(မြူးနစ်၊ ဇူလိုင်လ ၁၉-ရက်)
၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကာလအတွင်း ဂျာမနီအသင်း၏ အနိုင်၊ အရှုံး ကြိုတင်ဟောကိန်းထုတ်ခြင်းဖြင့် နာမည်ကြီးခဲ့သည့် ရေဘ၀ဲပေါလ်အား စပိန်နိုင်ငံက လွှဲပြောင်းပေးရန် မေတ္တာရပ်ခံတောင်းဆိုလာမှုကို ဂျာမနီနိုင်ငံရှိ တိရစ္ဆာန်ရုံတစ်ရုံက ငြင်းပယ်လိုက်သည်။ စပိန်နိုင်ငံက ရေဘ၀ဲပေါလ်အား ဂုဏ်ပြုသောအားဖြင့် စပိန်မြို့ကြီးတစ်မြို့ ကို
ရေဘ၀ဲဟု အမည်ပြောင်းလဲခေါ်ဆိုရန် စီစဉ်နေပြီး နွေရာသီအားကစားပြိုင်ပွဲကိုလည်း ရေဘ၀ဲအမည်ဖြင့် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ (အင်တာနက်)
** မိုနာလီဇာ ပန်းချီကား လျှို့ဝှက်ချက်များ ပြင်သစ်ပညာရှင်တို့ ဆန်းစစ်ဖော်ထုတ် **
(ပေကျင်း၊ ဇူလိုင်လ ၁၉-ရက်)
ပြင်သစ် သုတေသနပညာရှင်တို့သည် ကမ္ဘာကျော် ပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်စီ ရေးဆွဲခဲ့သော မိုနာလီဇာ အမည်ရှိ ပန်းချီကားအပါအ၀င် ပန်းချီးကားများကို သုတေသနပြု ဆန်းစစ်လေ့လာခဲ့ပြီးဖြစ်ရာ မိုနာလီဇာ၏ အပြုံး လျှို့ဝှက်ချက်များ ထုတ်ဖော်နိုင်တော့မည်ဟု ဆိုသည်။ စဖူမာတိုဟုခေါ်သော နည်းပညာကို ပန်းချီဆရာ ဒါဗင်စီက အသုံးပြုရေးဆွဲခဲ့သဖြင့် မိုနာလီဇာအပြုံးပန်းချီကားသည် ကမ္ဘာကျော်ခဲ့သည်ဟု ၄င်းတို့က သုံးသပ်ထားသည်။ ထိုပန်းချီကားကို အသေးစိတ်အချက်အလက်များ ရှာဖွေနိုင်မည့် ဆော့ဖ်ဝဲအသစ်တစ်ခုကိုလည်း ထုတ်လုပ်ထားပြီဖြစ်ကြောင်း ပန်းချီဆရာ
ဒါဗင်စီက ယင်းပန်းချီကားတွင် ဆီဆေးနှင့် ရေးဆေးအသုံးပြုခဲ့ကြောင်း ၀ါရင့်သုတေသနပညာရှင် ဖီးလစ်ပီဝေါလ်တာက ပြောကြားသည်။ (အင်တာနက်)
.** ပြင်သစ်အနောက်တောင်ပိုင်း၌ ကမ္ဘာလှည့်ခရီးသည်တင် လေယာဉ်ပျက်ကျ **
(ပါရီ၊ ဇူလိုင်လ ၁၉-ရက်)
ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းတွင် ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးလေယာဉ်ငယ်တစ်စင်း ဇူလိုင်လ ၁၉-ရက်နေ့ နံနက် ၈-နာရီခန့်က ပျက်ကျသွားခဲ့ကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြသည်။ အဆိုပါ လေယာဉ်အား မောင်းနှင်သူ အသက် ၆၃-နှစ်အရွယ်ရှိ လေယာဉ်မှူးမှာ လေယာဉ်ပျက်ကျရာ၌ သေဆုံးသွားခဲ့သည်။ ကျန်ခရီးသည်များမှာ ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်ကင်းခဲ့ကြောင်း လေယာဉ်တာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
** ဂရိနိုင်ငံ အေသင်မြို့အနီး တောမီးလောင် **
ဂရိနိုင်ငံ အေသင်မြို့အနီးတွင် ဇူလိုင်လ ၁၉-ရက်နေ့ နံနက်က တောမီးလောင်မှုဖြစ်ပွားရာ နေအိမ်များနှင့် ကောက်ပဲသီးနှံစိုက်ခင်းများ မီးလောင်ကျွမ်းခံရကြောင်း၊ အနီးဝန်းကျင်၌နေထိုင်သူများကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း အေသင်မြို့ မီးသတ်တပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
** ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းကျဆင်း **
ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးနှုန်းများ ကျဆင်းလျက်ရှိရာ တရုတ်နိုင်ငံ ဟောင်ကောင်ဈေးကွက်တွင် ဇူလိုင်လ ၁၉-ရက်နေ့က ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၉၂ ဒသမ ၃၁ ဒေါ်လာ အထိကျဆင်းခဲ့ကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ပါပူဝါနယူးဂီနီ၌ အင်အားပြင်းငလျင်လှုပ် **
ပါပူဝါနယူးဂီနီနိုင်ငံ ကမ်းလွန်တွင် ဇူလိုင်လ ၁၉-ရက်နေ့က ရစ်ခ်ျတာစကေး ၇ ဒသမ ၃-ရှိ အင်အားပြင်းငလျင်လှုပ်ခဲ့ကြောင်း ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိကြောင်း ပါပူဝါနယူးဂီနီအရာရှိများက ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** ရေဘ၀ဲပေါလ်အား စပိန်တောင်းဆိုမှု ကိုဂျာမနီနိုင်ငံ ငြင်းပယ် **

No comments:
Post a Comment