လီဗာပူးနည်းပြသစ် ရွိုင်ဟော့ဂ်ဆန်သည် အသက် ၂၉-နှစ်အရွယ်ရှိ မန်စီးတီးဘယ်ခံစစ်မှူး ၀ိန်းဘရစ်ခ်ျအား စာ ချုပ်ခေါ်ယူရန် စဉ်းစားနေကြောင်း၊ ကစားသမားအများအပြားခေါ်ယူရန် တာစူနေသော မန်စီးတီးတွင် ၀ိန်းဘရစ် ၏ အခန်းကဏ္ဍအတွက် စိုးရိမ်စရာအခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။ (အင်တာနက်)
** ရာမီရက်စ်အား ဦးအောင်ခေါ်ယူရန် ချဲလ်ဆီးကြံရွယ် **
ချဲလ်ဆီးအသင်းသည် ဘရာဇီးလက်ရွေးစင်အသင်းနှင့် ဘင်ဖီကာကွင်းလယ်ခံစစ်မှူး ရာမီရက်စ်အား ပေါင်းသန်း ၂၀-ပေးခေါ်ယူရန် ကြိုးပမ်းခြင်းဖြင့် ပြိုင်ဘက်ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်တို့အား နောက်ကောက်ချနိုင်ရန် ကြံရွယ်နေသည်။ (အင်တာနက်)
** ဂိုးသမား ပလီတီကိုဆာအား စပါးစာချုပ်ရေးနီးစပ် **
စပါးအသင်းသည် စပါးတပ်မော်စကိုမှ ခရိုအေးရှားဂိုးသမား စတီပီပလီတီကိုဆာအား စာချုပ်ခေါ်ယူရေး နီးစပ်လာပြီဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
** အတ္တလန္တာတင်းနစ်ပြိုင်ပွဲ အီစနာ အကြိုဗိုလ်လုပွဲတက် **
အမေရိကန်နိုင်ငံ အတ္တန္တာမြို့၌ကျင်းပလျက်ရှိသော အတ္တန္တာချန်ပီယံရှစ်တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် တင်းနစ်ကစားသမား ဂျွန်အီစနာသည် ပြိုင်ဘက် အမေရိကန်တင်းနစ်သမား မိုက်ကယ်ရပ်ဆဲလ်အား ပွဲချိန် ၅၆ မိနစ်အတွင်း ၆-၁၊ ၆-၂၊ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကြောင်း၊ အကြိုဗိုလ်လုပွဲတွင် တောင်အာဖရိကမှ ကီဗင်အန်ဒါဆင်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
** ဒရော့ဘာအားခေါ်ယူရန် မဆက်သွယ်ဟု မန်စီးတီးငြင်းပယ် **
မန်စီးတီးအသင်းက ချဲလ်ဆီးတိုက်စစ်မှူး ဒရော့ဘာအား စာချုပ်ခေါ်ယူရန် ဆက်သွယ်ကြိုးပမ်းနေသည်ဟူသော ဒရော့ဘာ၏ အေးဂျင့်မှ ပြောကြားချက်ကို မန်စီးတီးက ငြင်းပယ်ခဲ့သည်။ (အင်တာနက်)
** ဘာလော့တယ်လီအားခေါ်ယူရန် အပြိုင်ကြိုးပမ်းနေ **
အင်တာမီလန်တိုက်စစ်မှူး ဘာလော့တယ်လီအား စာချုပ်ခေါ်ယူရန် ဥရောပထိပ်သီးကလပ်များ အပြိုင်ဈေးပေးပြီး စာချုပ်ရန် ကြိုးပမ်းနေကြသည်။ (အင်တာနက်)
** အကြိုဗိုလ်လုပွဲ ရော့ဒစ်ခ်တက်လှမ်း **
အတ္တလန္တာချန်ပီယံရှစ်တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ကမ္ဘာ့အဆင့်(၉)ရှိ တင်းနစ်ကစားသမား အန်ဒီရော့ဒစ်ခ်သည် ပြိုင်ဘက် အမေရိကန်တင်းနစ်ကစားသမား ရာဂျိဗ်ရမ်အား ၆-၁၊ ၆-၇၊ (၁-၇)၊ ၆-၃ ဖြင့် အနိုင်ရရှိကာ အကြိုဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ကြောင်း၊ အကြိုဗိုလ်လုပွဲတွင် ဇာဗီယာမာလစ်ဆီနှင့် တွေ့ဆုံယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
** မာရှေယာနို အင်တာမီလန်သို့ ပြောင်းရွှေ့ဖွယ် **
လီဗာပူးကွင်းလယ်ကစားသမား မာရှေယာနိုသည် အန်ဖီးလ်မှ ထွက်ခွာဖွယ်ရှိပြီး ၄င်း၏ နည်းပြဟောင်း ရာဖေးလ်ဘင်နီတက်ဇ်ရှိရာ အင်တာမီလန်သို့ ပြောင်းရွှေ့ဖွယ်ရှိသည်။ (အင်တာနက်)
** ရာအူးလ်အား ခေါ်ယူရန် စပါးစီစဉ် **
စပါးအသင်းသည် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရရှိနိုင်သည့် အသက် ၃၃-နှစ်အရွယ်ရှိ ရီးရဲမက်ဒရစ်တိုက်စစ်မှူး ရာအူးလ်အား အခြားပြိုင်ဘက်အသင်းများနှင့် အပြိုင်ခေါ်ယူရန် စီစဉ်နေသည်။ (အင်တာနက်)
** စုစည်းဘာသာပြန် - ချစ်စိုးနိုင် **
** ၀ိန်းဘရစ်ခ်ျအား စာချုပ်ရန် ရွိုင်ဟော့ဂ်ဆန်စဉ်းစား **

No comments:
Post a Comment