ဆေးရုံ၌ တက်ရောက်ကုသနေသော လူငယ်တစ်ဦးက သူနာပြုဆရာမလေးတစ်ဦးအား လက်ကလေးကိုကိုင် ကာ ပြောလေသည်။
လူငယ်။ ။ ကိုယ်မင်းကို အရမ်းစိတ်ဝင်စားနေပြီကွာ။သူနာပြု။ ။ ဘေးမှာ လူတွေရှိတယ်။
လူငယ်။ ။ ကိုယ် ဂရုမစိုက်နိုင်တော့ဘူး။
သူနာပြု။ ။ အတော်ခက်တာပဲ။
လူငယ်။ ။ ရောဂါလည်း မပျောက်ချင်တော့ဘူး။
သူနာပြု။ ။ ဘာဖြစ်လို့လဲ။
လူငယ်။ ။ ဆေးရုံက မဆင်းချင်တော့လို့။
သူနာပြု။ ။ အဲဒါကတော့ စိတ်ချ။
လူငယ်။ ။ ဘာဖြစ်လို့လဲဟင်။
သူနာပြု။ ။ ရှင် ကျမလက်ကိုကိုင်ပြီး စကားပြောနေတာ ဒေါက်တာတွေ့သွားတယ်။
လူငယ်။ ။ အဲဒီတော့။
သူနာပြု။ ။ သူကလည်း ကျမကိုစိတ်ဝင်စားနေတာဆိုတော့ ရှင့်ရောဂါပျောက်ဖို့မလွယ်တော့ဘူးပေါ့။
လူငယ်။ ။ `ဟေ´
မှတ်ချက်။ ။ ဘ၀အမောပြေ စာမျက်နှာမှ ကူးယူဖော်ပြသည်။
** (ဘ၀အမောပြေ) **

No comments:
Post a Comment