အင်္ဂလန်ဒိုင်လူကြီး ၀ပ်ဘ်သည် မိမိတို့ စပိန်အသင်းအား ပယ်နယ်တီပြစ်ဒဏ်ဘောမပေးခဲ့ကြောင်း၊ ထို့ကြောင့် နောက်ဆုံးဗိုလ်လုပွဲသည် အချိန်ပိုအထိ ခဲရာခဲဆစ် ယှဉ်ပြိုင်ကစားခဲ့ရကြောင်း စပိန်ည်းပြ ဒဲလ်ဘော့က သတင်းထောက်များအား ပြောကြားသည်။ (အင်တာနက်)
** ကမ္ဘာ့ဖလားပိတ်ပွဲ မင်ဒဲလားနှင့် ဇနီး တက်ရောက်ခဲ့ **
၂၀၁၀ တောင်အာဖရိက၌ကမ္ဘာ့ဖလား ပိတ်ပွဲအခမ်းအနားသို့ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားနှင့် ဇနီးတို့ တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း၊ အအေးဓာတ်လွန်ကဲမှုကြောင့် အချိန်တိုတောင်းစွာ ကြည့်ရှုနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ (အင်တာနက်)
** နယ်သာလန် ဘောလုံးသမားများ ငိုကြွေး **
၂၀၁၀ ကမ္ဘာ့ဖလားဘောလုံး ဗိုလ်လုပွဲ၌ စပိန်အသင်းကို အပြန်အလှန် အကြိတ်အနယ်ကစားပြီး ရှုံးပွဲကြုံတွေ့ကာ ဖလားလက်လွတ်ဆုံးရှုံးခဲ့သဖြင့် နယ်သာလန်ဘောလုံးသမားများ ငိုကြွေးခဲ့ကြကြောင်း၊ နယ်သာလန်ပရိသတ်များလည်း ငိုကြွေးခဲ့ကြကြောင်း တောင်အာဖရိက အားကစားအရာရှိများက ဇူလိုင်လ ၁၂-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
** ကမ္ဘာ့ဖလားဗိုလ်လုပွဲ၌ အနီတစ်ကတ်၊ အ၀ါ ၁၄ ကတ်သုံးခဲ့ **
၂၀၁၀ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲတွင် အနီကတ် တစ်ကတ်၊ အ၀ါ ၁၄ ကတ်အသုံးပြုခဲ့ကြောင်း တောင်အာဖရိက အားကစားအရာရှိက ဇူလိုင်လ ၁၂-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
** ဖလားလက်လွတ်ခဲ့ရခြင်းမှာ ဒိုင်လူကြီးကြောင့်ဟု ဆိုပြန် **
၂၀၁၀ ကမ္ဘာ့ဖလားကို လက်လွတ်ဆုံးရှုံးခဲ့ရခြင်းမှာ ကွင်းလယ်ဒိုင်လူကြီး၏ ဆုံးဖြတ်ချက် အမှားများကြောင့်ဖြစ်ကြောင်း နယ်သာလန်နည်းပြ မာဝှစ်က ပွဲအပြီး သတင်းထောက်များအား ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-အာကာဟိန်း **
** အင်္ဂလန်ဒိုင်လူကြီး ပယ်နယ်တီမပေးခဲ့ဟု ဒဲလ်ဘော့ပြောကြား **

No comments:
Post a Comment