မိဘနှစ်ပါးရဲ့ ဘ၀မျက်ရည်သံလမ်းပေါ်မှာ
စွန့်စားမောင်းနှင်ခဲ့တယ် …။
**တခါတခါ
လမ်းခုလတ်မှာ ယာယီနားလိုက်ချင်ပေမယ့်
ရှက်တယ်
ကြောက်တယ်
ရှင်လျက် တသက်စာ
မျက်နှာငယ်နေရမယ်
မေမေက
ဒါမျိုးကို သံသရာအဆက်ဆက် ခွင့်လွှတ်မှာမဟုတ်ဘူးလို့
အလေးအနက် မှာလိုက်တယ်လေ ...။
**တခါတခါတော့
ထင်မှတ်မထားတဲ့ ဇာတ်တွေက
အသည်းထဲထိနာတယ် မေမေ …။
**ခု …
ကျနော် ခေတ္တရောက်ရှိနေတဲ့အရပ်
ဒီနှစ်မှာ ၀ါသာမထပ်ခဲ့ရင်
ဝါဆို၊ ၀ါခေါင် ရေဖောင်ဖောင်ဖြစ်ရမှာ
ခုတော့
ဝါဆို၊ ၀ါခေါင် နွေခေါင်ခေါင်ကြီး ...။
**ဘယ်ဘူတာမှာမှ မနားခဲ့ပါဘူး
ခရီးဆုံးထိ မောင်းနှင်သွားဖို့ပါ
ရိုးမြေကျတဲ့အထိ ...။ ။
**ကမာပုလဲ**
**ယုံကြည်ချက်ကို
မိဘနှစ်ပါးရဲ့ ဘ၀မျက်ရည်သံလမ်းပေါ်မှာ
စွန့်စားမောင်းနှင်ခဲ့တယ် …။
**တခါတခါ
လမ်းခုလတ်မှာ ယာယီနားလိုက်ချင်ပေမယ့်
ရှက်တယ်
ကြောက်တယ်
ရှင်လျက် တသက်စာ
မျက်နှာငယ်နေရမယ်
မေမေက
ဒါမျိုးကို သံသရာအဆက်ဆက် ခွင့်လွှတ်မှာမဟုတ်ဘူးလို့
အလေးအနက် မှာလိုက်တယ်လေ ...။
**တခါတခါတော့
ထင်မှတ်မထားတဲ့ ဇာတ်တွေက
အသည်းထဲထိနာတယ် မေမေ …။
**ခု …
ကျနော် ခေတ္တရောက်ရှိနေတဲ့အရပ်
ဒီနှစ်မှာ ၀ါသာမထပ်ခဲ့ရင်
ဝါဆို၊ ၀ါခေါင် ရေဖောင်ဖောင်ဖြစ်ရမှာ
ခုတော့
ဝါဆို၊ ၀ါခေါင် နွေခေါင်ခေါင်ကြီး ...။
**ဘယ်ဘူတာမှာမှ မနားခဲ့ပါဘူး
ခရီးဆုံးထိ မောင်းနှင်သွားဖို့ပါ
ရိုးမြေကျတဲ့အထိ ...။ ။
**ကမာပုလဲ**


No comments:
Post a Comment