(မက္ကဆီကိုစီးတီး၊ ဇူလိုင်လ ၂၅-ရက်)
မက္ကဆီကိုပင်လယ်ကွေ့ရေပြင်တွင် ပျံ့နှံ့နေသော ရေနံများကို ကူညီဖယ်ရှားရန်အတွက် ကမ္ဘာ့အကြီးဆုံး ရေနံ ဖယ်ရှားရှင်းလင်းရေးသင်္ဘောကြီး စူပါစကင်မာသည် မက္ကဆီကိုပင်လယ်ကွေ့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဇူလိုင်လ ၂၃-ရက်နေ့က သတင်းထုတ်ပြန်သည်။ မက္ကဆီကိုရေပြင်တွင် ရေနံများပျံ့နှံ့နေသည်ကို ဘီပီကုမ္ပဏီက ရှင်းလင်းဖယ်ရှားနေမှုကို စူပါစကင်မာသင်္ဘောကြီးက ၀ိုင်းဝန်းကူညီဖယ်ရှားရှင်းလင်းပေး မည်ဖြစ်သည်။ စူပါစ ကင်မာသင်္ဘောကြီးသည် အရှည်ပေ ၁၁၀၀ ရှိပြီး ရေပြင်ပေါ်တွင် ပျံ့နှံ့နေသော ရေနံများအား တစ်နေ့လျှင် ရေနံ စည်ပေါင်း ငါးသိန်းခန့် ဖယ်ရှားပေးနိုင်ကြောင်း သိရသည်။ (အင်တာနက်)
** ဂျပန်နိုင်ငံ အလယ်ပိုင်း၌ လေယာဉ်ပျက်ကျ **
ဂျပန်နိုင်ငံ ဆာရီတာမာစီရင်စုတွင် လေယာဉ်ငယ်တစ်စင်း ဇူလိုင်လ ၂၅-ရက်နေ့က ပျက်ကျခဲ့ရာ ကံကောင်းထောက်မစွာဖြင့် လေယာဉ်ပေါ်လိုက်ပါလာသူ ကိုးဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဂျပန်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ဗီယက်နမ်၌ ရေလွှမ်းပြီး မြေပြို **
ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ဟာဂန်ပြည်နယ်တွင် ဇူလိုင်လ ၂၅-ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမှုနှင့် မြေပြိုမှုများ ဖြစ်ပွားရာ ဒေသခံ ၁၀-ဦး သေဆုံးခဲ့ကြောင်း ဗီယက်နမ်ရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
** တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့် **
ကိုးရီးယားကျွန်းဆွယ် အရှေ့ပိုင်းကမ်းလွန်၌ အမေရိကန်နှင့် တောင်ကိုရီးယားတို့က ဇူလိုင်လ ၂၅-ရက်နေ့မှ စတင်ကာ လေရက်ကြာပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်လျက်ရှိကြောင်း၊ လေယာဉ်များနှင့် သင်္ဘောများအပြင် တပ်ဖွဲ့ဝင် ၈၀၀၀ ကျော်တို့ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** အမေရိကန်၌ ရေကာတာတစ်ခုပြိုကျ **
အမေရန်ကနိုင်ငံ လိုဝါပြည်နယ်ရှိ ဒေလ်ဟီရေအိုင်ကြီး၏ ရေကာတာသည် ဇူလိုင်လ ၂၅-ရက်နေ့က မိုးသည်းထန်ပြီး ရေများ တစ်ဟုန်ထိုးစီးဆင်းမှုကြောင့် ရေကာတာပြိုကျခဲ့ရာ ဒေသခံများကို ရွှေ့ပြောင်းပေးခဲ့ရသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** မက္ကဆီကိုပင်လယ်ကွေ့ရေပြင်မှ ရေနံများဖယ်ရှားရန် စူပါစကင်မာသင်္ဘောကြီးရောက်ရှိ **

No comments:
Post a Comment