(နန်ရာ၊ ဇူလိုင်လ ၂-ရက်)
တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဂန်ဆာလေဆိပ်ကို ဇူလိုင်လ ၁-ရက်နေ့က ဖွင့်လှစ်လိုက် သည်။ ယင်းမှာ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စတုတ္ထမြောက် လေဆိပ်ဖြစ်သည်။ လေဆိပ်မှာ မီတာ ၄၂၀၀-ကျယ်၍ ပြေးလမ်းအရှည်မီတာ ၄၅၀၀-ဖြစ်သည်။ အဆိုပါ လေဆိပ်မှာ အမေရိကန်ဒေါ်လာ ၂၄၁ ဒသမ ၂၂ မီလီယံ ကုန်ကျခဲ့ပြီး ၂၀၀၇ ခုနှစ် မေလမှ စတင်တည်ဆောက်ခဲ့သည်။ (ဆင်ဟွာ)
** အီရန်ညူကလီးယားပြဿနာ ဆက်လက်ဆွေးနွေးရန် ရုရှားတိုက်တွန်း **
(မော်စကို၊ ဇူလိုင် ၂-ရက်)
အီရန်ညူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့က တိုက်တွန်းလိုက်ပြီး အီရန်အပေါ် အရေးယူပိတ်ဆို့မှုများမှာ အလုပ်မဖြစ်ကြောင်း ဇူလိုင်လ ၂-ရက်နေ့က ပြောကြားသည်။ ရုရှားအစိုးရက အရေးယူပိတ်ဆို့မှုကို ယုံကြည့်မှုမရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယင်းသို့ ပြုလုပ်ခြင်းဖြင့် လိုလားသည့်ရလဒ်ကို မရရှိနိုင်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။ ရုရှား၊ ပြင်သစ်နှင့် အမေရိကန်တို့က ညူကလီးယား လောင်စာဖလှယ်ရေး အစီအစဉ်ကို ဆွေးနွေးရန် မျှော်လင့်ထားကြသည်ဟု ၄င်းက ပြောကြားသည်။ (အင်တာနက်)
** အယ်လ်ဂျာဇီးရား ရုပ်၊ သံလိုင်း ဗြိတိန်၌ ထုတ်လွှင့် **
ကာတာအခြေစိုက် အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားလိုင်းသည် ဗြိတိန်နိုင်ငံတွင် ဇူလိုင်လ ၁-ရက်နေ့မှ စတင်ထုတ်လွှင့်နေပြီဖြစ်ကြောင်း နေ့စဉ် ညနေ ၆ နာရီမှ ည ၁၁-နာရီအထိ ထုတ်လွှင့်လျက်ရှိကြောင်း အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားလိုင်းက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** လင်ဘနွန်နှင့် ကုလငြိမ်းချမ်းရေးတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက် **
လက်ဘနွန်တပ်ဖွဲ့ဝင်များနှင့် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၂-ရက်နေ့က လက်ဘနွန်တောင်ပိုင်းဒေသများ၌ ပူးတွဲကင်းလှည့်မှုများ ဆောင်ရွက်ကြကြောင်း ဘက်ဘနွန်အရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** အစ္စရေးအတွက် သူလျှိုလုပ်ပေးသူနှစ်ဦး ဖမ်းဆီးခံရ **
လက်ဘနွန်နိုင်ငံသား နှစ်ဦးအား အစ္စရေးတို့အတွက် သူလျှိုလုပ်ပေးမှုကြောင့် ဖမ်းဆီးလိုက်ကြောင်း၊ အစ္စရေးထောက်လှမ်းရေးအဖွဲ့အတွက် သူလျှိုလုပ်ပေးမှုကြောင့် ဖြစ်ကြောင်း လက်ဘနွန်အရာရှိများက ဇူလိုင်လ ၂-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** တိဗက်တွင် စတုတ္ထမြောက် လေဆိပ်ဖွင့် **

No comments:
Post a Comment