မက္ကဆီကိုပင်လယ်ကွေ့ရေပြင်မှ ယိုစိမ့်ရေနံများကို ဗြိတိသျှရေနံကုမ္ပဏီ ဘီပီမှ ရေယာဉ်များ ရှင်းလင်းရေးဝန်ထမ်းများနှင့် ဇူလိုင်လ ၁၂-ရက်နေ့မှ စတင်ရှင်းလင်းဖယ်ရှားနေပြီဖြစ်ကြောင်း မက္ကဆီကိုစွမ်းအင်အရာရှိများက ဇူလိုင်လ ၁၂-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
** ခိုးဝင်ရန်ကြိုးစားသူများကို အီဂျစ်ဖမ်းဆီး **
အီဂျစ်နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၁၂-ရက်နေ့ နံနက်တွင် အစ္စရေးနိုင်ငံဘက်သို့ ခိုးဝင်ရန် ကြိုးစားသူခြောက်ဦးအား အီဂျစ်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း အီဂျစ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ဗုံးသတင်းကြောင့် ပြင်သစ်လေယာဉ် အရေးပေါ်ဆင်းသက် **
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှ ပြင်သစ်နိုင်ငံ ပါရီမြို့သို့ ဇူလိုင်လ ၁၂-ရက်နေ့က ပျံသန်းလာသော ပြင်သစ်ခရီးသည်တင် လေယာဉ်တစ်စင်းသည် လေယာဉ်ပေါ်တွင် ဗုံးပါရှိသည်ဟူသော သတင်းကြောင့် ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း၌ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း ဘရာဇီးအရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** တရုတ်၌ မုန်တိုင်းတိုက်ခတ်မှု သတိပေး **
တရုတ်နိုင်ငံ လာမည့် သုံးရက်အတွင်း ကိုင်ကျို့၊ ဟူနန်၊ ဟူဘေနှင့် အန်ဟွေးပြည်နယ်များတွင် မုန်တိုင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ဇူလိုင်လ ၁၂-ရက်နေ့၌ သတိပေးချက် ထုတ်ပြန်ထားသည်။ (အင်တာနက်)
** နီပေါ၌ မြေပြို၊ ၁၀-ဦးသေဆုံး **
နီပေါနိုင်ငံ ခတ္တမန္ဒူမြို့အနောက်ဘက် ကာစကီခရိုင်တွင် ဇူလိုင်လ ၁၂-ရက်နေ့ နံနက်က မြေပြိုမှုဖြစ်ပွားရာ ၁၀-ဦးသေဆုံးပြီး နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း ကယ်ဆယ်ရေး နီပေါရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
** ဘေရွတ်၌ လေယာဉ်အရေးပေါ် ဆင်းသက် **
ဘေရွတ်မြို့မှ ရီယာ့ဒ်မြို့သို့ ဇူလိုင်လ ၁၂-ရက်နေ့က ပျံသန်းလာသော ခရီးသည်တင်လေယာဉ်တစ်စင်းသည် လေယာဉ်ကိုယ်ထည်၌ ချွတ်ယွင်းမှုများဖြစ်ပေါ်ခဲ့သဖြင့် ရီယာ့ဒ်မြို့ မရောက်ခင် မြေပြင်၌ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း လက်ဘနွန်သတင်းဌာနက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** မက္ကဆီကို ပင်လယ်ကွေ့ရေပြင်မှ ယိုစိမ့်ရေနံများဖယ်ရှား **

No comments:
Post a Comment