အမျိုးသားတစ်ဦးသည် သူ၏ ထမင်းချက်အား ဤသို့ ပြော၏။
အမျိုးသား။ ။ `မနက်ဖြန်ကျရင် ငါရဲ့ယောက္ခမအဘွားကြီး ဒီကို ရက်ရှည်ရှည်အလည်လာနေလိမ့်မယ်။ ဒီမှာ သူ့အ ကြိုက်ဆုံး ဟင်းလျာ စာရင်းပဲ၊ ရော့… ယူထား´
ထမင်းချက်။ ။ `ဟုတ်ကဲ့ပါ ဆရာ´
အမျိုးသား။ ။ `အေး… အဲဒီစာရင်းထဲက ဟင်းတစ်မျိုးမျိုးများ သူ့ကို ချက်ကျွေးမိရင် မင်း အလုပ်ပြုတ်ပြီ သာမှတ် ပေတော့´ ဟူ၏။

** စိန်ငှက်ရိုး **
(ယောင်္ကျားတို့ လောကဟာသများ)
**(ယောင်္ကျားတို့ လောကဟာသများ)**

No comments:
Post a Comment