** ဂျာမနီဓားစာခံနှစ်ဦး ပြန်လွတ်လာ **
ဆူဒန်နိုင်ငံ ဒါဖာဒေသတွင် ဂျာမနီကူညီထောက်ပံ့ရေး အလုပ်သမားနှစ်ဦးအား ဒါဖာလက်နက်ကိုင်များက ဓားစာခံ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဇူလိုင်လ ၂၈-ရက်နေ့၌ ပြန်လည်လွှတ်ပေးလိုက်ကြောင်း ဆူဒန်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ပါကစ္စတန်မြောက်ပိုင်း၌ ခရီးသည်တင်လေယာဉ်ပျက်ကျ ခရီးသည်နှင့် ၀န်ထမ်း ၁၅၂ ဦးသေဆုံး **
(အစ္စလမ္မာဘတ်၊ ဇူလိုင်လ ၂၈-ရက်)
ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းတွင် ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း စုစုပေါင်း ၁၅၂ ဦးတင်ဆောင် ပျံသန်းလာသော လေယာဉ်တစ်စင်း ဇူလိုင်လ ၂၈-ရက်နေ့က ပျက်ကျခဲ့ရာ လေယာဉ်ပေါ် ပါရှိသူအားလုံးသေဆုံးခဲ့ကြောင်း ပါကစ္စတန်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ဂျပန်၌ လေယာဉ်ငယ်တစ်စင်း ပျံသန်းစဉ်ပျောက်ဆုံး **
ဂျပန်နိုင်ငံ နီဂါတာမြို့လေဆိပ်မှ ဇူလိုင်လ ၂၈-ရက်နေ့ နံနက် ၈-နာရီ မိနစ် ၅၀-၌ စတင်ပျံသန်းလာသော လေယာဉ်ငယ်တစ်စင်းသည် အိုကာဒါမာလေဆိပ်သို့သတ်မှတ်ချိန်အတွင်း ဆိုက်ရောက်လာခြင်းမရှိဘဲ ပျောက်ဆုံးလျက်ရှိကြောင်း ရှာဖွေမှု ပြုလုပ်လျက်ရှိကြောင်း ဂျပန်လေကြောင်း အရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** အင်ဒိုနီးရှား၌ ရင်းနှီးမြှုပ်နှံမှု စင်္ကာပူအများဆုံးဖြစ် **
စင်္ကာပူနိုင်ငံက အင်ဒိုနီးရှားနိုင်ငံတွင် စီမံကိန်း ၁၅၆ ခုအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားရာ အင်ဒိုနီးရှား၌ ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်လာကြောင်း အင်ဒိုနီးရှားအရာရှိများက ဇူလိုင်၌ ပြောကြားသည်။ (အင်တာနက်)
** ပေါ်တူဂီအလယ်ပိုင်းနှင့် မြောက်ပိုင်း၌ တောမီးလောင် **
ပေါ်တူဂီနိုင်ငံအလယ်ပိုင်း ရီဘောဒီလိုနှင့် မြောက်ပိုင်း ဘီရာဂါပြည်နယ်တို့တွင် ဇူလိုင်လ ၂၈-ရက်နေ့က တောမီးများလောင်ကျွမ်းရာ မီးသတ်တပ်ဖွဲ့ဝင် ၁၀၀-ကျော်က မီးသတ်ယာဉ် ၂၉-စီးနှင့် ရဟတ်ယာဉ်များသုံးကာ မီးငြှိမ်းသတ်နေကြောင်း ပေါ်တူဂီအရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ရုရှားသုတေသနသင်္ဘော အာတိတ်သမုဒ္ဒရာသို့ ထွက်ခွာ **
ရုရှားသုတေသနသင်္ဘော အကယ်ဒမစ်ဖီဒိုရော့ဗ်သည် အာတိတ်သမုဒ္ဒရာ၌ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် ဇူလိုင်လ ၂၈-ရက်နေ့တွင် ထွက်ခွာသွားကြောင်း ရုရှားအရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ပါကစ္စတန်၌ လေယာဉ်ငယ်တစ်စင်းပျက်ကျ **
ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလမ္မာဘတ်မြို့အနီးတွင် ဇူလိုင်လ ၂၈-ရက်နေ့ နံနက်က တောင်တစ်တောင်နှင့် ၀င်တိုက်မိကာ လေယာဉ်ပျက်ကျခဲ့ကြောင်း ဇူလိုင်လ ၂၈-ရက်နေ့က သတင်း ထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **

No comments:
Post a Comment