အစီအစဉ်ရှိပါတယ်”ဟုပြောသည်။
သင်တန်းဆင်းသွားသူများအနေဖြင့် မိမိအနီးပတ်ဝန်းကျင်နယ်မြေအတွင်းရောဂါအမျိုးမျို ခံစားနေရ
သည့်မြန်မာရွေ့ပြောင်းအလုပ်သမားများ၊စါရင်းများ၊ကုသရန်လိုအပ်သူများအား ပညာရေးဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်းFED မှကျမ္မာရေးတာဝန်ခံဦးအောင်ကြည်ထံသို့တင်ပြ အကူအညီတောင်းခံနိုင်ရန် ဆက်သွယ်ဆောင်ရွက်အကောင်အထည်ဖေါ်သွားကြမည်ဖြစ်သည်။
ပထမအကြိမ် ကျမ္မာရေးသင်တန်းကို ၂၀၀၉ ခုဧပြီလတွင်သင်တန်းသား ၁၃ဦးဖြင့်ဖွင့်လှစ်သင်ကြားခဲ့ သည်။ ယခုသင်တန်းမှာ ဒုတိအကြိမ်ဖြစ်သည်။ကျမ္မာရေးစောင့်ရှောက်မှုသင်တန်းနှင့်ပတ်သက်၍
အခက်အခဲများအား ကိုအောင်ကြည်က“ကျနော်တို့ကဒေသအစုံက သင်းတန်းသားတွေလာစေချင်တယ်
မရဘူးဗျ။မြန်မာအလုပ်သမားလေးတွေ၊လာသင်ချင်ကြတယ်၊သူဌေးကခွင့်မပြုဘူး၊အလုပ်သမားတွေဆိုတော့ အလုပ်ပြုတ်သွားမှာစိုးရိမ်ကြတယ်။ကျနော်တို့အနည်းဆုံး၁၅ယောက်ဖြစ်မယ်လို့ မှတ်ထားတယ်။မလာဖြစ်
ကြဘူး၊အားလုံးကအလုပ်သမားတွေဆိုတော့ခက်တာပေါ့ဗျာ” ဟုဆက်လက်ပြောဆိုသွားသည်။
ထိုင်းမြန်မာနယ်စပ်မဲဆောက်တွင်ကျမ္မာရေးနှုင့်ပညာရေးကဏ္ဍများအတိုင်းအတာတစ်ခုအထိအောင်မြင်နေပြီး
ဟုပြော၍ရသော်လည်း၊ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငခရိုင်တွင်ပညာရေးအခန်းကဏ္ဍက GHRE မှ အထူးအ ကောင်အထည်ဖေါ်နေသဖြင့်အတိုင်းအတာတစ်ခုအထိ အောင်မြင်နေသည်ဟုဆိုနိုင်သော်လည်း ကျမ္မာရေး ဆိုင်ရာကိစ္စရပ်များတွင်အထူးအားနည်းနေကြောင်း၊ငါးနှစ်အောက်ကလေးငယ်များနှင့်ကူးစက်ရောဂါဆိုင်ရာ
ဗဟုသုတများအထူးရော့နည်းနေကြောင်းလေ့လာတွေ့ရှိရသဖြင့် ယခုသင်တန်း လာပြခြင်းကို၊စိတ်ရော ကိုယ်ပါ လာရောက်ပြသခြင်းဖြစ်ကြောင်းဒေါက်တာ သီဟမောင် ကပြောသည်။
ဆေးပညာရပ်များကို ၇နှစ် ၈နှစ်ကြာသင်ကြားပြီးမှ တတ်မြောက်နိုင်သည်မှာမှန်သော်လည်း လူထုအခြေပြု
ကျမ္မာရေးစောင့်ရှောက်မှုအခြေခံတွေကိုသင်ပေးပြီး၊စဉ်ဆက်မပြတ်ဆက်လက်သင်ကြားသွားသောစံနစ်ကို
အသုံးချသွားမည်ဖြစ်သဖြင့်လူထုကိုအကျိုးပြုမည်ဟုယုံကြည်ကြောင်း၊ထိုင်းမြန်မာအခြေစိုက်ပြီး၊ပြည်ပရောက်
မြန်မာအလုပ်သမားထုအတွင်းကျမ္မာရေးပညာရပ်များကိုပျံ့နှံ့အောင်အထူးဆောင်ရွက်ပြသသင်ကြားပေးနေ
သည့်ဒေါက်တာသီဟမောင်ကပြောဆိုသွားသည်။
** သတင်း- ဦးကျော်သောင်း (ဘန်ကောက်)**
(ဇူလိုင် ၈-ရက် ၂၀၁၀)

No comments:
Post a Comment