ကမ္ဘာ့ဖလား အနိုင်ရဗိုလ်စွဲရေးသည် စပိန်အသင်း၏ ရည်မှန်းချက်ပင်ဖြစ်ကြောင်း စပိန်နောက်တန်းက စားသမား ကားလို့စ်မာချေနာက ပြောကြားသည်။ (အင်တာနက်)
** ကမ္ဘာ့ဖလားရွှေဘောလုံးဆု ဆန်ခါတင်စာရင်း ထုတ်ပြန် **
၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ ရွှေဘောလုံးဆုအတွက် ဆန်ခါတင်ကစားသမား ၁၀-ဦး၏ အမည် စာရင်းကို ဖီဖာက ဇူလိုင်လ ၁၀-ရက်နေ့၌ သတင်းထုတ်ပြန်ခဲ့ရာ စပိန်အသင်းမှ ဒေးဗစ်ဗီလာ၊ ဇာဗီနှင့် အင်နီ ယေစတာတို့လည်း ပါဝင်ကြောင်း၊ နယ်သာလန်အသင်းမှ ရှနိုက်ဒါ၊ ရော်ဘင်တို့ပါဝင်ပြီး၊ ဂျာမနီမှ ရှဝိန်းစ တိန်ဂါနှင့် အိုဇယ်၊ အာဂျင်တီးနားမှ မက်ဆီ၊ ဥရုဂွေးမှ ဖော်လန်၊ ဂါနာမှ အဆာမို့ဂျန်တို့လည်း ပါဝင်ကြသည်။ (အင်တာနက်)

** သမိုင်းစံချိန်သစ်ရေးထိုးမည်ဟု ဒက်ကွတ်ဇ် ပြောကြား **
နောက်ဆုံးဗိုလ်လပွဲ၌ စပိန်ကိုအနိုင်ကစားပြီး နယ်သာလန်အတွက် သမိုင်းစံချိန်သစ်တင်သွားမည်ဟု နယ်သာလန်တိုက်စစ်မှူး ဒက်ကွတ်ဇ်က ပြောကြားသည်။ သုံးကြိမ်မြောက်ဗိုလ်လုပွဲတက်ခဲ့သည့် နယ်သာလန်သည် ဖလားရယူသင့်ပြီဟု ၄င်းက သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသွားသည်။ (အင်တာနက်)
** ရော်ဘင် ပုံမှန်လေ့ကျင့်နိုင်ပြီ **
နယ်သာလန်တောင်ပံကစားသမား ရော်ဘင်သည် အကြိုဗိုလ်လုပွဲ၌ ဥရုဂွေးနှင့် ယျဉ်ပြိုင်ကစားခဲ့သည့်ပွဲ၌ ခြေချင်းဝတ်ဒဏ်ရာ ပြန်လည်နာကျင်မှုဖြစ်ခဲ့သော်လည်း ဇူလိုင်လ ၉-ရက်နေ့၌ ပုံမှန်လေ့ကျင့်နိုင်နေကြောင်း နယ်သာလန်အသင်း တာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
** တောရက်စ် ကြံ့ခိုင်မှုအပြည့်ဖြင့် ပါဝင်ကစားမည် **
၂၀၁၀ ကမ္ဘာ့ဖလားပွဲစဉ်တစ်လျှောက် ခြေစွမ်းမပြနိုင်ခဲ့သော စပိန်တိုက်စ်စမှူး တောရက်စ်သည် နောက်ဆုံးဗိုလ်လုပွဲအဖြစ် နယ်သာလန်နှင့် ကစားမည့်ပွဲ၌ ကြံ့ခိုင်မှုအပြည့်ဖြင့် ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ (အင်တာနက်)
** နယ်သာလန် ပရိသတ်များ ထပ်မံရောက်ရှိလာ **
ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲသို့ အားပေးရန် နယ်သာလန်ပရိသတ် ၂၀၀-ခန့် ဂျိုဟန်နစ္စဘတ်မြို့သို့ ဇူလိုင်လ ၁၀-ရက်နေ့က ရောက်လာကြောင်း နယ်သာလန်အသင်း ယှဉ်ပြိုင်ကစားမှုကို အားပေးမည်ဖြစ်ကြောင်း နယ်သာလန်အသင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ (အင်တာနက်)
** ဗိုလ်လုပွဲအပြီး ဖီဖာဆုများ ကြေညာမည် **
၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲနှင့်ပတ်သက်ပြီး သတ်မှတ်ထားသည့် ဆုများအားလုံးကို ဖီဖာက ဇူလိုင်လ ၁၁-ရက် ဗိုလ်လုပွဲအပြီးတွင် ကြေညာပြီး ဆုများချီးမြှင့်မည်ဖြစ်ကြောင်း ဖီဖာက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ဂျာဘူလာနီဘောလုံး နယ်သာလန်အတွက် အခက်အခဲမရှိ **
၂၀၁၀ ကမ္ဘာ့လားဘောလုံးပြိုင်ပွဲ၌ အသုံးပြုလျက်ရှိသည့် ဂျာဘူလာနီ ဘောုံးမှာ မိမိတို့ နယ်သာလန်ကစားသမားများအတွက် အခက်အခဲပြဿနာ တစ်စုံတစ်ရာမရှိကြောင်း နယ်သာလန်တောင်ပံကစားသမား ရော်ဘင်က ဇူလိုင်လ ၁၀-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-အာကာဟိန်း **
** ကမ္ဘာ့ဖလားရရှိရေးသည် စပိန်အသင်း၏ ရည်မှန်းချက်ဖြစ် **

No comments:
Post a Comment