အကြိုဗိုလ်လုပွဲ၌ မိမိအားလူစားလဲခဲ့ခြင်းအပေါ် စိတ်ပျက်မိခဲ့ကြောင်း ဥရုဂွေးတိုက်စစ်မှူး ဒီဂိုဖော်လန်က ပြောကြားသည်။ (အင်တာနက်)
** စုစည်းမှုအားကြောင့် နိုင်ပွဲရဟု မာဝမ်ခ်ပြောကြား **
အကြိုဗိုလ်လုပွဲ၌ အသင်းစုစည်းမှုအားကောင်းပြီး ကစားသမားများ စည်းလုံးမှုရှိခဲ့၍ ဖြစ်ကြောင်း နယ်သာလန်နည်းပြ မာဝမ်ခ်က သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားသည်။ (အင်တာနက်)
** ဥရုဂွေးနည်းပြက အနိုင်ရမည်မျှော်လင့်ခဲ့ဟု ပြောကြား **
ဥရုဂွေးအသင်းသည် အကြိုဗိုလ်လုပွဲ၌ နယ်သာလန်ကို အနိုင်ကစားနိုင်မည်ဟု မျှောင်လင့်ခဲ့ကြောင်း၊ မိမိတို့အကောင်းဆုံးကစားနိုင်ခဲ့ကြောင်း သို့သော်နယ်သာလန်တို့ အနိုင်ဖြင့်ထိုက်တန်ပါကြောင်း၊ ဥရုဂွေးနည်းပြ တာဘာရက်စ်က ဇူလိုင်လ ၇-ရက်နေ့၌ သတင်းထောက်များအား ပြောကြားသည်။ (အင်တာနက်)
** မာရာဒိုနာဆုံးဖြတ်သင့်ပြီဟု ဘောလုံးအဖွဲ့ချုပ်မှ ပြောကြား **
အာဂျင်တီးနားအသင်းနည်းပြ မာရာဒိုနာသည် နည်းပြတာဝန်နှင့် ပတ်သက်ပြီး ကိုယ်တိုင်ဆုံးဖြတ်သင့်ပြီဖြစ်ကြောင်း အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဂရွန်ဒိုနာက ဇူလိုင်လ ၇-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
** ဥရောပအသင်းများသာ ဗိုလ်လုပွဲရောက်ဟု ပလာတီနီပြောကြား **
၂၀၁၀ ကမ္ဘာ့ဖလားပွဲ၌ တောင်အမေရိကအသင်းများ ခြေစွာခဲ့သော်လည်း နောက်ဆုံးတွင် ဗိုလ်လုပွဲသို့ ဥရောပအသင်းများက တက်ရောက်ခဲ့ကြောင်း၊ ဥရောပအသင်းများ၏ ခြေစွမ်းကို မကျော်ဖြတ်နိုင်ခဲ့ကြောင်း ယူအီးအက်ဖ်အေ ဥက္ကဌ ပလာတီနီက သတင်းထောက်များအား ဇူလိုင်လ ၇-ရက်နေ့က ပြောကြားသည်။ (အင်တာနက်)
** အာဂျင်တီးနား၌ မာရာဒိုနာ နှုတ်ဆိတ်နေ **
ဂျာမနီကို လေးဂိုးပြတ်ရှုံးပြီးနောက် ကမ္ဘာ့ဖလားပွဲမှ ထွက်ခဲ့ရသော အာဂျင်တီးနားအသင်းသည် မိခင်နိုင်ငံပြန်ရောက်ပြီးနောက် နည်းပြမာရာဒိုနာမှာ ၄င်း၏ အနာဂတ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာပြောကြားခြင်းမရှိဘဲ နှုတ်ဆိတ်နေကြောင်း ဇူလိုင်လ ၇-ရက်နေ့၌ မီဒီယာများက ဖော်ပြသည်။ (အင်တာနက်)
** နယ်သာလန်အတွက် ယုံကြည်မှုအပြည့်ရှိဟု ရော်ဘင်ဖွင့်ဟ **
၂၀၁၀ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ၌ မိမိတို့သာ အစွမ်းကုန်ကြိုးစားရမည်ကို သိထားကြောင်း သို့သော် အနိုင်ရရန် ယုံကြည်မှုအပြည့်ရှိနေကြောင်း နယ်သာလန်တောင်ပံကစားသမားရော်ဘင်က ဇူလိုင်လ ၇-ရက်နေ့၌ သတင်းထောက်များအား ပြောကြားသည်။ (အင်တာနက်)
** အာဂျင်တီးနား ပရိသတ်တစ်ဦးသေဆုံး **
အာဂျင်တီးနားနှင့် ဂျာမနီတို့ပွဲကို ကြည့်ရှုအားပေးခဲ့သော အာဂျင်တီးနား ပရိသတ်တစ်ဦးဖြစ်သည့် ဖော်လန်ဇာသည် အာဂျင်တီးနားတို့ ရှုံးပွဲကြုံခဲ့သဖြင့် နှလုံးရောဂါကြောင့် တောင်အာဖရိကနိုင်ငံ ကာဘိုစီးတီးဆေးရုံတွင် ဇူလိုင်လ ၆-ရက်နေ့က သေဆုံးသွားကြောင်း တောင်အာဖရိကအရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- အာကာဟိန်း **
** လူစားလဲသဖြင့် စိတ်ပျက်မိကြောင်း ဖော်လန် ပြောကြား **

No comments:
Post a Comment