ဘောလုံးမင်းသား ဘက်ခမ်း၏ အငယ်ဆုံးသားငယ် ခရုဇ်မှာ သူ၏ ဘောင်းဘီဇစ်ကိုတပ်ရန် အမြဲမေ့လေ့ရှိသည်။ သို့နှင့် မိခင်ဖြစ်သူက သူစိမ်းများရှေ့တွင် သားဖြစ်သူသတိရစေရန် စကားဝှက်ဖြင့် သတိပေးရန် သင်ကြားထားသည်။
“အီဖယ်မျှော်စင်ကို ပိတ်ထားလိုက်” ဟု ဆိုလျှင် ဘောင်းဘီဇစ်ကိုတပ်ရန် စကားဝှက်ပြောထားခြင်းဖြစ်သည်။
တစ်နေ့ ဆွေမျိုးများ အိမ်သို့ အလည်အပတ်ရောက်လာသောအခါ ခရုဇ်က… “အန်တီ သားတို့ဆီဘာကြောင့်လာတာလဲဟင်”
“ဟေ ပြင်သစ်ကိုသွားပြီး အီဖယ်မျှော်စင်သွားပြီး ကြည့်မလို့လေ”
“ဟင် အီဖယ်မျှော်ုစင်ပိတ်ထားတယ်လေ”ဟူ ဘောင်းဘီဇစ်ကိုညွှန်ပြရင်း ခရုဇ်ကမေးလေရာ “သြော် အန်တီတို့သွားမှာက အီဖယ်မျော်စင်လေးမဟုတ်ဘူး။ မျှော်စင်အကြီးကြီးကို သွားကြည့်ကြမှာကွ”
“သြော် ဒါဆိုလည်း ဖေ့ဖေ့ကိုခေါ်ပေးမယ်နော်”
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း) ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment