ဆော်ဒီအာရေဗျနိုင်ငံမှ ဆော်ဒီမင်းသား အယ်ဝါလိဒ်ဘင်တာလယ် ပိုင်ဆိုင်သော ကင်းဒမ်းဟိုးလ်ဒင်းအုပ်စု အာရပ်ကမ္ဘာအတွက် ၁၄-နာရီထုတ်လွှင့်မည့် ရုပ်မြင်သံကြားလိုင်းသစ်ကို အာရေဗျဘာသာစကားဖြင့် ထုတ်လွှင့်မည်ဖြစ်ကြောင်း ဆော်ဒီအရာရှိများက ဇူလိုင်လ ၇-ရက်နေ့က ပြောကြားသည်။ (အင်တာနက်)
** ပင်လယ်နီဒေသ၌ ရေနံတင်သင်္ဘော ဆိုမာလီဓားပြများ အပိုင်စီ **
(မိုဂါဒစ်ရှူး၊ ဇူလိုင်လ ၇-ရက်)
ဖိလစ်ပိုင်သင်္ဘောသား ၁၈-ဦးနှင့်အတူ မာရှယ်ကျွန်းစုအလံ လွှင့်ထူးထားသည့် ဓာတုဗေဒ ကုန်တင်သင်္ဘောတစ်စင်းကို ဆိုမာလီပင်လယ်ဓာပြများက ပင်လယ်နီဒေသတွင် အပိုင်စီးလိုက်ကြောင်း ဥရောပ သမဂ္ဂ ပင်လယ်ဓားပြနှိမ်နင်းရေး အထူးတပ်ဖွဲ့(အီးယူနက်ဖော်)က ပြောကြားသည်။ ယင်းကဲ့သို့ တိုက်ခိုက်မှုသတင်းများ ရရှိပြီးနောက် မော်တီဗေတာသင်္ဘောနှင့် ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရှိဟု ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။ စင်္ကာပူအလံလွှင့်ထူထားသည့် သင်္ဘော အေဒင်ပင်လယ်ကွေ့တွင် ဖမ်းဆီးခံရပြီးနောက် တစ်ပတ်အတွင်း မော်တီဗေတာသင်္ဘော အပိုင်စီးခံရခြင်းဖြစ်သည်။ (အင်တာနက်)
** ပါပူဝါနယူးဂီနီကမ်းလွန်၌ ငလျင်လှုပ် **
ပါပူဝါနယူးဂီနီနိုင်ငံ ကမ်းလွန်တွင် ဇူလိုင်လ ၇-ရက်နေ့က ရစ်ခ်ျတာစကေး ၆ အင်အားရှိသော ငလျင်လှုပ်သွားကြောင်း၊ သို့သော် ဆူနာမီသတိပေးချက်ထုတ်ပြန်ထားခြင်းမရှိကြောင်း ပါပူဝါနယူးဂီနီအရာရှိများက ပြောကြားသည်။ (အင်တာနက်)
** တရုတ်၌ အပူလှိုင်းကျရောက်နိုင်ကြောင်း သတိပေး **
တရုတ်နိုင်ငံ နေရာဒေသအများအပြား၌ ယခုရက်ပိုင်းအတွင်း အပူလှိုင်းကျရောက်နိုင်ကြောင်း၊ အပူချိန် ၃၅ ဒီဂရိမှ ၃၈ ဒီဂရီဆဲစီးရပ်စ်အထိ ရောက်ရှိနိုင်ကြောင်း အထူးသဖြင့် ယန်စီမြစ်အနီးဝန်းကျင်ဒေသများ ရှန်ဟိုင်းနှင့် ချုံကျင်မြို့များအပါအ၀င် ပြည်နယ်အချို့တို့၌ အပူဒဏ်ခံစားရနိုင်ကြောင်း ဇူလိုင်လ ၇-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ဘိုလီးဗီးယားတောင်ပိုင်း၌ ရဟတ်ယာဉ်ပျက်ကျ **
ဘိုလီးဗီးယားနိုင်ငံတောင်ပိုင်း ကိုချာဘမ်ဘာဒေသတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်နေသော ရဟတ်ယာဉ်တစ်စင်း ဇူလိုင်လ ၇-ရက်နေ့က မတော်တဆပျက်ကျမှုဖြစ်ပွားရာ လုံခြုံရေးတပ်ဖွဲ့ဝင် ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘိုလီးဗီးယား အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** အာရပ်ကမ္ဘာ၌ ရုပ်မြင်သံကြားလိုင်းသစ် ထုတ်လွှင့်မည် **

No comments:
Post a Comment