လက်ဖက်ရည်ဆိုင်တွင် သူငယ်ချင်းနှစ်ယောက် ဆုံမိကြသည်။ တစ်ယောက်မှာ လအနည်းငယ်ကမှ အိမ်ထောင် ကျခဲ့သူဖြစ်ပြီး တစ်ယောက်က အိမ်ထောင်သက် ၀ါရင့်တစ်ယောက်ဖြစ်၏။
ပထမလူ။ ။ `မိန်းမများဟာ အလိုက်ကန်းဆိုးမသိဘူးဗျာ။ ယောင်္ကျား မောမောပန်းပန်း အလုပ်က ပြန်ရောက် လာပြီး ခြေဆန့်လက်ဆန့်နားချင်ပြီ၊ သူတို့က ရုပ်ရှင်လိုက်ပို့ဖို့ ပူဆာတတ်တယ်။ မှတ်လောက်အောင် ဆူပစ် လိုက်ရတယ်။´
ဒုတိယလူ။ ။ `အပိုတွေပြောမနေပါနဲ့တော့ဗျာ၊ လိုက်ပြ ခဲ့ရတဲ့ ရုပ်ရှင်ကား ကောင်းမကောင်းသာ ပြောစမ်းပါ´ ဟူ ၏။

** စိန်ငှက်ရိုး **
(ယောင်္ကျားတို့ လောကဟာသများ)

No comments:
Post a Comment