တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မြို့တွင် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် အမေရိကန်ပရိသတ် တစ်ဦး ဇူလိုင်လ ၂-ရက်နေ့၌ ဒဏ်ရာရရှိခဲ့ကြောင်း ဂျိုဟန်နစ္စဘတ်မြို့ရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာ နက်)
** တောင်ကိုရီးယားနည်းပြ နုတ်ထွက် **
၂၀၁၀ ကမ္ဘာ့ဖလားပွဲ၌ ဥရုဂွေးကို နှစ်ဂိုး- တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရသော တောင်ကိုရီးယားအသင်းနည်းပြ ဂျန်ဟွတ်မူးသည် နည်းပြအဖြစ်မှ နုတ်ထွက်သွားကြောင်း ဇူလိုင်လ ၂-ရက်နေ့၌ တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ပေါ်တူဂီနည်းပြ ကွီရော့ဇ် နုတ်ထွက်မည်မဟုတ် **
၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှ ထွက်ခဲ့ရသော်လည်း မိမိသည် ပေါ်တူဂီနည်းပြအဖြစ် နုတ်ထွက်မည်မဟုတ်ကြောင်း နည်းပြကွီရော့ဇ်က ဇူလိုင်လ ၂-ရက်နေ့၌ ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)
** ဒိုင်လူကြီးဆိုင်ရာ ဖီဖာဆွေးနွေး **
၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ ကွာတားဖိုင်နယ်၊ အကြိုဗိုလ်လုပွဲနှင့် နောက်ဆုံးဗိုလ်လုပွဲများတွင် ဒိုင်လူကြီးများ၏ တာဝန်ဆောင်ရွက်မှုအပိုင်းအပါအ၀င် အခြားကိစ္စရပ်များကို ဇူလိုင်လ ၂-ရက်နေ့၌ ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-အာကာဟိန်း**
** အမေရိကန်ပရိသတ်တစ်ဦး ပစ်ခတ်ခံရ **

No comments:
Post a Comment