**(ဇူလိုင် ၂၉၊၂၀၁၀)**
ယမန်နေ့ ည က ဘန်ကောက်မြို့အနီးမဟာချိုင် မူစီရပ်ကွက် ၀တ်ထစ်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း
တရားပွဲကျင်းပပြီး ယနေ့ တွင်ဆရာတော်နှင့်အဖွဲ့ မြန်မာပြည်သို့ ပြန်ကြွမည်ဖြစ်သည်။
ဘုန်းကြီးကျောင်းဝင်းအတွင်း ထောင်ပေါင်းများစွာသော မဟာချိုင်အရပ်ရှိ ရွေ့ပြောင်းမြန်မာအလုပ်သမား
များအား “သေလူနှင့် ရှင်လူ”အမည်ရှိသည့် တရားတော်ကိုချီးမြှင့်တော်မူသည်။
ဆရာတော်တရားတော်ထဲတွင် “ထိုင်းနိုင်ငံတိုးတက်နေခြင်းမှာ စိတ်ဓါတ်ကြောင့်ဖြစ်ကြောင်း၊စိတ်အဆင့်မြင့်
သူတို့ မည်သည်မှာ သူတစ်ပါးကိုအထင်သေးခြင်း၊နှိမ့်ချဆက်ဆံခြင်းမရှိခြင်းများအပြင် စည်းကမ်းရှိခြင်းတို့ 
ကြောင့်ဖြစ်ကြောင်း၊မိမိတို့ ရောက်ရှိနေသည့်တိုင်းပြည်ကိုကျေးဇူးတင်သင့်ပြီး၊ကောင်းသောအကျင့်စရိတ်များ
ကိုအတုယူသင့်ကြောင်း၊ပြီးခဲ့သည့်နှစ်၂၀ ခန့် ကထိုင်းနှင့်မြန်မာဘာမှမကွာသေးကြောင်း၊ယနေ့ ထိုင်းနိုင်ငံက
အထက်ကိုတက်နေပြီး၊မြန်မာနိုင်ငံက အောက်ကိုထိုးဆင်းနေကြောင်း၊ဆင်းရဲခြင်းချမ်းသာခြင်း၊တိုးတက်ခြင်း
နိမ့်ကျခြင်းတို့ အားလုံးမှာ စိတ်ဓါတ်နှင့်သာဆိုင်ကြောင်း၊လောကော၊လောကကြီးကို စိတ်တေန စိတ်ကသာ
ဆောင်ကြောင်း။ထိုင်းနိုင်ငံမှာလမ်း၊အဆောက်အဦးနှင့်လူနေမှုအဆင့်အတန်းများတိုးတက်နေခြင်းမှာ ထိုင်း
လူမျိုးတို့ စိတ်ဓါတ်အဆင့်မြင့်နေသဖြင့် မြင့်လာခြင်းဖြစ်ကြောင်း။မြန်မာများထက်စိတ်ဓါတ်မြင့်နေသဖြင့်
မြန်မာများထက် တိုးတက်နေကြောင်း”ထောက်ပြဟောပြောမိန့် တော်မူသည်။
တိုးတက်နေသည့်တိုင်းပြည်တိုင်းစိတ်ဓါတ်များအဆင့်မြင့်ခြင်းကြောင့်ဖြစ်ကြောင်း၊သခင်စိတ်၊ကျွန်စိတ်၂ခု
အနက်သခင်စိတ်ဖြစ်အောင်ကျင့်ကြံရမည်ဖြစ်ကြောင်း၊ဖြစ်စေသတည်းဟူ၍ဖြစ်လာမည်မဟုတ်ပဲ၊အောက်
တမ်းကျသည့်စိတ်ဓါတ်များကိုမမွေးမြူပဲ၊အဆင့်မြင့်သည့်သခင်စိတ်ဓါတ်များရှိအောင်အစဉ်တစ်စိုက်ကြိုးစား
မှ မြန်မာလူမျိုး၊မြန်မာပြည်ကြီးတိုးတက်လာမည်ဖြစ်ကြောင်း၊စိတ်ပိုင်းဆိုင်ရာ ဆင်ခြင်စရာ၊လိုက်နာကျင့်ကြံ
စရာများကိုဟောကြားသွားသည်။
တရားပွဲတော်စီစဉ်သူတစ်ဦးအပါအ၀င်ဖြစ်သူ ဦးအောင်ကျော်က“မြန်မာလူငယ်များအနေဖြင့်ဘာသာတရားနှင့်
နီးစပ်မှုရှိစေရန်စီစဉ်ခြင်းဖြစ်ကြောင်း၊ဦးသုမင်္ဂလာ တရားခွေများကို လူငယ်တိုင်းနားထောင်ပြီးသဘောကျတယ်၊
လူငယ်တွေနားလည်အောင်ဘွင်းဘွင်းရှင်းရှင်းဟောတယ်၊ဒါကြောင့်လူငယ်တွေဒီလောက်အထိ တရားလာနာ
ကြတယ်လို့ ကျနော်ထင်တယ်”ဟုပြောသည်။
တရားပွဲမစမီနှင့်တရားပွဲအစပိုင်းတွင် မိုးရွာသွန်းခဲ့သော်လည်း တရားနာကြွရောက်လာသည့်မြန်မာပရိတ်သတ်
များမှာ ကြည်ညိုသဒါတရားပြင်းပြစွာဖြင့် မိုးရေစိုးခံပြီးတရားပွဲပြီးဆုံးသည်အထိ တရားတော်ကိုနာယူကြသည်။
ဆယ်ကျော်သက်အရွယ်မြန်မာအလုပ်သမား မောင်မောင်က“ကျနော်တို့ ဆင်ခြင်စရာတရားတွေကိုဟောတဲ့
ပုဂ္ဂိုလ်ဖြစ်ပါတယ်၊လိုက်နာကျင့်သုံးရမယ်လို့ လည်းလူငယ်တစ်ယောက်အနေနဲ့ ခံယူပါတယ်။
ဦးသုမင်္ဂလ ကိုယ်တော်သည် ၂၇ ရက်နေ့ ညနေပိုင်က မဟာချိုင် ထိုင်းယူနီယံဘောလုံးကွင်းတွင်ည တရားပွဲ
ကျင်းပခဲ့ပြီးနောက် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှ မြန်မာအလုပ်သမားများပင့်ဖိတ်လျှောက်ထားချက်အရ
ကားလမ်းဖြင့်ကြွရောက်ခဲ့ပြီး ၂၈ ရက်နေ့ မနက်ပိုင်းတွင် တရားသဘင်ဆင်ယင်ကျင်းပခဲ့သည်။ တရားပွဲပြီးစီး
ပြီး ချက်ခြင်း ကားဖြင့်မဟာချိုင်သို့ ကြွရောက်ခဲ့သည်။
နောက်လူငယ် အောင်ကို ဆိုသည့် အလုပ်သမားငယ်တစ်ဦးက“ကျနော်တို့ အလုပ်ထဲမှာပဲအချိန်ပြည့်နေရတဲ့
လူတွေဖြစ်ပါတယ်။ဒီလိုတရားပွဲတွေကျင်းပပေးတာကျေးဇူးတင်ပါတယ်”ဟုပြောဆိုသွားသည်။ အဆင့်အတန်း
နိမ့်ကျနေသော၊မြန်မာနိုင်ငံ၊မြန်မာလူမျိုး၊နိမ့်ကျနေသော ဗုဒ္ဓဘာသာနှင့်အစအစပျက်စီးနေသည့်မြန်မာနိုင်ငံ
အကြောင်းအရာများကို မည်သူ့မျက်နှာမှမထောက်ပဲပြတ်ပြတ်သားသားဟောကြောခြင်းဖြင့် နိုင်ငံကျော်လာသည့် ဓမ္မကထိကဆရာတော်ဦးသုမင်္ဂလ ခေါ် ဒယ်အိုးဆရာတော်အား ဤတရားပွဲမှ ဘတ်ငွေ
တစ်သိန်းကိုးရာတိတိကို အလုပ်သမား
သတင်း ... ကိုကျော်သောင်း(ဘန်ကောက်)

No comments:
Post a Comment