ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, July 13, 2010

ရှစ်လေးလုံးစိတ်ဓာတ်(၃)

> ၁၉၄၀၊ဇွန်လ(၁)ရက်နေ့ ဟင်္သာတစီရင်စု၊ ဇလွန်မြို့ ဒိုဗမာအစည်းအရုံးညီလာခံ အပြီး ညပိုင်းတရားပွဲတွင် သခင်အောင်ဆန်းနှင့် သခင်တင်မောင်(ကျုံမငေး)တို့  ဟောပြောကြ လေသည် ။ ထိုအခိုက် ပုလပ်အရာရှိတဦးရောက်လာပြီး သခင်အောင်ဆန်းအား စာတစောင် ပေးလေသည်။ ထိုစာမှာ သခင်အောင်ဆန်းအား ချင်းတောင်နယ်အကြောင်း ထည့်မဟော ပြောရန် ဗြိတိသျှအစိုးရမှတားမြစ်သည့်အမိန့်စာဖြစ်သည်။ ဒါပသိ သခင်အောင်ဆန်းကတော့ ထိုတားမြစ်မိန့်အားစိုးစဉ်းမျှဂရုမစိုက်ဘဲ ဒို့ဗမာအစည်းအရုံးဝင် ချင်းခေါင်းဆောင် သခင်ဝမ်းသူ မောင်အား ကိုယ်မှာကြိုးကွင်းစွပ်ဖမ်းခေါ်လာပြီး မြေပြင်မှာ မြင်းနဲ့ဒရွတ်တိုက်ဆွဲ လက်တွေ့ ရက်ရက်စက်စက် နှိပ်စက်ကာ ချင်းအမျိုးသားတွေအနေနဲ့ နောက်နောင် ဗြိတိသျှအစိုးရကို လုံးဝမဆန့်ကျင်ရဲအောင်လုပ်ပြခဲ့သည့်အကြောင်းဟောပြောခဲ့ပါတယ်။ (ဒီသမိုင်းကိုကျနော်ခြုံငုံကြည်တဲ့အခါမတော့ လူမျိုးစုတခုတည်းအတွက်ရည်ရွယ်ရင်း မရှိဘဲ တမျိုးသားလုံး တနိုင်ငံလုံးလွတ်လပ်ရေးအတွက် သခင်မျိုးဟေ့ဒို့ဗမာ ကြွေးကျော်သံနဲ့ အတူ စွန့်လွှတ်အနစ်နာခံတိုက်ပွဲဝင်ခဲ့ကြတဲ့ ချင်းအမျိုးသားခေါင်းဆောင် သခင်ဝမ်းသူမောင် ကို အထူးကြည်ညိုလေးမိဂုဏ်ယူမိပါတယ်။ ဒီခေတ်ဒီကာလ လူမျိုးစုခေါင်းဆောင်အချို့ုနှင့် ခံယူချက်ကွာဟမှုတွေကိုတွေ့ရှိရပါတယ်။) ဒါကြောင့် အစိုးရကိုအကြည်အညိုပျက်အောင်ဟောပြောမှု ပုဒ်မ၁၂၄(က)တပ်ကာ သခင်အောင်ဆန်းကို ဖမ်းဝရန်းထုတ်ပါတယ်။ ဒီအဖြစ်အပျက်ကလွတ်လပ်ရေးတိုက်ပွဲအတွက် အဓိကကျတဲ့အပြောင်းအလဲဖြစ်ပါတယ်။ အဲဒီ့ဝရမ်းကြောင့်ပင် သခင်အောင်ဆန်းသည် အဖမ်း မခ၊ံ ထောင်အကျမခံဘဲ၊ သခင်လှမြိုင်နှင့်အတူ ဟိုင်လီသင်္ဘော ပေါ်တက်၊ တရုပ်ပြည်ကို ထွက်၊ ဂျပန်နဲ့ဆက် နိုင်ငံခြားအကူအညီရယူပြီး လက်နက်ကိုင်တော်လှန်ရေးကိုစတင်ဆင်နွှဲ နိုင်ခဲ့ပေသည်။ ထိုအလှည့်အပြောင်းမှတဆင့် လွတ်လပ်ရေးရသည့်အထိ တော်လှန်ရေး အရှိန် အဟုန်မြှင့်တင်နိုင် ခဲ့ပေသည်။ ဒီကနေ့ နောက်ကြည့်မှန် ထဲတွင်ပြန်လည်မြင်ယောင်နေမိသော ရှစ်လေးလုံးကျောင်း သားခေါင်းဆောင်ကိုမင်းကိုနိုင်က သူ့စာအုပ်ထဲမှာတော့ "တောထဲသွားရမလား၊ မြို့မှာဘဲဆက် လှုပ်ရှားရမလား၊ တိုင်းပြည်အတွက် တော်လှန်ရေးခရီးရှည်ဆက်လှမ်းဘို့ရာ ချစ်သူ ညို ကို ထားရစ်ခဲ့လေပြီ။"

နောက်တကယ့်လက်တွေ့ဘ၀မှာတော့ ထောင်အနှစ်(၂၀) ကျခံရပါတယ်။ သူ့ရဲ့နုပျိုတဲ့လူငယ်ဘ၀၊ လူ့သဘာဝအရ အပျော်ရွှင်ရဆုံးအချိန်တွေကို အများအကျိုးအတွက် (၁၇)နှစ်ကျော်ကျော် စတေးခံခဲ့ရပြီး၊ သူထောင်ကပြန်လွတ်လာပြီးနောက် ၂၀၀၇ ခု၊ သြဂုတ်လ(၁၈)ရက်နေ့ လောင်စာဆီဈေးတက်မှု ကန့်ကွက်ဆနွပြပွဲကို ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားများအနေဖြင့် ဦးဆောင်ပါဝင်ခဲ့ သောကြောင့် သြဂုတ်လ(၁၉)ရက်နေ့တွင် ထပ်မံအဖမ်းခံရပြီး၊ ထောင် ၆၅ နှစ်နဲ့ ၆လ ကျခံနေရပါတယ်။ ကိုမင်းကိုနိုင်ဟာ (၁၈)ရက်နေ့
လှုပ်ရှားမှုပြီးတော့ ထိုညမှာပင် သူ၏ လုပ်ဖော်ကိုင်ဖက်များကို လိုက်လံဖမ်းဆီးနေတာကြောင့် သူ့ကိုလည်းမကြာခင်လာရောက်ဖမ်း ဆီးတော့မှာကို ကြိုသိနေခဲ့ပါတယ်။ ဒါကိုသူဘာဖြစ်လို့ ဒုတိယအကြိမ် အဖမ်းမခံ ထောင်အကျမခံဘဲ တိမ်းရှောင်ထွက်ပြေးခြင်း မပြုခဲ့ပါသနည်း။ အခုချိန် ကိုမင်းကိုနိုင် တယောက် အဖမ်းမခံဘဲ နယ်စပ် ထိုင်းနိုင်ငံ သို့မဟုတ် တတိယနိုင်ငံ တခုခုတွင်လွတ်မြောက် ရောက်ရှိနေပါလျင် သူဘာတွေလုပ်နိုင်မည်နည်း။ ဘိဓကအိုးကွဲ ပါတဂူဘွဲ့တွေယူပြီး ပညာရှင်တယောက်အဖြစ် တလွဲကြပ်အသံလွှင့်မှုတွေ လုပ်နေလေမလား။ နာမည်တလုံးနဲ့ အဖွဲ့တွေ လိုက်ဖွဲ့၊ ရှိသမျှတပ်ပေါင်းစုတွေမှာ နေရာ တွေဝင်ယူနေလေမလား။ ကျနော့်အထင်တော့ ကိုမင်းကိုနိုင်ဟာ ဒါတွေကိုကြိုသိနေပြီး စိတ်ပျက် တာကြောင့် အပြင် ကိုထွက်တိမ်းရှောင်ခြင်းမပြုဘဲ ထောင်ထဲမှာပဲ တိုက်ပွဲကြမ်းကို ကြံ့ကြံ့ခံ ရင်ဆိုင်သွားဘို့ ဆုံးဖြတ်ထားပုံရပါတယ်။ အင်မတန်မှ လေးစားဂုဏ်ယူမိပါတယ်။ တကယ်တော့အပြင်ဘက်မှာက တခုလုံးရဲ့အမျိုးသားအကျိုးစီးပွားရည်မှန်းချက်နှင့် တခုခြင်းစီ၏အကျိုးစီပွားရည်မှန်းချက်များဟာ အပစ်ရပ်သဘောတူညီမှုများ နောက်ပိုင်း ကာလများမှစပြီး ဆက်စပ်မရကွာဟလာရပြီး တပ်ပေါင်းစုရဲ့ဦးဆောင်မှုနဲ့ နယ်စပ်ဒေသ အင်အားစုများရဲ့ ညီညွတ်ရေးဟာသိသိသာသာ အားနည်းလို့လာပါတယ်။ တပ်ပေါင်းစု၏ သြဇာအရှိန်အ၀ါ ကျဆင်းလာရပြီး တခုခြင်းစီ၏ အကျိုးစီးပွားများကိုသာ ဦးစားပေးလာကြ သောကြောင့် တခုလုံး၏အမျိုးသားအကျိုးစီးပွား ထိခိုက်ယုတ်လျှော့လာခြင်း ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အပစ်ရပ်ငြိမ်းချမ်းရေးအဖွဲ့တွေအနေနဲ့လဲ စစ်အုပ်ဆီက နိုင်ငံရေး လိုက်လျောမှုတစုံတရာအကျိုးအမြတ်မရရှိကြသလို တော်လှန်စစ်အတွက် မိမိတပ်အင်အား၊ လက်နက်အင်အားများ ပိုမိုဖြည့်တင်း ပြင်ဆင်လာမှုများလည်း တိုးတက်မှုတစုံတရာမတွေ့ရ။ ဗိုလ်သန်းရွှေတို့ နည်းပရိယာယ်အောက်မှာ ကျနော်တို့အတိုက်အခံအင်အားစုအားလုံး ညီ ညွတ်ရေးဆောက်တည်လို့မရနိုင်အောင်ဖြစ်နေပါတယ်။ တိုင်ရင်းသားလက်နက်ကိုင်အင်အားစု များအကြားညီညွတ်ရေး နဲ့ ဒီမိုကရေစီအင်အားစုများအကြားညီညွတ်ရေး နှစ်ရပ်လုံးမှာ ကော်ကပ်ထားတဲ့ အပေါ်ယံညီညွတ်ရေးအစား တကယ့်ညီညွတ်ရေးကိုတည်ဆောက်ရန်မှာ ယနေ့အခါသမယသည် ကုန်လေပြီးသောအခြားအချိန်များထက် ပိုမိုအရေးကြီးလှကြောင်း ခေါင်းဆောင်အားလုံးကိုသတိပေးနှိုးဆော်အပ်ပါတယ်။တယောက်တပေါက်ဗျူဟာနဲ့ကိုယ့်အ ကျိုးစီးပွား ကိုယ်ရှာရေးမူများကိုသာ ကျင့်သုံးနေကြတာတွေကို ပြန်လည်သုံးသပ်ကြစေ ဘို့အချိန်ရောက်နေပါပြီ။ နအဖ စစ်အုပ်စုဟာ သူတို့ချမှတ်ဆောင်ရွက်နေတဲ့ ရုတ်မက်(၇)ချက်လို့အားလုံး နားလည်နေတဲ့ သူတို့ရဲ့ ရေရှည်ရည်မှန်းချက်အဆင့်ဆင့်ကို အကောင်အထည်ဖော်လာခဲ့ရာ ဒီကနေ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ၄င်းတို့ရဲ့ အရေးအကြီးဆုံးလှည့်ကွက်အဖြစ် နောက်ဆုံး အဆင့်တက်ရမည့် အလှည့်အပြောင်းဖြစ်ပါတယ်။ ဒီအလှည်အပြောင်းမှာ ဒီမိုကရေစီအင် အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ နဲ့အတူပြည်သူလူထု တရပ်လုံး (ကျနော်တို့အားလုံး) တက်ညီလက်ညီ လက်တွဲတိုက်ပွဲဝင်ပါမှ အာဏာရှင်စနစ်နိဂုံး ချုပ်စေပြီး
တတိုင်တပြည်လုံး စစ်ကျွှန်ဘ၀မှလွတ်မြောက်မှာဖြစ်ပါတယ်။ သို့မဟုတ်ပါက ဗိုလ်ချုပ်ကြီး နေ၀င်း ကနေ တပါတီအာဏာရှင်ကြီး ဦးနေ၀င်းအဖြစ်ပြောင်းပြီး ၂၆နှစ်ကြာဂုတ်သွေးစုတ်အုပ် ချုပ်ခဲ့သလိုမျိုး ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ စစ်ဖိနပ်အောက် ပြားပြားမှောက်ရောက်ကြရ အုံးမှာ ဖြစ်ကြောင်း အထူးသတိပြုစေလိုပါတယ်။ တကယ်တော့ အန်နယ်လ်ဒီကို ၁၉၉၀ ခု၊မေလ(၂၇)ရက်နေ့ ကတည်းက ဒီမိုကရေစီ နိုင်ငံသစ်ထူထောင် ရေးနဲ့ စစ်ဘိနပ်အောက်လွတ်မြောက်ရေးအတွက် ပြည်သူလူထုတရပ် လုံးက တာဝန်ပေးအပ် ခဲ့ပြီးဖြစ်ပါတယ်။ အန်နယ်လ်ဒီဟာ လူထုကိုဦးဆောင်မှုပေးရမည့် လူထုရဲ့တပ်ဦး ပါတီဖြစ်ပါတယ်။ ဒါကြောင့် ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို တာဝန်ရှိသူ နအဖစစ်အုပ်စုမှ တနည်းနည်းဖြင့်အသိအမှတ်ပြု အကောင်အထည်မဖော်သေးသမျှနောက် ထပ်မည့်သည့်ရွေးကောက်ပွဲကိုမှ(၂၀၁၀ရွေးကောက်ပွဲ၊ သို့မဟုတ်၂၀၁၁ သို့ရွေ့ပြောင်းခဲ့လျင် သော်၎င်း) လက်ခံစရာ အကြောင်းမရှိပေ။ ထို့အတူ အန်အယ်လ်ဒီ၏ရပ်တည်ချက်ဖြစ်သည့် ၂၀၁၀ ရေးကောက်ပွဲ ဆန့်ကျင်သပိတ်မှောက်ရေးအား စစ်အုပ်စု၏ ကြံ့ဖွံပါတီမှလွဲလျင် အခြား အတိုက်အခံ ပါတီအားလုံးတပြိုင်နက်တည်း ရွေးကောက်ပွဲမ၀င်ပဲ တညီတညွတ်တည်းသပိတ် မှောက်ကြ မည်ဆိုပါက အတော့်ကိုထိရောက်သည့် ထိုးချက်ပင်ဖြစ်သည်။ ဗိုလ်သန်းရွှေ၏ အရှိုက်ကို တည့်တည့်ထိမှာဖြစ်ပါတယ်။ ဒါကို အန်အယ်လ်ဒီ ပါတီနှင့်တကွ ကျနော်တို့ အားလုံးအနေနဲ့ ရွေးကောက်ပွဲဝင်မည့် အဖွဲ့အစည်းများကို ဖျောင်းဖျစည်းရုံးပြီး ရွေးကောက်ပွဲ မ၀င်ကြပဲ တညီတညွတ်တည်းသပိတ်မှောက် တိုက်ပွဲဝင်သွားနိုင်ရန် ကြိုးစားသွားရမှာဖြစ်ပါ တယ်။ ဒုတိယအဆင့် အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်လမ်းညွှန်သည့်အတိုင်း ပြည်သူလူထုအနေနဲ့ မဲမပေးနေပြီးတိုက်ပွဲဝင်သွားနိုင်ရေး ကိုကြိုးစားသွားရမှာဖြစ်ပါတယ်။ အသိခေါက်ခက်အ၀င်နက်လှသည့် ရွေးကောက်ပွဲဝင်ဘို့ဆုံးဖြတ်ထားကြသော ပါတီ များကို ဖျောင်းဖျစည်းရုံးရန်မှာ အတော်မလွယ်ကူသည့်အလုပ်ပင်ဖြစ်ပါတယ်။ ရသလောက် နေ၀င်ယူပြီး လွှတ်တော်ထဲမှာ (စည်းဝိုင်းထဲကနေ) ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားကြမယ်လို့ ကြွေးကြော်နေကြသော်လည်း၊ တကယ်တန်းကျတော့ တိုင်းပြည်အတွက် တကယ်စေတနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ စစ်အုပ်စု၏ လက်ညိုးထောင်ခေါင်းညိမ့် လက်ပါးစေအဆင့် သာရရှိကြမှာသေချာလှပါတယ်။ လွှတ်တော်သုံးရပ်လုံးတွင် မိမိတို့ရရှိမည့် နေရာများမှာ အနည်းစုဖြစ်ပြီး၊ စစ်ဗိုလ်ချုပ်များနှင့်ကြံ့ဖွံ့ကိုယ်စားလှယ်များမှာ အများစု ဖြစ်ပါတယ်။ ဒါကြောင့် ဘာဘဲဆုံးဖြတ်ဆုံးဖြတ်ပါစေ စစ်အာဏာရှင်တို့၏ အမိန့်အတိုင်းပင်၊ ပြည်သူလူထုကတော့ စစ်ကျွှန်ဘ၀အောက်က မလွတ်မြောက်နိုင်ပေ။ ဒီမိုကရေစီတိုက်ပွဲဝင် အရပ်သားလွှတ်တော်ကိုယ်စားလှယ်များကတော့ မိမိတို့ကိုယ်ပိုင်ရပိုင်ခွင့်များကို အပြည့်အ၀ သုံးကာ ဘီလျံနာသူဌေးကြီးများ ဖြစ်လာကြပေဦးမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ နအဖစစ်အုပ်စုကတော့ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ရွေးကောက်ပွဲဥပဒေကို သူ့ကိုယ်တိုင် ချိုးဖောက်ကာ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ရေွးကောက်ပွဲမစခင်ကတည်းက ထင်တိုင်းပြု
နေကြပါတယ်။ ဥပဒေရဲ့ အထက်မှာ စစ်ဗိုလ်ချုပ်တွေ အမြဲတမ်းရှိနေတယ်ဆိုတာလည်း အတိုက်အခံ အင်အားစုအားလုံး မမေ့လျော့သင့်ပေ။ ကြုံကြိုက်ခိုက်တွင် ၁၈၈၆ ခုကာလများ မြန်မာ့တော်လှန်ရေးခေါင်းဆောင် ဗိုလ်ရိုင်း လိုမထင်မရှား သူရဲကောင်းတဦးကို ဗြိတိသျှလူမျိုး ဖီးလ်ဒင်ဟော(Fielding Hall) ကိုယ်တိုင် ချီးကျူး ရေးသားဂုဏ်ပြုထားတဲ့ အကြောင်းပြောပြလိုပါတယ်။ မနလေးမြိုအထက် ဧရာဝတီ မြစ်အနောက်ဖက်ကမ်းတွင် ရှိန်မကား ခေါ်မြို့ကလေးတမြို့ရှိလေရာ၊ထိုမြို့လေးမှာ ဆားချက် လုပ်ငန်းနှင့် ဆိပ်ကမ်းကုန်သွယ်မှု ကူးသန်းရောင်းဝယ်ရေးကောင်းမွန်သဖြင့် ချမ်းသာကြွယ်ဝ သောဆိပ်ကမ်းမြို့ကလေးဖြစ်ပါတယ်။ မြို့နောက်ပိုင်းဒေသတလျှောက်မှာတော့ ဗိုလ်ရိုင်း ခေါင်းဆောင်တဲ့ တော်လှန်ရေးသမားတစုစခန်းချစိုးမိုးထားပါတယ်။ ဗိုလ်ရိုင်း အတွက် တပ်အင်အားအလိုရှိလာသော် ထိုနယ်တ၀ိုက်ရွာများမှ တော်လှန်ရေးသမား တပ်အင်အား နှစ်ရာ သုံးရာ ချက်ချင်းစုရုံးလာကြပါတယ်။ ထိုအချိန် ရှိန်မကားမြို့တွင် ဗြိသျှစစ်တပ် လာစွဲနေသောအခါ၊ လူအင်အား လက်နက်အင်အား မမျှသဖြင့်ရင်ဆိုင်တိုက်ပွဲများတွင် သူ့တော်လှန်ရေး ရဲဘော်များအကျအဆုံး မများစေရန် ဗိုလ်ရိုင်း၏ တိုက်ပွဲဗျူဟာကို ပြောင်းလဲ ပစ်လိုက်ပေသည်။ ထို့ကြောင့် မြန်မာပြည်ဘွား တိုင်းရင်းသားမှန်သမျှ ရန်သူ့လက် အောက်တွင်အမှုမထမ်းရ၊ ရန်သူအား ရိကွုာမထောက်ပံ့ရ၊ ရန်သူအား လမ်းမပြရ၊ ရန်သူအား မည်သည့်အားပေကူညီမှုမျှမပြုရ ဟုကျေညာအမိန့် ထုတ်ပြန်လေသည်။ ထို့နောက် ဗြိသျှစစ်တပ်အား မြို့သူမြို့သားများမှ မည်သည့်နည်းနှင်မျှ မကူညီ မထောက်ပံ့နိုင်ရန်အတွက် မြို့သူမြို့သားများအားမြို့မှ အခိုက်အတန့်အားဖြင့်ရှောင်ပေးရန် အထူးသတိပေးလိုက်သည်။ သို့သော် ထိုမြို့သူမြို့သားများ၏ စိတ်ဓာတ်မှာ ကိုယ့်အကျိုး စီးပွားတခုတည်းသာကြည့်တတ်သောသူများဖြစ်ကြသည်။ မိမိတို့စည်းစိမ်ဥစွုာများ တည်မြဲရေး နှင့်ရောင်းဝယ်ဖောက်ကားမှုအဆင်ပြေစေရေးကိုသာအဓိကထားကြလေသည်။ ဗိုလ်ရိုင်းတို့ တော်လှန်ရေးတပ်သည် ဗြိတိသျှစစ်တပ်ကို နိုင်အောင် မတိုက်နိုင်ကြဟုယူဆကာ ရန်သူ ဗြိတိသျှတပ်နှင့်ပူးပေါင်းကြသည်။ ဗြိတိသျှတပ်ရှိနေ သောကြောင့် ဗိုလ်ရိုင်းတို့အား ငွေကြေး စားနပ်ရိကွုာများထောက်ပံ့စရာ မလိုသောကြောင့် ဗိုလ်ရိုင်း၏သြဇာကိုမခံဘဲ မြို့မှမရှောင်ပေး ကြဘဲနေလေသည်။ ထိုအကြောင်းအချက်ကိုသိနေသော ဗိုလ်ရိုင်းက မြို့သူမြို့သားများ မထွက် သွားပါကတမြို့ လုံးကိုမီးတိုက်ပစ်မည်ဟု ထပ်မံအကြောင်ကြားလိုက်လေသည်။ ဘာပြောပြော မြို့သူမြို့သားများကတော့ ဗိုလ်ရိုင်း၏တပ်သည် ဗြိတိသျှတပ်များကိုကျော်လွန်ပြီး မြို့တွင်းသို့ မ၀င်ရောက်နိုင်ပါဘူးဟု အထင်သေးကာအရေးမစိုက်ခဲ့ကြပေ။ ညသန်းကောင်ယံကျော်အချိန်တွင် ဗြိတိသျှတပ် ဂေါ်ရခါးစစ်သားများစခန်းချရာ တောင်ကုန်းအားအတင်းဝင်ရောက်တိုက်ခိုက်လေရာ ညာသံပေးတခဲနက်ဟစ်ကြွေးပြီး ကြေး မောင်းများတီးကာ ဗြိတိသျှတပ်များယောက်ရက်ခတ်နေချိန်တွင် မြို့တခါးနောက်ပေါက်မှ ၀င်ကာတမြို့လုံးမီးရှို့လိုက်လေသည်။ ထိုအဖြစ်အပျက်နှင့်အတူ ဗိုလ်ရိုင်း၏တိကျပြတ်သား သည့်တော်လှန်ရေးစိတ်ဓာတ်ကို (The Soul of a people) စာအုပ်တွင် ရန်သူဗြိသျှကိုယ်တိုင်
ချီးကျူးမှတ်တမ်းတင်ထားခဲ့ပေသည်။ ခေတ်အဆက်ဆက် တော်လှန်ရေးတိုက်ပွဲ တလျောက် တွင် ထိုကဲ့သိုအခွင့်အရေးသမား သူ့လူကိုယ့်ဘက်သား အချောင်သမားများ အစဉ်အဆက် ရှိလာခဲ့ကြပေရာ ဗိုလ်ရိုင်းကဲ့သို့ပင် ပြတ်ပြတ်သားသား အပစ်ပေးအရေးယူမှုများ ပြုလုပ်ပါမှ တိုက်ပွဲအရှိန်အဟုန်ကို မြှင့်တင်နိုင်မှာဖြစ်ပြီး အဆုံးသတ်တိုက်ပွဲကို အနိုင်တိုက် နိုင်မှာဖြစ် ပါတယ်။
ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးက အာဏာရှင်ကိုပြတ်သားစွာ ဆန့်ကျင်တော်လှန်ခဲ့ပေရာ . .
ကိုမင်းကိုနိုင် ဦးဆောင်သော(၈၈)မျိုးဆက်ကျောင်သားများသည် အာဏာရှင်ကို ဒူးမထောက်စတမ်း ပြတ်သားစွာ စဉ်ဆက်မပြတ် ဆန့်ကျင်တော်လှန်လျှက်ရှိပေသည်။ ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ။



**မောင်မောင်စိုး **
(၁-၂၆၀-၄၂၆ ၄၁၂၁)


၁၉၄၀၊ဇွန်လ(၁)ရက်နေ့ ဟင်္သာတစီရင်စု၊ ဇလွန်မြို့ ဒိုဗမာအစည်းအရုံးညီလာခံ အပြီး ညပိုင်းတရားပွဲတွင် သခင်အောင်ဆန်းနှင့် သခင်တင်မောင်(ကျုံမငေး)တို့  ဟောပြောကြ လေသည် ။ ထိုအခိုက် ပုလပ်အရာရှိတဦးရောက်လာပြီး သခင်အောင်ဆန်းအား စာတစောင် ပေးလေသည်။ ထိုစာမှာ သခင်အောင်ဆန်းအား ချင်းတောင်နယ်အကြောင်း ထည့်မဟော ပြောရန် ဗြိတိသျှအစိုးရမှတားမြစ်သည့်အမိန့်စာဖြစ်သည်။ ဒါပသိ သခင်အောင်ဆန်းကတော့ ထိုတားမြစ်မိန့်အားစိုးစဉ်းမျှဂရုမစိုက်ဘဲ ဒို့ဗမာအစည်းအရုံးဝင် ချင်းခေါင်းဆောင် သခင်ဝမ်းသူ မောင်အား ကိုယ်မှာကြိုးကွင်းစွပ်ဖမ်းခေါ်လာပြီး မြေပြင်မှာ မြင်းနဲ့ဒရွတ်တိုက်ဆွဲ လက်တွေ့ ရက်ရက်စက်စက် နှိပ်စက်ကာ ချင်းအမျိုးသားတွေအနေနဲ့ နောက်နောင် ဗြိတိသျှအစိုးရကို လုံးဝမဆန့်ကျင်ရဲအောင်လုပ်ပြခဲ့သည့်အကြောင်းဟောပြောခဲ့ပါတယ်။ (ဒီသမိုင်းကိုကျနော်ခြုံငုံကြည်တဲ့အခါမတော့ လူမျိုးစုတခုတည်းအတွက်ရည်ရွယ်ရင်း မရှိဘဲ တမျိုးသားလုံး တနိုင်ငံလုံးလွတ်လပ်ရေးအတွက် သခင်မျိုးဟေ့ဒို့ဗမာ ကြွေးကျော်သံနဲ့ အတူ စွန့်လွှတ်အနစ်နာခံတိုက်ပွဲဝင်ခဲ့ကြတဲ့ ချင်းအမျိုးသားခေါင်းဆောင် သခင်ဝမ်းသူမောင် ကို အထူးကြည်ညိုလေးမိဂုဏ်ယူမိပါတယ်။ ဒီခေတ်ဒီကာလ လူမျိုးစုခေါင်းဆောင်အချို့ုနှင့် ခံယူချက်ကွာဟမှုတွေကိုတွေ့ရှိရပါတယ်။) ဒါကြောင့် အစိုးရကိုအကြည်အညိုပျက်အောင်ဟောပြောမှု ပုဒ်မ၁၂၄(က)တပ်ကာ သခင်အောင်ဆန်းကို ဖမ်းဝရန်းထုတ်ပါတယ်။ ဒီအဖြစ်အပျက်ကလွတ်လပ်ရေးတိုက်ပွဲအတွက် အဓိကကျတဲ့အပြောင်းအလဲဖြစ်ပါတယ်။ အဲဒီ့ဝရမ်းကြောင့်ပင် သခင်အောင်ဆန်းသည် အဖမ်း မခ၊ံ ထောင်အကျမခံဘဲ၊ သခင်လှမြိုင်နှင့်အတူ ဟိုင်လီသင်္ဘော ပေါ်တက်၊ တရုပ်ပြည်ကို ထွက်၊ ဂျပန်နဲ့ဆက် နိုင်ငံခြားအကူအညီရယူပြီး လက်နက်ကိုင်တော်လှန်ရေးကိုစတင်ဆင်နွှဲ နိုင်ခဲ့ပေသည်။ ထိုအလှည့်အပြောင်းမှတဆင့် လွတ်လပ်ရေးရသည့်အထိ တော်လှန်ရေး အရှိန် အဟုန်မြှင့်တင်နိုင် ခဲ့ပေသည်။ ဒီကနေ့ နောက်ကြည့်မှန် ထဲတွင်ပြန်လည်မြင်ယောင်နေမိသော ရှစ်လေးလုံးကျောင်း သားခေါင်းဆောင်ကိုမင်းကိုနိုင်က သူ့စာအုပ်ထဲမှာတော့ "တောထဲသွားရမလား၊ မြို့မှာဘဲဆက် လှုပ်ရှားရမလား၊ တိုင်းပြည်အတွက် တော်လှန်ရေးခရီးရှည်ဆက်လှမ်းဘို့ရာ ချစ်သူ ညို ကို ထားရစ်ခဲ့လေပြီ။"

နောက်တကယ့်လက်တွေ့ဘ၀မှာတော့ ထောင်အနှစ်(၂၀) ကျခံရပါတယ်။ သူ့ရဲ့နုပျိုတဲ့လူငယ်ဘ၀၊ လူ့သဘာဝအရ အပျော်ရွှင်ရဆုံးအချိန်တွေကို အများအကျိုးအတွက် (၁၇)နှစ်ကျော်ကျော် စတေးခံခဲ့ရပြီး၊ သူထောင်ကပြန်လွတ်လာပြီးနောက် ၂၀၀၇ ခု၊ သြဂုတ်လ(၁၈)ရက်နေ့ လောင်စာဆီဈေးတက်မှု ကန့်ကွက်ဆနွပြပွဲကို ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားများအနေဖြင့် ဦးဆောင်ပါဝင်ခဲ့ သောကြောင့် သြဂုတ်လ(၁၉)ရက်နေ့တွင် ထပ်မံအဖမ်းခံရပြီး၊ ထောင် ၆၅ နှစ်နဲ့ ၆လ ကျခံနေရပါတယ်။ ကိုမင်းကိုနိုင်ဟာ (၁၈)ရက်နေ့
လှုပ်ရှားမှုပြီးတော့ ထိုညမှာပင် သူ၏ လုပ်ဖော်ကိုင်ဖက်များကို လိုက်လံဖမ်းဆီးနေတာကြောင့် သူ့ကိုလည်းမကြာခင်လာရောက်ဖမ်း ဆီးတော့မှာကို ကြိုသိနေခဲ့ပါတယ်။ ဒါကိုသူဘာဖြစ်လို့ ဒုတိယအကြိမ် အဖမ်းမခံ ထောင်အကျမခံဘဲ တိမ်းရှောင်ထွက်ပြေးခြင်း မပြုခဲ့ပါသနည်း။ အခုချိန် ကိုမင်းကိုနိုင် တယောက် အဖမ်းမခံဘဲ နယ်စပ် ထိုင်းနိုင်ငံ သို့မဟုတ် တတိယနိုင်ငံ တခုခုတွင်လွတ်မြောက် ရောက်ရှိနေပါလျင် သူဘာတွေလုပ်နိုင်မည်နည်း။ ဘိဓကအိုးကွဲ ပါတဂူဘွဲ့တွေယူပြီး ပညာရှင်တယောက်အဖြစ် တလွဲကြပ်အသံလွှင့်မှုတွေ လုပ်နေလေမလား။ နာမည်တလုံးနဲ့ အဖွဲ့တွေ လိုက်ဖွဲ့၊ ရှိသမျှတပ်ပေါင်းစုတွေမှာ နေရာ တွေဝင်ယူနေလေမလား။ ကျနော့်အထင်တော့ ကိုမင်းကိုနိုင်ဟာ ဒါတွေကိုကြိုသိနေပြီး စိတ်ပျက် တာကြောင့် အပြင် ကိုထွက်တိမ်းရှောင်ခြင်းမပြုဘဲ ထောင်ထဲမှာပဲ တိုက်ပွဲကြမ်းကို ကြံ့ကြံ့ခံ ရင်ဆိုင်သွားဘို့ ဆုံးဖြတ်ထားပုံရပါတယ်။ အင်မတန်မှ လေးစားဂုဏ်ယူမိပါတယ်။ တကယ်တော့အပြင်ဘက်မှာက တခုလုံးရဲ့အမျိုးသားအကျိုးစီးပွားရည်မှန်းချက်နှင့် တခုခြင်းစီ၏အကျိုးစီပွားရည်မှန်းချက်များဟာ အပစ်ရပ်သဘောတူညီမှုများ နောက်ပိုင်း ကာလများမှစပြီး ဆက်စပ်မရကွာဟလာရပြီး တပ်ပေါင်းစုရဲ့ဦးဆောင်မှုနဲ့ နယ်စပ်ဒေသ အင်အားစုများရဲ့ ညီညွတ်ရေးဟာသိသိသာသာ အားနည်းလို့လာပါတယ်။ တပ်ပေါင်းစု၏ သြဇာအရှိန်အ၀ါ ကျဆင်းလာရပြီး တခုခြင်းစီ၏ အကျိုးစီးပွားများကိုသာ ဦးစားပေးလာကြ သောကြောင့် တခုလုံး၏အမျိုးသားအကျိုးစီးပွား ထိခိုက်ယုတ်လျှော့လာခြင်း ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အပစ်ရပ်ငြိမ်းချမ်းရေးအဖွဲ့တွေအနေနဲ့လဲ စစ်အုပ်ဆီက နိုင်ငံရေး လိုက်လျောမှုတစုံတရာအကျိုးအမြတ်မရရှိကြသလို တော်လှန်စစ်အတွက် မိမိတပ်အင်အား၊ လက်နက်အင်အားများ ပိုမိုဖြည့်တင်း ပြင်ဆင်လာမှုများလည်း တိုးတက်မှုတစုံတရာမတွေ့ရ။ ဗိုလ်သန်းရွှေတို့ နည်းပရိယာယ်အောက်မှာ ကျနော်တို့အတိုက်အခံအင်အားစုအားလုံး ညီ ညွတ်ရေးဆောက်တည်လို့မရနိုင်အောင်ဖြစ်နေပါတယ်။ တိုင်ရင်းသားလက်နက်ကိုင်အင်အားစု များအကြားညီညွတ်ရေး နဲ့ ဒီမိုကရေစီအင်အားစုများအကြားညီညွတ်ရေး နှစ်ရပ်လုံးမှာ ကော်ကပ်ထားတဲ့ အပေါ်ယံညီညွတ်ရေးအစား တကယ့်ညီညွတ်ရေးကိုတည်ဆောက်ရန်မှာ ယနေ့အခါသမယသည် ကုန်လေပြီးသောအခြားအချိန်များထက် ပိုမိုအရေးကြီးလှကြောင်း ခေါင်းဆောင်အားလုံးကိုသတိပေးနှိုးဆော်အပ်ပါတယ်။တယောက်တပေါက်ဗျူဟာနဲ့ကိုယ့်အ ကျိုးစီးပွား ကိုယ်ရှာရေးမူများကိုသာ ကျင့်သုံးနေကြတာတွေကို ပြန်လည်သုံးသပ်ကြစေ ဘို့အချိန်ရောက်နေပါပြီ။ နအဖ စစ်အုပ်စုဟာ သူတို့ချမှတ်ဆောင်ရွက်နေတဲ့ ရုတ်မက်(၇)ချက်လို့အားလုံး နားလည်နေတဲ့ သူတို့ရဲ့ ရေရှည်ရည်မှန်းချက်အဆင့်ဆင့်ကို အကောင်အထည်ဖော်လာခဲ့ရာ ဒီကနေ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ၄င်းတို့ရဲ့ အရေးအကြီးဆုံးလှည့်ကွက်အဖြစ် နောက်ဆုံး အဆင့်တက်ရမည့် အလှည့်အပြောင်းဖြစ်ပါတယ်။ ဒီအလှည်အပြောင်းမှာ ဒီမိုကရေစီအင် အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ နဲ့အတူပြည်သူလူထု တရပ်လုံး (ကျနော်တို့အားလုံး) တက်ညီလက်ညီ လက်တွဲတိုက်ပွဲဝင်ပါမှ အာဏာရှင်စနစ်နိဂုံး ချုပ်စေပြီး
တတိုင်တပြည်လုံး စစ်ကျွှန်ဘ၀မှလွတ်မြောက်မှာဖြစ်ပါတယ်။ သို့မဟုတ်ပါက ဗိုလ်ချုပ်ကြီး နေ၀င်း ကနေ တပါတီအာဏာရှင်ကြီး ဦးနေ၀င်းအဖြစ်ပြောင်းပြီး ၂၆နှစ်ကြာဂုတ်သွေးစုတ်အုပ် ချုပ်ခဲ့သလိုမျိုး ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ စစ်ဖိနပ်အောက် ပြားပြားမှောက်ရောက်ကြရ အုံးမှာ ဖြစ်ကြောင်း အထူးသတိပြုစေလိုပါတယ်။ တကယ်တော့ အန်နယ်လ်ဒီကို ၁၉၉၀ ခု၊မေလ(၂၇)ရက်နေ့ ကတည်းက ဒီမိုကရေစီ နိုင်ငံသစ်ထူထောင် ရေးနဲ့ စစ်ဘိနပ်အောက်လွတ်မြောက်ရေးအတွက် ပြည်သူလူထုတရပ် လုံးက တာဝန်ပေးအပ် ခဲ့ပြီးဖြစ်ပါတယ်။ အန်နယ်လ်ဒီဟာ လူထုကိုဦးဆောင်မှုပေးရမည့် လူထုရဲ့တပ်ဦး ပါတီဖြစ်ပါတယ်။ ဒါကြောင့် ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို တာဝန်ရှိသူ နအဖစစ်အုပ်စုမှ တနည်းနည်းဖြင့်အသိအမှတ်ပြု အကောင်အထည်မဖော်သေးသမျှနောက် ထပ်မည့်သည့်ရွေးကောက်ပွဲကိုမှ(၂၀၁၀ရွေးကောက်ပွဲ၊ သို့မဟုတ်၂၀၁၁ သို့ရွေ့ပြောင်းခဲ့လျင် သော်၎င်း) လက်ခံစရာ အကြောင်းမရှိပေ။ ထို့အတူ အန်အယ်လ်ဒီ၏ရပ်တည်ချက်ဖြစ်သည့် ၂၀၁၀ ရေးကောက်ပွဲ ဆန့်ကျင်သပိတ်မှောက်ရေးအား စစ်အုပ်စု၏ ကြံ့ဖွံပါတီမှလွဲလျင် အခြား အတိုက်အခံ ပါတီအားလုံးတပြိုင်နက်တည်း ရွေးကောက်ပွဲမ၀င်ပဲ တညီတညွတ်တည်းသပိတ် မှောက်ကြ မည်ဆိုပါက အတော့်ကိုထိရောက်သည့် ထိုးချက်ပင်ဖြစ်သည်။ ဗိုလ်သန်းရွှေ၏ အရှိုက်ကို တည့်တည့်ထိမှာဖြစ်ပါတယ်။ ဒါကို အန်အယ်လ်ဒီ ပါတီနှင့်တကွ ကျနော်တို့ အားလုံးအနေနဲ့ ရွေးကောက်ပွဲဝင်မည့် အဖွဲ့အစည်းများကို ဖျောင်းဖျစည်းရုံးပြီး ရွေးကောက်ပွဲ မ၀င်ကြပဲ တညီတညွတ်တည်းသပိတ်မှောက် တိုက်ပွဲဝင်သွားနိုင်ရန် ကြိုးစားသွားရမှာဖြစ်ပါ တယ်။ ဒုတိယအဆင့် အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်လမ်းညွှန်သည့်အတိုင်း ပြည်သူလူထုအနေနဲ့ မဲမပေးနေပြီးတိုက်ပွဲဝင်သွားနိုင်ရေး ကိုကြိုးစားသွားရမှာဖြစ်ပါတယ်။ အသိခေါက်ခက်အ၀င်နက်လှသည့် ရွေးကောက်ပွဲဝင်ဘို့ဆုံးဖြတ်ထားကြသော ပါတီ များကို ဖျောင်းဖျစည်းရုံးရန်မှာ အတော်မလွယ်ကူသည့်အလုပ်ပင်ဖြစ်ပါတယ်။ ရသလောက် နေ၀င်ယူပြီး လွှတ်တော်ထဲမှာ (စည်းဝိုင်းထဲကနေ) ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားကြမယ်လို့ ကြွေးကြော်နေကြသော်လည်း၊ တကယ်တန်းကျတော့ တိုင်းပြည်အတွက် တကယ်စေတနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ စစ်အုပ်စု၏ လက်ညိုးထောင်ခေါင်းညိမ့် လက်ပါးစေအဆင့် သာရရှိကြမှာသေချာလှပါတယ်။ လွှတ်တော်သုံးရပ်လုံးတွင် မိမိတို့ရရှိမည့် နေရာများမှာ အနည်းစုဖြစ်ပြီး၊ စစ်ဗိုလ်ချုပ်များနှင့်ကြံ့ဖွံ့ကိုယ်စားလှယ်များမှာ အများစု ဖြစ်ပါတယ်။ ဒါကြောင့် ဘာဘဲဆုံးဖြတ်ဆုံးဖြတ်ပါစေ စစ်အာဏာရှင်တို့၏ အမိန့်အတိုင်းပင်၊ ပြည်သူလူထုကတော့ စစ်ကျွှန်ဘ၀အောက်က မလွတ်မြောက်နိုင်ပေ။ ဒီမိုကရေစီတိုက်ပွဲဝင် အရပ်သားလွှတ်တော်ကိုယ်စားလှယ်များကတော့ မိမိတို့ကိုယ်ပိုင်ရပိုင်ခွင့်များကို အပြည့်အ၀ သုံးကာ ဘီလျံနာသူဌေးကြီးများ ဖြစ်လာကြပေဦးမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ နအဖစစ်အုပ်စုကတော့ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ရွေးကောက်ပွဲဥပဒေကို သူ့ကိုယ်တိုင် ချိုးဖောက်ကာ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ရေွးကောက်ပွဲမစခင်ကတည်းက ထင်တိုင်းပြု
နေကြပါတယ်။ ဥပဒေရဲ့ အထက်မှာ စစ်ဗိုလ်ချုပ်တွေ အမြဲတမ်းရှိနေတယ်ဆိုတာလည်း အတိုက်အခံ အင်အားစုအားလုံး မမေ့လျော့သင့်ပေ။ ကြုံကြိုက်ခိုက်တွင် ၁၈၈၆ ခုကာလများ မြန်မာ့တော်လှန်ရေးခေါင်းဆောင် ဗိုလ်ရိုင်း လိုမထင်မရှား သူရဲကောင်းတဦးကို ဗြိတိသျှလူမျိုး ဖီးလ်ဒင်ဟော(Fielding Hall) ကိုယ်တိုင် ချီးကျူး ရေးသားဂုဏ်ပြုထားတဲ့ အကြောင်းပြောပြလိုပါတယ်။ မနလေးမြိုအထက် ဧရာဝတီ မြစ်အနောက်ဖက်ကမ်းတွင် ရှိန်မကား ခေါ်မြို့ကလေးတမြို့ရှိလေရာ၊ထိုမြို့လေးမှာ ဆားချက် လုပ်ငန်းနှင့် ဆိပ်ကမ်းကုန်သွယ်မှု ကူးသန်းရောင်းဝယ်ရေးကောင်းမွန်သဖြင့် ချမ်းသာကြွယ်ဝ သောဆိပ်ကမ်းမြို့ကလေးဖြစ်ပါတယ်။ မြို့နောက်ပိုင်းဒေသတလျှောက်မှာတော့ ဗိုလ်ရိုင်း ခေါင်းဆောင်တဲ့ တော်လှန်ရေးသမားတစုစခန်းချစိုးမိုးထားပါတယ်။ ဗိုလ်ရိုင်း အတွက် တပ်အင်အားအလိုရှိလာသော် ထိုနယ်တ၀ိုက်ရွာများမှ တော်လှန်ရေးသမား တပ်အင်အား နှစ်ရာ သုံးရာ ချက်ချင်းစုရုံးလာကြပါတယ်။ ထိုအချိန် ရှိန်မကားမြို့တွင် ဗြိသျှစစ်တပ် လာစွဲနေသောအခါ၊ လူအင်အား လက်နက်အင်အား မမျှသဖြင့်ရင်ဆိုင်တိုက်ပွဲများတွင် သူ့တော်လှန်ရေး ရဲဘော်များအကျအဆုံး မများစေရန် ဗိုလ်ရိုင်း၏ တိုက်ပွဲဗျူဟာကို ပြောင်းလဲ ပစ်လိုက်ပေသည်။ ထို့ကြောင့် မြန်မာပြည်ဘွား တိုင်းရင်းသားမှန်သမျှ ရန်သူ့လက် အောက်တွင်အမှုမထမ်းရ၊ ရန်သူအား ရိကွုာမထောက်ပံ့ရ၊ ရန်သူအား လမ်းမပြရ၊ ရန်သူအား မည်သည့်အားပေကူညီမှုမျှမပြုရ ဟုကျေညာအမိန့် ထုတ်ပြန်လေသည်။ ထို့နောက် ဗြိသျှစစ်တပ်အား မြို့သူမြို့သားများမှ မည်သည့်နည်းနှင်မျှ မကူညီ မထောက်ပံ့နိုင်ရန်အတွက် မြို့သူမြို့သားများအားမြို့မှ အခိုက်အတန့်အားဖြင့်ရှောင်ပေးရန် အထူးသတိပေးလိုက်သည်။ သို့သော် ထိုမြို့သူမြို့သားများ၏ စိတ်ဓာတ်မှာ ကိုယ့်အကျိုး စီးပွားတခုတည်းသာကြည့်တတ်သောသူများဖြစ်ကြသည်။ မိမိတို့စည်းစိမ်ဥစွုာများ တည်မြဲရေး နှင့်ရောင်းဝယ်ဖောက်ကားမှုအဆင်ပြေစေရေးကိုသာအဓိကထားကြလေသည်။ ဗိုလ်ရိုင်းတို့ တော်လှန်ရေးတပ်သည် ဗြိတိသျှစစ်တပ်ကို နိုင်အောင် မတိုက်နိုင်ကြဟုယူဆကာ ရန်သူ ဗြိတိသျှတပ်နှင့်ပူးပေါင်းကြသည်။ ဗြိတိသျှတပ်ရှိနေ သောကြောင့် ဗိုလ်ရိုင်းတို့အား ငွေကြေး စားနပ်ရိကွုာများထောက်ပံ့စရာ မလိုသောကြောင့် ဗိုလ်ရိုင်း၏သြဇာကိုမခံဘဲ မြို့မှမရှောင်ပေး ကြဘဲနေလေသည်။ ထိုအကြောင်းအချက်ကိုသိနေသော ဗိုလ်ရိုင်းက မြို့သူမြို့သားများ မထွက် သွားပါကတမြို့ လုံးကိုမီးတိုက်ပစ်မည်ဟု ထပ်မံအကြောင်ကြားလိုက်လေသည်။ ဘာပြောပြော မြို့သူမြို့သားများကတော့ ဗိုလ်ရိုင်း၏တပ်သည် ဗြိတိသျှတပ်များကိုကျော်လွန်ပြီး မြို့တွင်းသို့ မ၀င်ရောက်နိုင်ပါဘူးဟု အထင်သေးကာအရေးမစိုက်ခဲ့ကြပေ။ ညသန်းကောင်ယံကျော်အချိန်တွင် ဗြိတိသျှတပ် ဂေါ်ရခါးစစ်သားများစခန်းချရာ တောင်ကုန်းအားအတင်းဝင်ရောက်တိုက်ခိုက်လေရာ ညာသံပေးတခဲနက်ဟစ်ကြွေးပြီး ကြေး မောင်းများတီးကာ ဗြိတိသျှတပ်များယောက်ရက်ခတ်နေချိန်တွင် မြို့တခါးနောက်ပေါက်မှ ၀င်ကာတမြို့လုံးမီးရှို့လိုက်လေသည်။ ထိုအဖြစ်အပျက်နှင့်အတူ ဗိုလ်ရိုင်း၏တိကျပြတ်သား သည့်တော်လှန်ရေးစိတ်ဓာတ်ကို (The Soul of a people) စာအုပ်တွင် ရန်သူဗြိသျှကိုယ်တိုင်
ချီးကျူးမှတ်တမ်းတင်ထားခဲ့ပေသည်။ ခေတ်အဆက်ဆက် တော်လှန်ရေးတိုက်ပွဲ တလျောက် တွင် ထိုကဲ့သိုအခွင့်အရေးသမား သူ့လူကိုယ့်ဘက်သား အချောင်သမားများ အစဉ်အဆက် ရှိလာခဲ့ကြပေရာ ဗိုလ်ရိုင်းကဲ့သို့ပင် ပြတ်ပြတ်သားသား အပစ်ပေးအရေးယူမှုများ ပြုလုပ်ပါမှ တိုက်ပွဲအရှိန်အဟုန်ကို မြှင့်တင်နိုင်မှာဖြစ်ပြီး အဆုံးသတ်တိုက်ပွဲကို အနိုင်တိုက် နိုင်မှာဖြစ် ပါတယ်။
ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးက အာဏာရှင်ကိုပြတ်သားစွာ ဆန့်ကျင်တော်လှန်ခဲ့ပေရာ . .
ကိုမင်းကိုနိုင် ဦးဆောင်သော(၈၈)မျိုးဆက်ကျောင်သားများသည် အာဏာရှင်ကို ဒူးမထောက်စတမ်း ပြတ်သားစွာ စဉ်ဆက်မပြတ် ဆန့်ကျင်တော်လှန်လျှက်ရှိပေသည်။ ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ။



**မောင်မောင်စိုး **
(၁-၂၆၀-၄၂၆ ၄၁၂၁)


No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)