**(ဇူလိုင် ၂၆၊၂၀၁၀)**
ဘန်ကောက်မြို့နှင့်အနီးပတ်ဝန်းကျင်ရှိမြန်မာအလုပ်သမားများစုပေါင်း ၀ါဆိုသင်္ကန်းကပ်လှူပွဲများဖြင့်စည်ကား
နေသည်။ယနေ့နံနက်ပိုင်းကဖက်ကဆင်၉၅လမ်းရှိမြန်မာစက်ချုပ်အလုပ်သမားများစုပေါင်း၍မြန်မာသင်္ဃာ
တော်များအားဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အလားတူဘန်ကောက်မြို့ဖက်ကဆင်၆၀/၂လမ်းရှိမြန်မာစာသင်သားသင်္ဃာတော်အများစုဝေးသီတင်းသုံးတော်
မူကြသည့်ဝတ်တစ်လုံးဘုန်းတော်ကြီးကျောင်းတွင်မြန်မာပြည်မှခေတ္တကြွရောက်တော်မူသည့်
(ဒယ်အိုးဆရာတော်)ဦးသုမင်္ဂလအပါအ၀င်ကျောင်းနေသံင်္ဃာတော်များအားမြန်မာအလုပ်သမားများကစုပေါင်း
ဝါဆိုသင်္ကန်းကပ်လှူခဲ့ကြသည်။
ဝတ်တစ်လုံးကျောင်းတွင်ကျတွင်ကျင်းပသည့်ပွဲသို့ အလှူလာလုပ်သည့်မြန်မာအလုပ်သမား၁၅ဦးခန့် အား
ထိုင်းရဲအချို့က နယ်မြေကျော်သည်ကိုအကြောင်းပြ၍ အလုပ်သမားတစ်ဦးစီဘတ်ငွေ ၅၀၀ တောင်းယူခဲ့သည်။
နောက်ပိုင်းတွင် အကျိုးဆောင် မြန်မာအလုပ်သမားခေါင်းဆောင်များနှုင့် ကျောင်းထိုင်ဆရာတော်ဘုရားတို့ 
မေတ္တာရပ်ခံချက်အရ ထိုင်းရဲများထွက်ခွာသွားခဲ့ကြသည်။
ယမန်နေ့ က ဘန်ကောက်မြို့ဘန်ဘော်နယ်မြေရှိ ငါးသေတ္တာအလုပ်ရုံအနီးတွင် ၄င်းနေရာအခြေစိုက် ထေရ၀ါဒ
ဗုဒ္ဓဘာသာ ယာယီစံကျောင်းအဖွဲ့မှ ဦးဆောင်လျှက် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကိုကျင်းပခဲ့သည်။ဤပွဲသို့ နိုင်ငံတကာသာသနာပြု PhDဒေါက်တာဘွဲ့အ လောင်းလျာ မြန်မာဆရာတော်တစ်ပါးက ကြွရောက်ပြီးတရားတော်ချီးမြှင့်ပါသည်။
ထို့အပြင်အယ်ကရှိုင်၆၃လမ်းတွင်လည်းမြန်မာအလုပ်သမားစုပေါင်း၍မြန်မာသံဃာတော်များအားဝါဆိုသင်္ကန်း
ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဘန်ကောက်၊မဟာချိုင်၊ချင်းမိုင်၊မဲဆောက်နှင့်အခြားမြို့အတော်များများတို့ တွင်လည်း ၀ါဆိုသင်္ကန်းကပ်လှူပွဲ
များကျင်းပခဲ့ကြောင်းသိရှိရသည်။
**သတင်း ... ကိုကျော်သောင်း(ဘန်ကောက်)**

No comments:
Post a Comment