နယူးဇီးလန်ကို သွားဖို့ရက် အနည်းငယ်အလိုမှာ ကျနော်ရဲ့ ဇနီးဖြစ်သူဟာ ချော်လဲပြီး မြီးညှောင်းရိုးနာသွား တယ်။ ဒဏ်ရာသိပ်မပြင်းထန်ပေမယ့် ခရီးရှည်ကြီးကို ထိုင်စီးရမှာ မသက်မသာဖြစ်နေသည်။ ဒီတော့ လေယာဉ်ပေါ်မှာ ဖင်ထိုင်ရာသက်သာအောင်ဆိုပြီး ခွဲစိတ်ခန်းသုံး လေအိပ်ကွင်းတစ်ခုကို ၀ယ်ယူလာခဲ့တယ်။
လေယာဉ်ပေါ်ရောက်ပြီး ထိုင်ခုံမှာ နေရာယူပြီးတာနဲ့ ကျနော်ဟာ ဇနီးသည်အတွက် ဖင်ထိုင်ရအောင် လေအိတ်ကွင်းကို လေမှုတ်သွင်းနေလိုက်ပါတယ်။ အဲဒီအချိန်မှာ `ငါတို့ယူမလာမိဘူးကွာ၊ သူတို့တောင် အသက်ကယ်အင်္ကျီတွေ လေမှုနေကြပြီ´ဆိုကာ နောက်ခုံကနေ တီးတိုးပြောနေသံကို သဲ့သဲ့ ကလေးကြားလိုက်ရတယ်။
** မြဟန်သိန်းမောင် **
(နိုင်ငံတကာ ရယ်စရာဟာသများ)

No comments:
Post a Comment