မင်္ဂလာပါ ခင်ဗျား…။ ။ မိမိတို့ ချွေးနည်းစာထဲက သဒ္ဓါတတ်အား နည်းများမဆို- ကုသိုလ်တော်ပါဝင် တတ်ကြ တာဟာ ကျနော်တို့ မြန်မာပြည်သားတွေရဲ့ ချစ်စရာဓလေ့ကလေးဖြစ်ပါတယ်။ ဟော… အခုလည်း ကြည့်ပါ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနောက်ဘက် သောင်ရင်းမြစ်ကမ်းနဖူး ဒေသမှာရှိတဲ့ ကျနော်တို့ မြန်မာ ပြည်သားအဖွဲ့ (ခေါ်)မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)က ကြီးမှူးဖွင့်လှစ်ထားတဲ့ `နေ့သစ်´အလယ်တန်းကျောင်းရယ်၊ ကျောင်းသား ၃၆၆ ယောက်ရယ်၊ အဲဒီကျောင်းသားတွေရဲ့ မိဘတွေ ဖြစ်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရယ်၊ သူတို့တတွေရဲ့ စေတနာ သဒ္ဓါတရားတွေရယ်ဆိုတာက တစ် ခုနဲ့ တစ်ခု သံကွင်းဆက်ပမာ ပါပဲ ခင်ဗျာ။
ဝါတွင်း ကာလမို့လို့ `၀ါဆိုသင်္ကန်း´ကို စုပေါင်းကပ်လှူကြတဲ့ အပြင် နေ့သစ်အလက ကျောင်းမှာ (၂၀၁၀- ၂၀၁၁)ခုနှစ် ပညာသင်နှစ်အတွက် မြန်မာအလုပ်သမား(မိဘ)တွေထဲက ကျောင်းကောင်စီဝင်တွေရွေးချယ်ကြ ပြဿနာတွေ စုပေါင်းဆွေးနွေး အဖြေရှာကြ၊ ခန့်အပ်ထားတဲ့ ဆရာသစ် (၃)ဦးကိုလည်း စောင့်ကြည့်ကာလ ၂-လပြည့်သွားတဲ့အတွက် အသိအမှတ်ပြု ခန့်အပ်ကြ ၊ဒီနေ့သစ် အလက ကျောင်းရဲ့ ဒီနေ့ကျရောက်တဲ့ (၅)နှစ်မြောက်ဖြတ်သန်းမှုရယ် (ယခင်မူကြိုကျောင်းနဲ့ ကျောင်းသား ၃၀-ယောက်ကတည်းကပေါ့ဗျာ) အုပ်ချုပ်သူတာဝန်ထမ်းဆောင်ခဲ့သူ၂-ဦး နဲ့ အခုထိကျန်ရှိနေဆဲ၊ တာဝန်ထမ်းဆောင်နေသူ ဆရာ ၂-ဦးကိုလည်း ဂုဏ်ပြုလက်ခုပ်တီးကြ စသဖြင့် အောက်ခြေလူထုလူတန်းစားတွေရဲ့ `ပြည်သူသည်သာ၊ အခရာ၊ အရာရာကို ပြောင်းလဲနိုင်သည်´ ဆိုတာရယ်။ `ခွန်အားမျှဝေ၊ ဒို့တတွေသည်၊ မလွဲမသွေ၊ ပြည်သူတွေအတွက်´ဆိုတာရယ်ကို အပြောမဟုတ်၊ လက်တွေ့ကျကျနဲ့ကိုပဲ မိမိတို့ မြန်မာပြည်သားအဖွဲ့က ပြသလိုက်ပြီ ဖြစ်ပါကြောင်း ဟောဒီလို မီးမောင်းရော (ဓာတ်ပုံဆလိုက်ရှိုးအနေနဲ့ပါ) ထိုးပြ ရည်ညွှန်းပြလိုက်ပါရစေ။
** ပင်ပန်းသရွေ့-အစဉ်ချမ်းမြေ့ပါစေ **
သတင်းမှတ်တမ်း- မြန်မာပြည်သားအဖွဲ့

No comments:
Post a Comment