ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငခရိုင်တကွန်ပါမြိုနယ်နမ့်ခင်းကျေးရွာထိုင်းဘုန်းတော်ကြီးကျောင်းအတွင်းမြန်မာ
အလုပ်သမားများစုပေါင်းဆောက်လုပ်လှူဒါန်းသည့်မြန်မာဗုဒ္ဓဘာသာဘုန်တော်ကြီးကျောင်ရေစက်ချပွဲနှုင့်အတ
ူဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရှိရသည်။
မြန်မာအလုပ်သမားတစ်ထောင့်ငါးရာခန့် ရှိသည့် နမ့်ခင်းကျေးရွာတွင် မြန်မာအလုပ်သမားများစုပေါင်းဖွဲ့ စည်း
ထားသည့်လူမှုကူညီရေးအသင်းကြီးမှဦးဆောင်ဦးရွက်ပြု၍အဆိုပါဘုန်းတော်ကြီးကျောင်းကိုတည်ဆောက်ခဲ့
ခြင်းဖြစ်သည်။ အလှူဖြစ်မြောက်ရေးအကျိုးတော်ဆောင် ကိုဖိုးဇေါ်က....
“ကျနော်အရမ်းဝမ်းသာနေတယ်ဗျာ၊ဘာပြောလို့ ပြောရမှန်းမသိအောင်ပဲ၊လူပေါင်း၅၀၀ ကျော်လောက်ရှိမယ်
ထင်တယ်။ပုလိပ်လည်းမဖမ်းဘူး၊အားလုံးပျော်ပျော်ရွှင်ရွှင်ပဲ၊အမှတ်တရ ဗမာအစားအစာမုန့်ဟင်းခါးချက်ကျွေး
ပါတယ်။ ထမင်းကနေ့ တိုင်းအိမ်မှာစားနေတာပဲ။ ကျနော်တို့ မြန်မာအလုပ်သမားလူငယ်တွေက၊ကျနော်တို့ ဘာလုပ်ရမလဲ၊
ဆိုပြီးနေ့ တိုင်းလာပြီးလုပ်အားပေးတာဝန်တွေကိုယ်စီခွဲပြီးတော့ လုပ်အားဒါနပြီးစီးအောင်ပြုခဲ့ကြ
တာဖြစ်လို့  မရှိမဖြစ်လိုအပ်တဲ့ ဆောက်လုပ်ရေးပစ္စည်းတွေလောက်ပဲဝယ်ရပါတယ်။ဒီနေ့ ကုန်ကျစရိတ်မပါပဲ
မနေ့ ကပေါင်းထားတဲ့စါရင်းအရ အပြီးအစီးထိ ရှစ်သောင်းရှစ်ထောင် ရှစ်ရာသုံးဆယ်ခုနစ်ဘတ်ကုန်ကျခဲ့ပါတယ်၊ဘာပြောချင်လဲဆိုတော့ ကျောင်းဆောက်လုပ်ခွင့်ပေးတဲ့ ထိုင်း
ကျောင်းထိုင်ဆရာတော်ကြီးနဲ့ ထိုင်းအာဏာပိုင်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်”ဟုကြည်နူးဝမ်းမြောက်စွာ
ပြောဆိုသွားသည်။
အဆိုပါတစ်ထပ် မြန်မာဘုန်းတော်ကြီးကျောင်းမှာ ပေ ၆၀ကျော်ပတ်လည်ခန့် ရှိပြီး သက်တော်၃၄နှစ်အရွယ်မြန်မာ သံဃာတော်တစ်ပါးသာသနာပြုတော်မူမည်ဖြစ်သည်။ သက်ဆိုင်ရာတို့ုမှ ခွင့်ပြုမိန်ကျပြီးနောက်မြန်မာအလုပ်သမားများနေရောညပါလက်သမား၊ပန်းရံလုပ်အားပေးတည်ဆောက်ခဲ့ကြခြင်
်းဖြစ်သည်။
ဤဒေသသို့ နောက်ရောက်လာမည့်မြန်မာအလုပ်သမား နှင့်နောင်လာနောက်သားများ မြန်မာဘုန်းတော်
ကြီးကျောင်းကိုကိုးကွယ်ခွင့်ရရန်နှင့် တွေ့ ဆုံခွင့်ရရန်၊အစဉ်အလာကောင်းများဖြစ်ထွန်စေရန်အပြင်ထိုင်းနှင့်
မြန်မာများအကြားနားလည်မှုပိုမိုရရှိစေရန်ရည်ရွယ်ပြီးတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ကိုဖိုးဇေါ်ကပြောပြသည်။
ဒေသအခြေစိုက် GHRE အခြေခံလူထုလူ့အခွင့်အရေးပညာပေးအဖွဲ့မှ အလုပ်သမားရေးရာတာဝန်ခံ ကိုမိုးဝေ
က“ကျနော်တို့ လည်းဒေသတွင်းကလူတွေကိုဝိုင်းဝန်းစည်းရုံးပေးတယ်။ ပြီးတော့ ကျောင်းတစ်ခုလုံးမှာခင်းမယ့်
ကြွေးပြားတွေကို ကျနော်တို့ အဖွဲ့ ကလှူပါတယ်။ကျနော်တို့ထိုင်းတောင်ပိုင်းဖန်ငခရိုင် နန်းထ၀ီရော်ဘာကုမ္ပဏီ ခြံဝင်းအတွင်းမှာမြန်မာတွေစုပေါင်းပြီးတော့မနှစ်က ဘုန်းတော်ကြီးကျောင်းတစ်ဆောင်ဆောက်လုပ်လှူဒါန်းခဲ့
တယ်၊နောက်နေရာတွေမှာလည်း မြန်မာဘုန်းတော်ကြီးကျောင်းတွေပေါ်ပေါက်လာမယ်ဆိုရင် ကျနော်တို့ တတ်
နိုင်သလောက်ကူညီပေးမယ်။ပြီးတော့နေရာတိုင်းမှာ ဒီလိုသာရေးနာရေးအသင်းလေးတွေတည်ထောင်နိုင်
အောင်လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟုပြောသည်။
ထိုင်းနိုင်ငံအတွင်းနေရာတိုင်းတွင်မြန်မာအလုပ်သမားများရှိနေသော်လည်း စုစုစည်းစည်းသာရေးနာရေး
အသင်းငယ်များစတင်ဖွဲ့စည်းခြင်းသည် အခြားရွေ့ပြောင်းအလုပ်သမားရေးဆိုင်ရာကိစ္စရပ်များတို့ ကိုလည်း
ဆက်လက်ဆောင်ရွက်သွားနိုင်ကြောင်း ရောက်လေရာအရပ်တွင်ဖွဲ့ စည်းထားသင့်ကြောင်း GHREမှအလုပ်သ
မားရေးရာတာဝန်ခံကိုမိုးဝေက တိုက်တွန်းပြောဆိုသွားသည်။
ရေစက်ချအလှူမင်္ဂလာပွဲသို့ အခြားမြို့ရွာများတွင်းလည်းဝါဆိုပွဲတော်ရှိနေသဖြင့် ကျောင်းထိုင်မည့်မြန်မာသံင်္ဃာ
တော်တစ်ပါးနှုင့်ကျောင်းရှိ ထိုင်းသံင်္ဃာတော်ဆယ်ပါး၊တို့ ပရိတ်တရားတော်များကိုချီးမြှင့်တော်မူခဲ့ကြသည်။
**ကိုကျော်သောင်း(ဘန်ကောက်)**
**(ဇူလိုင် ၂၇၊၂၀၁၀)**

No comments:
Post a Comment