ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, July 29, 2010

"အတိတ်သမိုင်းပြန်လှန်တဲ့အခါဆင်ခြင်စရာ"

>
ဒီတနှစ်လောက် အတွင်းဂျာနယ်တွေ ဖတ်ကောင်းလာတယ်။ အရင်ကလိုအရည်မရအဖတ်မရ ဖျော်ဖြေရေး သတင်းတွေအစား နိုင်ငံရေးအကြောင်းဒီမိုကရေစီအကြောင်း၊ရွေးကောက်ပွဲအကြောင်း၊ သတင်းဆောင်းပါး တွေ သူ့ ထက်ငါ ပြိုင်သထက်ပြိုင်အောင် ဖေါ်ပြလာကြတယ်။

**ယောင်ဝါးဝါးအသိ**
ဒီလိုဖေါ်ပြလာကြတာ လူကြီးပိုင်းအတွက်လဲ ကောင်းတယ်။ မကြားရ၊ မပြောရတာကြာပြီဖြစ်တဲ့ စကားတွေကို အားရပါးရဖတ်ပြီး အားရပါးရစားမြုံ့ ပြန်နိုင်ကြတယ်။ လူငယ်လူရွယ်တွေအတွက်လဲ အများကြီးကောင်းတယ်။ အဆက်ပြတ်နေတဲ့ ခေတ်အကြောင်းတွေကို သိကြရတယ်။ ဂျာနယ်တွေကို ကျေးဇူးတင်မိတယ်။ လူငယ်လူ ရွယ် တွေသာမကဘူးအခုချိန်မှာ အသက်(၅၀)တန်းအောင်ရောက်နေသူတွေတောင် ကိုယ့်နိုင်ငံရဲ့  သမိုင်းကိုသေ သေချာချာမှန်မှန်ကန်ကန် သိကြာတာမဟုတ်ဘူး၊ ယောင်ဝါးဝါးလောက်သာ သိကြတာ။ အတိတ်သမိုင်းကို မသိတဲ့အခါကျတော့ အခုပစ္စုပ္ပန်မှာရွေးကောက်ပွဲတို့ ဒီမီုကရေစီတို့ အကြောင်းတွေကို ကြားရတဲ့အခါမှာ ဟိုလူ ပြောလဲဟုတ်နိုးနိုး ဒီလူပြောလဲဟုတ်နိုးနိုးနဲ့ ယောင်ဝါးဝါးဖြစ်ကြနေကြရတယ်။ ကိုယ်တိုင်တိတိကျကျ ဘာမှဆုံး ဖြတ်နိုင်စွမ်းမရှိကြဘူး။

**တအံ့တသြဖြစ်ကြ**
ဂျာနယ်လစ်တွေ ပြန်ပြီးဖေါ်ပြနေကြတဲ့ အတိတ်သမိုင်းကြောင်းတွေ ဖတ်ပြီး တချို့ ဆိုရင်မယုံနိုင်လောက်အောင်ကို ပါးစပ်အဟောင်းသားဖြစ်နေကြတာတွေ့ ရတယ်။
ကာတွန်းတွေတွေ့ ပြန်တော့လည်းဒီလိုသရော်လို့ ရသလား၊ဒီလိုလှောင်လို့ ရသလားနဲ့ တအံ့တသြဖြစ်နေကြတယ်။
ဒါကြောင့်ဂျာနယ်တွေကိုကျေးဇူးတင်တယ်ပြောခဲ့တာ။
ဒါပေမယ့်ဘ၀င်မကျသဘောမတူနိုင်တာတွေလည်းရှိပါတယ်။
ဂျာနယ်တွေကပြန်လည်ဖေါ်ပြတဲ့အတိတ်ဖြစ်ရပ်တွေထဲမှာအများစုကနိုင်ငံရေးသမားအချင်းချင်းကွဲ
ကြပြဲကြတာတွေ တဦးနဲ့ တဦးအပြန်အလှန်ပုတ်ခတ်တာတွေချည်းတွေ့ ရတယ်။
နိုင်ငံရေးဆိုတာကိုယ်တိုင်မကြုံဘူးသူတွေရဲ့  အမြင်မှာနိုင်ငံရေးသမားတွေ ဆိုတာ ဒီလိုဘဲကွဲကြပြဲကြတိုက်ခိုက်နေကြတာဘဲ၊
ဘယ်သူမှမကောင်းပါလားလို့ ယူဆထားစရာဖြစ်နေတယ်။
ဒီနေ့ မြန်မာ့တပ်မတော်ရဲ့ အမတေဖြစ်တဲ့ ရဲဘော်သုံးကျိပ် ဗိုလအောင်ဆန်း၊ဗိုလ်လင်္ကျာ၊ဗိုလ်စင်္ကြာ၊ဗိုလ်နေ၀င်း၊
ဗိုလ်ဇေယျ၊ဗိုလ်ရန်အောင်၊ဗိုလ်မှုးအောင်၊ဗိုလ်ဗလ၊ဗိုလ်တာရာ၊စတဲ့ပဂ္ဂိုလ်တွေအားလုံးဟာ သခင်ဘွဲ့ ခံနိုင်ငံရေးသမား
ဆိုတဲ့အချက်မှေးမှိန်ကွယ်ပျောက်သွားနိုင်ပါတယ်။

**နားမလည်နိုင်ဘူး**
ညီညွတ်ရေးအရေးကြီးပုံကို ပြောချင်လို့ အကွဲအပြဲတွေကို ပြန်ဖေါ်ထုတ်တာဆိုတဲ့အကြောင်းပြချက်ကလည်းမှန်တယ်မထင်ပါဘူး။
ညီညွတ်ရေးအကြောင်းတခြားပြောစရာပြစရာ နမူနာတွေအများကြီးရှိပါတယ်။၁၃၀၀ပြည့်အရေးတော်ပုံကြီးအကြောင်း၊၁၉၂၀၊၁၉၃၆
ကျောင်းသားသပိတ်ကြီးအကြောင်းတို့ ၊နေသူရိန်အစည်းအဝေးကြီးအကြောင်းတို့ ။ပင်လုံညီလာခံအကြောင်းတို့ လိုအကြောင်းတွေ
မနည်းလှပါဘူး။ဒါတွေကိုဇောင်းပေးဖေါ်ထုတ်ခြင်းမပြုဘဲနဲ့ ကွဲတာပြဲတာတွေချည်းဖေါ်ထုတ်နေကြတာတော့ နားမလည်နိုင်အောင်
ဖြစ်ရပါတယ်။လူ့ လောကမှာအမြင်သဘောထားခြင်းမတူကွဲပြားတာဟာလူ့ သဘာဝဖြစ်တယ်။ကဲ့ရဲ့ ရှုတ်ချရမယ့်ကိစ္စမဟုတ်ဘူး၊
နိုင်ငံရေးလုပ်တယ်ဆိုတာကလည်းလူ့ လောကအရေးကိုလုပ်ကြတာဘဲ။အဲဒီတော့သဘောများအယူအဆကွဲပြားတာတွေ ဆွေးနွေးငြင်းခုန်
တာတွေ ရှိမြဲဖြစ်တယ်။

**ငြင်းခုန်တာလူ့ သဘာဝ**
ဆွေးနွေးငြင်းခုန်ခြင်းဟာရန်ဖြစ်တာမဟုတ်ပါဘူး။သမ္မတ အိုဘာမားရဲ့ ကျန်းမာရေးဥပဒေကို အမေရိကန်တစ်နိုင်ငံလုံးငြင်းးခုံခဲ့ကြသလို
လွှတ်တော်နှစ်ရပ်လုံးမှာလည်းငြင်းခုံဆွေးနွေးကြတာပါဘဲ။လွှတ်တော်ထည်းမဲခွဲတဲ့အခါမှာလည်းအိုဘားမားရဲ့ ပါတီကဒီမိုကရက်အမတ်
ကန့် ကွက်မဲပေးသူတွေရှိခဲ့သလို၊ပြိုင်ဘက်ရီပတ်ဘလစ်ကန်အမတ်တွေကထောက်ခံမဲပေးသူလည်းရှိခဲ့ပါတယ်။အဲဒီလိုငြင်းခုန်ခဲ့ကြလို့ 
ကန့် ကွက်/ထောက်ခံမဲပေးခဲ့ကြလို့ ဘယ်ပါတီမှနှစ်ခြမ်းမကွဲသွားသလို ဘယ်အမတ်ကိုမှလည်းသူ့ ပါတီတွေကပုတ်ခတ်မပစ်ခဲ့ကြဘူး။
ဂျပန်နိုင်ငံက LDP ဆိုတဲ့ပါတီကြီးဆိုရင် ဂိုဏ်းအုပ်စုတွေ တစ်ဒါဇင်လောက် တရားဝင်တည်ရှိနေတဲ့ပါတီဖြစ်တယ်။ဒါတောင် LDP
ဟာနိုင်ငံရေးအာဏာကို တစ်လျှောက်လုံးနီးပါး၊ချုပ်ကိုင်ထားနိုင်ခဲပါတယ်။ဂိုဏ်းအုပ်စုတွေကြောင့် ပါတီအစိတ်စိတ်အမွှာမွှာကွဲတာမျိုး
မဖြစ်ခဲ့ပါဘူး။

**သဘောပေါက်သင့်တယ်**
စိတ်ဓါတ်အတွေးအခေါ်ရင့်ကျက်သူတိုင်းငြင်းခုန်တာဟာရန်ဖြစ်တာမဟုတ်၊ကိုယ်နဲ့ အယူအဆမတူတိုင်းရန်သူဖြစ်သွားတာမဟုတ်ဆိုတဲ့
သဘောသဘာဝကိုနားလည်ကြပါတယ်။ဂျာနယ်တွေကဒီအချက်ကိုသဘောပေါက်ထားသင့်တယ်။မီးလောင်ရာလေပင့်သလိုဖြစ်မသွားအောင်
သတိထားဆင်ခြင်သင့်တယ်။ငြင်းခုံတိုင်းရန်ထဖြစ်တာမရင့်ကျက်သေးတဲ့ကလေးတွေရဲ့ အပြုအမှုဖြစ်တယ်။ရင့်ကျက်သူတွေဟာငြင်းတိုင်းရန်
ထမဖြစ်ဘူး၊ကိုယ့်နဲ့ မတူကိုယ့်ရန်သူလို့ သဘောမထားဘူး၊မတူပေမယ့်လက်တွဲမဖြုတ်တမ်းနေချင်ကြတယ်။အိုဘားမားနဲ့ ဟီလာရင်ကလင်တန်
ဟာအကြီးဆုံးပြိုင်ဘက်ကြီးများအဖြစ် တစ်ဦးနဲ့ တစ်ဦးအပြင်းအထန်ဝေဖန်တိုက်ခိုက်ကြငြင်းခုန်ခဲ့ကြတာဘဲ။ဒါပေမယ့်အခုတော့သမ္မတနဲ့ နိုင်ငံခြား
ရေးဝန်ကြီးအဖြစ်လက်တွဲနေနိုင်ခဲ့ကြတယ်။ဒါဟာရင့်ကျက်ခြင်းရဲ့ အကောင်းဆုံးသာဓကဖြစ်တယ်။

**ကျေးဇူးကန်းရာရောက်ရောက်မယ်**
ဂျာနယ်တွေအနေနဲ့ နှောင်းခေတ်လူငယ်တွေကို နိုင်ငံရေးနဲ့ ပက်သက်တဲ့ဗဟုသုတဖြန့် ဝေပေးရာမှာဒီအချက်တွေကို အလေးအနက်ထား
စဉ်းစားပြီးမှပေးသင့်တယ်။နိုင်ငံရေးသမားဆိုတာဘယ်သူမှမကောင်းဘူးဆိုတဲ့ အမြင်မှားတွေဖြစ်ပေါ်စေမယ့်အကြောင်းတွေကိုရှောင်ရှားသင့်
တယ်။လူငယ်တွေလက်ထဲဒီလိုအမြင်မျိုးစွဲသွားရင် နယ်ချဲ့ သမားတွေနဲ့ ဖက်ဆက်တွေကို အသစ်စွန့် တိုက်လိုက်ပြီး တိုင်းပြည်လွှတ်လပ်ရေးရ
အောင် မပစ်ဖပစ်၊အိုးပစ်အိမ်ပစ်၊သားပစ်မယားပစ်၊ဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံ့ကျေးဇူးရှင်ကြီးများကို ကျေးဇူးကန်းရာရောက်သွားပါလိမ့်မယ်။
သတိထားကြ၊ဆင်ခြင်ကြစေလိုပါတယ်။

** "လူထုစိန်ဝင်း" **
(နွယ်နီမဂ္ဂဇင်း အတွဲ(၂၀)အမှတ်(၃)ဇူလှိုင်လ ၂၀၁၀ခုနှစ်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)