ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, July 29, 2010

ခုခံအားကျဆင်းမှုနဲ့ လှေလုပ်သားများသမိုင်း

> **(သက်စွန့် ဆံဖျား မြန်မာရေလုပ်သားများ )**

၁၉၉၀ မတိုင်မှီက ထိုင်းရေလုပ်သားများဈေးကွက်တွင်
လောနိုင်ငံသားများက နေရာယူထားပါသည် ။
မြန်မာပြည်သားအများစုကတော့ ဆိုရှယ်လစ်စနစ်အောက်မှာ
၁၉၇၂ စပြီး ၁၉၈၈နောက်ပိုင်းအထိ ထိုင်းနိုင်ငံနှင့်
မှောင်ခို လုပ်ငန်း အထမ်းသမားလုပ်ကြပါတယ် ။
စွန့် စားသောမြန်မာပြည်မှ လူငယ်များက ကမ်ပူးခြားနယ်စပ်မှာ
ကျောက်တူးခဲ့ရာမှ ဝင်ငွေ သေချာသော လှေလုပ်ငန်းကို ကူး ပြောင်းကြပါ တယ် ။
လှေလုပ်လိုသော လူငယ်များရှာဖွေပေးသူကို ၅၀၀ ဘတ်ပေးပါတယ် ။
လူကုန်ကူးစရာမလိုပါဘူး ။

လှေဆင်းမယ်ဆိုရင် ထိုင်းအပါအဝင် အားလုံးက ကူညီကြပါတယ် ။
လှေဆင်းမည့် လူငယ်ကို ၁ လ ၄ ထောင်နှင့်
၃ လစာ ၁၂၀၀၀ ဘတ် ကြိုတင်ငွေ ထုတ်ပေးပါတယ် ။
ငွေရလွယ်တော့ လူငယ်တွေ အုပ်လိုက်ဆင်းကြပါသည် ။
ရခိုင်ကျော် ကုလားတွေက ဘန်ကောက်မှာ ရိုတီရောင်း ဈေးကွက်လုနေပါပြီ။
လူဝင်မှုကြီးကြပ်ရေးနဲ့ ပုလိပ်ကို အတိုင်အတော အလွန်များလွန်းတော့
မွန် ထားဝယ် ကရင် ရခိုင် ဗမာ လူငယ်တွေ ပင်လယ်ဆင်းကြတာပါ ။
နောက်ပိုင်း ကြိုတင်ငွေ ထုတ်ပြီး လှေပေါ်ကဆင်းပြေးကာ
နောက်လှေရှာပြီး ကြိုတင်ငွေထပ်ယူ ထပ်ပြေးးနဲ့ 
ထိုင်းပုလိပ်တပ်ဖွဲ့ က ဝင်ရောက်နေယူခဲ့ပါတယ် ။
အဲဒီ ၁၉၉၀ နောက်ပိုင်းကစလို့  မြန်မာပြည်သားတွေ
ထိုင်းလှေလုပ်သားနေရာယူခဲ့ဆာပါ ။

မကြာခဏ လူသတ်မှုတွေလည်းဖြစ်ပွားခဲ့ပါတယ် ။
ဝင်ငွေမှန်ပြီး လူပျိုလူလွတ် စွန့် စားသူတွေနေကြတော့လည်း
ညညဆိုနှတ်ခမ်းနီ ရဲရဲလေးတွေက အုပ်လိုက်လေ ။
စောစောပိုင်းက ထိုင်းမလေးတွေ ထင်ထားတာ
နောက်ပိုင်းမှ မြန်မာပြည်ရှမ်းပြည်က
အပျိုလေးတွေလည်းပါတာသိပြီး
အိမ်ထောင်ကြ ကလေးရကြနဲ့ ပေါ့ဗျာ ။
HIV ပညာပေး လုပ်ငန်းက ၁၉၉၈ မှ အစပြုနိုင်တော့
၁၉၉၉ ဆေးစစ်တဲ့အချိန်မှာ တွေ့ ရှိချက်ဟာ
အမြင့်မားဆုံးအဆင့် တွေ့ ပါတော့တယ် ။
၅ ရာခိုင်နုံးတဲ့ အုပ်စုလိုက် ပျော်ပါးပြီး ရောဂါဆိုးကြီးကို
မသိကြဘဲ ပျော်မြူးနေခဲ့ကြတာပါ ။
၁၉၈၅ လောက်ကထဲက HIV ပိုး ထိုင်းနိုင်ငံထဲဝင်လာတယ်ဆိုတာ
ကျန်းမာရေးဝန်ကြီးဌါနက တရားဝင် ကြေညာခဲ့ပါတယ် ။
အင်္ဂလိပ်လို အားနည်းတဲ့ထိုင်းဝန်ထမ်းတွေနဲ့
ထိုင်းစကားမတတ်တဲ့ မြန်မာပြည်သားတွေ ကြောင့်
မသေသင့်ဘဲ ထောင်နဲ့ ချီပြီးသေခဲ့ကြတယ် ။
ကလေးတွေ မိဘမဲ့ဖြစ်ကုန်တယ် ။

အဲဒီကာလ ပတ်ဝန်းကျင်လောက်မှာ
ပညာပေး ဗဟုသုတ မရှိတာကြောင့်
ရိုးရာကိုင်တာ ဒေသနတ်ကိုင်တာ
ဟိုကောင်မ ပြုစားတာ နဲ့ 
အလောင်းတွေထပ်နေပြီး လူသေ အနီးကိုမကပ်ရဲကြပါဘူး
ကျွန်တော် မကြာခဏ သဂြိုလ်ပေးခဲ့ဘူးပါတယ် ။

**ခုခံအားကျဆင်းမှု ရောဂါကူးဆက်ရန် အများဆုံး အခြေအနေများ**
၁ မိန်းကလေးများဖြင့် အပျော်အပါးလိုက်စားရာတွင် ရာဘာအစွပ်မသုံးခြင်း
၂ ဆေးထိုးအပ် တချောင်းကို ဝေမျှသုံးစွဲံခြင်း
၃ ဘလိပ်ဒါး ခြေသည်းညှပ် လက်သည်းညှပ် နားဖါကလော် စသည့် သွေးထွက်စေနိုင်သော
ပစ္စည်းများကို ဝေမျှသုံးစွဲခြင်း
၎ မိခင်မှ တဆင့် ရင်သွေးကို ကူးစက်ရန် ဖြစ်နိုင်ခြင်းတို့ ဖြစ်ပါသည် ။

( ၁၉၉၉ နိုဝင်ဘာလ အထိ မဟာချိုင်းဒေသရှိ မြန်မာနိုင်ငံသားများကို
လက်မှတ်လုပ်ရန် သွေးဖေါက်ရာတွင် ၃.၅ ရာခိုင်နူံး တွင် အေအိုင်ဒီအက် ရှိနေသည်ကို
ကိုယ်တိုင်ဓါတ်ခွဲ စစ်ဆေး တွေ့ ရပါသည်။
ယူအန်မှ ကျင်းပသော အရှေ့ တောင်အာရှ ခုခံအားကျဆင်းမှု အစည်းအဝေးတွင်
မြန်မာကျန်းမာရေးဝန်ကြီးက ရှက်ရှက်နဲ့ ဒေါသတကြီး လက်ခံပြီး
မြန်မာပြည်တွင် ခုခံအားကျဆင်းမှု တိုက်ဖျက်ရေး လက်ခံခဲ့ပါသည် ။

ရောဂါရသူများ မြန်မာပြည်သို့ ပြန်ရာတွင် ကိုယ်တိုင်စီစဉ် လိုက်ပို့ ခဲ့သည် ။
လူမှုရေးတွေများလွန်းလာတော့ လူထုပေးငွေနဲ့ ရပ်တည်ခဲ့ပါတယ် ။
၁၉၉၉ အစည်းအဝေး မှာ ဒုတိယ သဘာပတိ ဆောင်ရွတ်ရန်
ဘောင်းဘီရှည်မရှိလို့ ထိုင်းသူနာပြုတဦး၏
မိန်းမ ဘောင်းဘီ ငှားပြီးဝတ်ခဲ့ရပါသည် )

**မေးခွန်း **
လက်သုတ်စုံ ရောင်းသောမိန်းမတယောက်တွင် ယောက်ကျား ထံမှ ခုခံအားကျဆင်းမှု ရောဂါရရှိနေပါသည် ။
ဆင်းရဲသောကြောင့် ခြင်ထောင် တခုတည်း အိပ်သောကြောင့် ဒီရောဂါ ရနိုင်ပါသလား
ခြင်မှတဆင့်ကူးစက်နိုင်ပါသလား
ကြက်သွန်လှီးရင်း လက်ကို ဓါးထိတာ မသိလိုက်ဘဲ အသုတ်ထဲသို့  ရောဂါပိုးပါသွားပါတယ် ။
အသုတ်စားသူကို ရောဂါ ကူးနိုင်ပါသလား
ရာဘာအစွပ် ကောင်းမကောင်း ဘယ်လို စမ်းသပ်ကြည့်ရင် ရပါမလဲ ။
မဂ်လာဆောင်ရန်ဆေးစစ်ကြည့်မှ တယောက်ယောက်တွင် ခုခံအားကျဆင်းမှု ရှိနေလျှင်
သဘောထားကြီးကြီး နဲ့  ချစ်ခရီးလမ်း ဆက်လျှောက်နိုင်ပါ့မလား
ရောဂါပိုးဟာ လေထဲမှာ ဘယ်လောက်ကြာအောင် အသက်ရှင်နိုင်ပါသလဲ ။
အချိန်ရင် ဆက်ပြီး ကိုယ်နားနဲ့ ကြားခဲ့ရသော ဇာတ်လမ်းများဆက်ရေးပါမယ် ။
မြန်မာပြည်သားများ
အာဏာရှင်နဲ့ အတူ ခုခံအားကျဆင်းမှု ရောဂါမှ ကင်းဝေးကြပါစေ ။

**ဌေးတင့် (နယ်သာလန်)**

**(သက်စွန့် ဆံဖျား မြန်မာရေလုပ်သားများ )**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)