အမေရိကန်နိုင်ငံ နယူးယောက်မြို့ မြေအောက်ဘူတာရုံတွင် ပြီးခဲ့သည့်နှစ်က အသေခံဗုံးခွဲတိုက်ခိုက်သူများနှင့် ဆက်စပ်လျက်ရှိသည့် သံသယဖြစ်ဖွယ်အကြမ်းဖက်သမား ၃-ဦးကို နော်ဝေလုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၉-ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** တောင်အာဖရိကကုမ္ပဏီ အင်ဒိုနီးရှား၌ ရင်းနှီးမြှုပ်နှံမည် **
တောင်အာဖရိကနိုင်ငံမှ သာဆိုလ်နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီက အင်ဒိုနီးရှားနိုင်ငံ၌ ကျောက်မီးသွေး၊ စွမ်းအင်ထုတ်ယူရေးလုပ်ငန်းတွင် အမေရိကန်ဒေါ်လာ ၁၀-ဘီလီယံ ရင်းနှီးမြှုပ်နှံသွားရန် နှစ်ဖက်ထိပ်တန်းကိုယ်စားလှယ်များ ဇူလိုင်လ ၉-ရက်နေ့၌ သဘောတူညီခဲ့ကြကြောင်း အင်ဒိုနီးရှားအရာရှိများက ပြောကြားသည်။ (အင်တာနက်)
** တောင်ကိုရီးယားရှိ ဂျပန်သံရုံး လုံခြုံရေးတိုးမြှင့် **
ဂျပန်ထိပ်တန်းသံတမန်တစ်ဦး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ ဇူလိုင်လ ၈-ရက်နေ့က လာရောက်စဉ် တိုက်ခိုက်ရန် ကြိုးစားသူတစ်ဦး လုပ်ရပ်ကြောင့် ဇူလိုင်လ ၉-ရက်နေ့မှ စတင်ကာ ဆိုးလ်မြို့ရှိ ဂျပန်သံရုံးအနီးတွင် လုံခြုံရေးတိုးမြှင့်ချထားလိုက်ကြောင်း တောက်ကိုရီးယားရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
** ဒေါ်လာဈေးနှုန်း အနည်းငယ်ကျဆင်း **
ကမ္ဘာ့ဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေးနှုန်းများ ကျင်ဆင်းလျက်ရှိရာ ဂျပန်နိုင်ငံ တိုကျိုမြို့ ငွေကြေးဈေးကွက်၌ ဂျပန်ယင်း ၈၈ ယန်းလျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာဖြစ်ခဲ့ကြောင်း ဇူလိုင်လ ၉-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ကမ္ဘောဒီးယားက နေစွမ်းအင် ပိုမိုသုံးစွဲမည် **
ကမ္ဘောဒီးယားနိုင်ငံတစ်ဝန်း ကျေးလက်များတွင် လာမည့်သြရုတ်လ၌ နေစွမ်းအင်ပိုမိုသုံးစွဲနိုင်ရေးအတွက် နေစွမ်းအင်သုံးပစ္စည်းများ ပိုမိုထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားစွမ်းအင်အရာရှိများက ဇူလိုင်လ ၉-ရက်နေ့က သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** မက္ကဆီကို မြောက်ပိုင်းသို့ မုန်တိုင်းဦးတည်နေ **
မက္ကဆီကိုမြောက်ပိုင်းသို့ မုန်တိုင်းတစ်ခု ဦးတည်ရွေ့လျားနေကြောင်း၊ ယင်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းနိုင်မှုဖြစ်ပေါ်နိုင်ကြောင်း မက္ကဆီကို မိုးလေ၀သဌာနမှ ဇူလိုင်လ ၉-ရက်နေ့တွင် သတိပေးချက်ထုတ်ပြန်ထားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** အကြမ်းဖက်သမားဟု သံသယရှိသူ ၃-ဦးအား ဖမ်းဆီး **

No comments:
Post a Comment