ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, July 13, 2010

ချိုကျိုးနွားလား ဒွန်းစဏ္ဍားနဲ့ ခေတ်သစ်လောက်ဖျားများ

> လောက်ဖျားဆိုလို့ မွန်ရာဇဝင်လာ မြောင်းမြစား လောက်ဖျားအကြောင်း ပြောမလို့မဟုတ်ပါ။ သစ္စာဖောက် လောက်ကောင်လို့ တင်စားခဲ့ရတဲ့ လောက်တွေတောင် ကြားရင် ဖြုံသွား၊ ဖျားသွားလောက်တဲ့ ကျုပ်တို့ တော် လှန်ရေးထဲက ဖောက်ပြန်နိုင်လွန်း၊ စားဝါးနိုင်လွန်း၊ ကိုယ်မှီခိုရာကို ကိုယ်ဖျက်ဆီးနိုင်လွန်းတဲ့ လောက်ဖျားတွေ အကြောင်း ပြောမလို့ပါ။

ဗမာစကားမှာ “ငါးပိနဲ့ လောက်၊ စိန်နဲ့ ကျောက်” လို့ ဆိုရိုးစကားတခုရှိတယ်။ အကောင်းထဲမှာ အဆိုး၊ အဆိုး ထဲမှာ အကောင်း ရှိတတ်တာကို ရည်ညွန်းပြီး ဆိုတာပါ။ အဆိုးနဲ့ အကောင်း ဒွန်တွဲရှိတတ်တဲ့ လောကဓမ္မ သ ဘာဝကို ဖော်ပြတာလို့လည်း ပြောနိုင်ပါတယ်။

ငါးပိဆိုတာကတော့ မြေပြန့်နေ ဗမာတိုင်းရင်းသားအားလုံးအတွက် အကောင်းဆုံး ခံတွင်းမိန် စားဖွယ် အာဟာ ရပါပဲ။ အဲဒီလောက်ကောင်းတဲ့ ငါးပိထဲမှာ စက်ဆုတ်ရွံရှာ မသတီဖွယ်ရာလောက်တွေ ပေါက်ဖွား ကိန်းအောင်း နေလေ့ရှိတယ်။ ဇီဝဗေဒသဘောအရတော့ လောက်လန်းဆိုတာ အတောင်ပါ ပျံသန်းနိုင်တဲ့ ယင်လို ပျားလို အင်းဆက်ပိုးမွှားတွေရဲ့ သန္ဓေသားလောင်းတွေ။ ဒီလောက်လန်းတွေဟာ ငါးပိအပြင် သစ်သီးသစ်ဥတို့၊ မစင် အညစ်အကြေး၊ အပုပ်အစပ်များ၊ သတ္တဝါ အသေကောင်တွေ၊ ထိခိုက်ဒဏ်ရာတွေကတဆင့် ဝင်ရောက်ပြီး သက်ရှင်နေတဲ့ သတ္တဝါတွေရဲ့ ခန္ဓာကိုယ်တွေမှာ မှီခိုကြီးပွားကြတယ်။
ဒီလောက်တွေရဲ့ သဘာဝကိုက သူတို့ မှီခိုကျင်လည်ရာကို စားသောက်ဖျက်ဆီးပြီး ရှင်သန်ကြရတယ်။ လောက်တွေဟာ ခိုလှုံရာ အဆောက်အဦးရဲ့ အတွင်းကျကျ အချက်အချာတွေမှာ စွဲမှီတတ်တော့ တော်ရုံနဲ့ တော့ မထင်သာ မမြင်သာပေဘူး။ ထင်သာမြင်သာ ဖြစ်ပြီဆိုရင်တော့ အဲဒီခန္ဓာ၊ အဲဒီသတ္တဝါ အတော်အခြေအ နေဆိုးသွားပြီ။ ဒီတော့ လောက်တွယ်ရင်ပဲ အဲဒီသတ္တဝါ သေမယ်သာ ပြင်ပေတော့။

ကျုပ်တို့ စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ထူထောင်ရေး၊ တော်လှန်ရေးဆိုတဲ့ အပုပ်နံ့တထောင်း ထောင်းနဲ့ ငါးပိအိုးကြီးလည်း အနှစ် (၂၀)ကြာ အတွင်းကြိတ် လှိုက်စားလာခဲ့တာ အခုတော့ ကိုယ်မှီခိုရာကို ဖျက်တဲ့ မသတီစရာ လောက်ကောင်တွေ ဖုံးဖိမရ ပေါ်လာကြပြီ။ တချို့လောက်ကောင်တွေဆို ကြောက်ခမန်း လိလိ အစွယ်ပြူးပြူးနဲ့ အမွှေးတွေတောင် ထောင်ထလို့။ တော်လှန်ရေးရဲ့ ထိပ်တန်းနေရာတွေမှာ အနှစ် (၂၀) ကျော် မှိန်းနေပြီး ရသမျှ အခွင့်အရေးတွေကို သုံးစားကြီးထွားလာကြတာပေါ့။ ဒီတော့ တော်လှန်ရေး ဒီရေ ရှေ့ မရောက် နောက်ပြန်လျှောကျတာ အဆန်းတကြယ်မဟုတ်ပါဘူး။ ကျုပ်တို့ကိုယ်ကလည်း ညံ့ပါတယ်။ တံဆိပ် ကောင်းတာနဲ့ ခေါင်းဆောင်တင်မိတာကိုး။ ကုလားဖြူစကားလည်း တတ်၊ နာမည်လည်းကျော်တယ်ဆို တ ကယ်တော်တယ် ထင်မိတာပဲ။ ပစ္စည်းကောင်းဖို့မလို ကြော်ငြာကောင်းရင် နာမည်ကျော် လူကြိုက်များနိုင်တာ အနှစ် (၂၀) ကြာမှပဲ သိတော့တယ်။ ဒီတော့ ကျုပ်တို့အဖြစ်က အရပ်ပျက်တွေနဲ့ ဇာတ်ထွက်ခဲ့သလို၊ အခု တော့ ပြည်တည်မရ ဇာတ်ပျက်ခဲ့ပြီ။

အနှီပုဂ္ဂိုလ်အားလုံးဟာ တော်လှန်ရေး ဒီရေမြင့်စဉ်ကတော့ မိုးအောက်မြေပြင်မှာ သူတို့အပြင် မရှိသလောက် ရဲရဲတောက် ခေါင်းဆောင်ကြီးတွေပေါ့။ အခုတော့ အချိန်ကလည်းကြာ တဘက်မှာကလည်း စစ်ကျွန်ခ လောက်နဲ့ အမတ်လောက်တော့ ဖြစ်နိုင်တဲ့ အခွင့်အရေးလေးတွေလည်း မြင်လာ၊ တခြားတဘက်မှာလည်း ဗ မာပြည်ထဲ ဝင်ချင်လွန်းလှဖြစ်နေတဲ့ အန်ဂျီအိုတွေရဲ့ ငွေထုတ်တွေကိုလည်း မြင်လာတော့ တချို့က ပြောင် ပြောင်တင်းတင်း၊ တချို့က မသိမသာ၊ တချို့က ခိုးကြောင်ခိုးဝှက်နဲ့ စစ်ကျွန်ရွေးကောက်ပွဲကို ထောက်ခံလာ ကြပြီ။ စစ်မိစ္ဆာတွေကို မျက်နှာချိုသွေးနေကြပြီ။ “ချိုကျိုးနွားလား ဒွန်းစဏ္ဍား” လို စစ်ဖိနပ်ကို လျှာနဲ့ လျက်ကုန် ကြပြီ။

အဲဒီအထဲက ပြည်တွင်းမှာ လုပ်နေရတဲ့ လူတွေကတော့ ထားပါတော့။ သူ့အခြေအနေနဲ့သူ ကိုယ်လည်းမသိ နိုင်တဲ့ အခြေအနေ။ ဒါပေမယ့် အော့နှလုံးနာစရာ ကောင်းတာကတော့ ပြည်ပက ဆရာကြီးတွေ၊ လူတတ်တွေ နဲ့ သတင်းသမားတချို့ပါပဲ။ သူတို့ခင်ဗျာ တလျှောက်လုံး ခံစားလာတဲ့ လေယာဉ်ပျံလေး စီးလိုက်၊ အစည်းအ ဝေးလေး တက်လိုက်၊ ဝီစကီလေး စုပ်လိုက်၊ ချီးလေး ကိုက်လိုက်၊ အလံရှုးသတင်းသမားတွေနဲ့ ပင်းပြီး နိုင်ငံ ရေးဟောကိန်းတွေ ထင်မြင်ချက်တွေပေးလိုက်နဲ့ ယစ်နေတဲ့ စည်းစိမ်လေးတွေ လက်လွတ်မခံနိုင်တာနဲ့ဘဲ အ ထက် ဆရာ့ဆရာကြီးတွေရဲ့ လေသံအတိုင်း ဒီမိုကရေစီ သင်းကွပ်မဲ့ စစ်ကျွန်ရွေးကောက်ပွဲကို ထောက်ခံအား ပေးလာကြတာပဲ။ ရွေးကောက်ပွဲဝင်မှပဲ လက်တွေ့ကျတဲ့ နိုင်ငံရေးလိုလို အထဲက စစ်ကျွန် ကူလီခေါင်း မောင် စူးစမ်းတို့ သခင်တင်မြတို့ရဲ့ လေကို အပြင်မှာ တာဝန်ခံဖြန့်ကြတယ်။

အကောင်ကြီးမို့ အထင်အရှားဆုံးက ဟန်ညောင်ရွှေပါ။ ပြည်တွင်းတိုင်းရင်းသား စောင့်ကြည့်ရေးအဖွဲ့က စား ဖား အချောင်သမားလို့ ထိပ်ဆုံးမှာ စာရင်းတင်ထားပါတယ်။ သွားလေသူ သမ္မတကြီးကို အားတုံ့အားနာ ၀န္ဒနာ လို့ ညောင်ရွှေဆိုတာ ဖြတ်ပြီး “ဟန်” လို့ပဲ သုံးချင်ပါတယ်။ ဟန်ဆိုတာ ရှစ်လေးလုံးမတိုင်ခင်ထဲက ပြည်ပ ရောက်ပြီး မိဘဂုဏ်သရေကို အသုံးချပြီး အဖွဲ့အစည်းပေါင်းစုံမှာ လှုပ်ရှားလုပ်စားခဲ့သူပါ။ လူဖြူတွေနဲ့ ဆက်ဆံ ရေး ကျွမ်းကျင်ပြီး အရည်အသွေးလည်းရှိလို့ အများက မျှော်လင့်အားကိုးခဲ့ရသူပါ။ သို့သော် စေတနာကောင်း မကောင်းကတော့ မေးခွန်းထုတ်စရာ၊ သံသယဖြစ်စရာ သက်သေအများကြီးပါ။ တဖွဲ့မချောင် တဖွဲ့ထောင်နဲ့ အခုနောက်ဆုံး ဥရောပ EBO အဖွဲ့ပါ။

ဟိုတုန်းကတော့ ဗမာပြည်ပြဿနာ အဖြေရှာဖို့ဆိုတာ သုံးပွင့်ဆိုင်မှ သုံးပွင့်ဆိုင်၊ သုံးပွင့်မဆိုင်ရင် လူနည်းစု တိုင်းရင်းသားတွေမှာ ဘဝနစ်နာ ဆုံးရှုံးရချေရဲ့လို့ ပြင်းထန်တဲ့ သဘောထားတွေနဲ့ လက်ရှိဗမာပြည် ပြဿနာ ဟာ ဖွဲ့စည်းပုံပြဿနာလို့ ပြောခဲ့ပြီးကာမှ အခုတော့ စစ်ကျွန်ဖွဲ့စည်းပုံအတိုင်းလုပ်မယ့် ရွေးကောက်ပွဲ၊ စစ်ကျွန် ဖွဲ့စည်းပုံကို အတည်ပြုမယ့် ရွေးကောက်ပွဲကို ပကတိအခြေအနေမှန်လို့ မြင်ပြီးသကာလ ရွေးကောက်ပွဲဟာ အ ခွင့်အရေးဖြစ်လို့ ဝင်ရမည်လို့ ဆိုလာပြန်ပြီ။

ဒီလောက် ရှေ့စကား၊ နောက်စကား ဖီလာတရားတွေ ဘယ်လို ကြောင့် ပေါ်လာသလဲ။ အခွင့်အရေးကြောင့် လား၊ နေရာကြောင့်လား၊ အထက်ဆရာ့ဆရာကြီးတွေ အမိန့်ကြောင့်လား၊ ဘာကြောင့် ပြောင်းသွားသလဲ စဉ်း စားရ အတော်ခက်လှတယ်။ အခုကိုပဲ နိုင်ငံတကာကူငွေတွေနဲ့ ဟန်တို့ အစီအစဉ်အတိုင်း ရန်ကုန်၊ မန္တလေး တွေမှာ ရွေးကောက်ပွဲပညာပေး ဟောပြောပွဲတွေ၊ သင်တန်းတွေ စလုပ်နေပြီ ကြားရတယ်။ အတွင်းအပြင်က ချိုကျိုးနွားလား ဒွန်းစဏ္ဍားတွေ ချိတ်ဆက်မိနေကြပြီ ဆိုတဲ့သဘောပေါ့။ နအဖ စစ်ထောက်လှမ်းရေးတွေနဲ့ ကော ဘယ်လောက်ထိ နားလည်မူယူထားတယ် ဆိုတာဟာလည်း ဆက်စဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။

ဟန်ဟာ EBO နာမည်နဲ့ ဗမာပြည်သူတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာအလှူရှင်တွေရဲ့ သန်းပေါင်း များစွာသော ယူရိုငွေတွေကို ဆယ်နှစ်ကျော် တကိုယ်တော် ထင်ရာကြဲခဲ့သူပါ။ အခုတော့ အပုပ်နံ့ တထောင်း ထောင်းနဲ့ လူပြောသူပြောများလာလို့ ဆယ်နှစ်စာ အစီရင်ခံစာတခု ထွက်လာပါတယ်။ မဟုတ်မဟတ် လုပ် ဇာတ်တွေနဲ့ စီရင်ထားတဲ့ အစီရင်ခံစာထဲမှာတောင် မတော်မတရား အလွဲသုံးစားမှုတွေ၊ မရိုးသားမှုတွေက ဘူး ပေါ်သလို ပေါ်နေတုန်းပဲ။

သူ့အစီရင်ခံစာအတိုင်းဆိုရင် ဒီအဖွဲ့ပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းဆောင်ရွက်ပုံတွေက ခိုးကြောင်ခိုးဝှက် နိုင်လှတယ်။ ၁၉၉၇ မှာ ဒီအဖွဲ့ကို ကနေဒါက အဖွဲ့လေးတခုကို အခြေခံဖွဲ့တယ်လို့ဆိုတယ်။ အဲဒီအချိန်က ဟန် ဟာ NCGUB လို့ခေါ်တဲ့ နဂုတ်မှာ အကြံပေးလုပ်နေပြီး NCUB နကပ်မှာလည်း လုပ်နေချိန်ပေါ့။ ဒီလိုအဖွဲ့အ စည်းကြီးတွေ ရှိနေပြီးသား၊ သူကိုယ်တိုင်လည်း ပါနေပြီးသား အခြေအနေမှာ နိုင်ငံတကာ အလှူငွေတွေကို ဗ မာပြည်ကိုယ်စားပြု လက်ခံအသုံးပြုယ့် ဒီ EBO အဖွဲ့က မထင်မရှား ကနေဒါက အဖွဲ့လေးကို အခြေခံဖွဲ့ထား တယ်ဆိုတာ တော်တော်စဉ်းစားရကျပ်ပါတယ်။ ဘာကြောင့်ဘယ်လိုဆိုတာ သက်ဆိုင်သူ ကာယကံရှင်တွေ သာ သိနိုင်ပါတယ်။

အဆိုးဆုံးကတော့ အဲဒီအဖွဲ့ကို ဘယ်သူတွေနဲ့ ဘယ်လိုဖွဲ့တယ်ဆိုတာ သိသာရှင်းလင်းခြင်း မရှိတာပဲ။ ဗမာ ပြည်သူတွေ လွတ်မြောက်ရေးအတွက် ရည်စူးတဲ့ နိုင်ငံတကာအလှူရှင်တွေရဲ့ ငွေကို လက်ခံသုံးစွဲမယ့် အဖွဲ့အ စည်းရဲ့ ပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းပုံက ခါးပိုက်နှိုက် ဂိုဏ်းလိုလို၊ စောရဖောက်ထွင်းဂိုဏ်းလိုလိုပါပဲ။

အလှူငွေ ယူရိုသန်းပေါင်းများစွာ ပြုန်းတီးသွားခဲ့ရပေမယ့် ဗမာပြည် လွတ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့ တာ၊ လုပ်နိုင်ခဲ့တာ ဘာတခုမှ လောက်လောက်လားလား ပြစရာမရှိပါဘူး။ အရေးတော်ပုံနဲ့ မပတ်သက်တဲ့ နှုတ်ပိတ်ခေါင်းညိတ်တွေကို ဝန်ထမ်းခန့်၊ ကိုယ့်ကိုယ်ကိုယ် မတန်တဆ လုပ်ခလစာတွေပေးနဲ့ ခိုးခြင်း (၂၅) ပါးနဲ့အညီ စောရဇာတ်ထုတ်ခင်းလာလိုက်တာ (၁၀) နှစ်ကျော်ကြာလာတော့ မျိုးဖျက်မိစ္ဆာ နအဖ သန်းရွှေတို့ ရဲ့ ရာသက်ပန် စစ်အာဏာရှင် တည်မြဲရေးလုပ်ငန်းတွေကို ပြောင်ပြောင်တင်းတင်း ထောက်ခံလာတဲ့အထိ အ တင့်ရဲလာတယ်။

သူ့အစီရင်ခံစာထဲက ကိုယ့်အနီးက ဒေလီအီးယူရုံးဆိုတာ ၂၀၀၄ လောက်ကမှ စဖွင့်တယ်။ နုတ်ပိတ် ခေါင်း ညိတ် အိန္ဒိယနိုင်ငံသားတွေနဲ့ ဖွဲ့တယ်။ ABSL စည်းရုံးတည်ဆောက်ထားတဲ့ နိုင်ငံရေးဂွင်ထဲက လူပုဂ္ဂိုလ်အဖွဲ့ အစည်းတွေကြားမှာပဲ မရိုးမသား ထိုးဖောက်ချဉ်းကပ်ပြီး စားရင်တင် ဓာတ်ပုံရိုက် နှမ်းဖြူးပြီး ကိုယ်လုပ်သလို လို ဟိတ်ထုတ်တယ်။ အစီရင်ခံစာထဲမှာ ဖော်ပြထားတဲ့ ဒေလီအီးယူရဲ့ လုပ်ငန်းဆောင်ရွက်ချက်များဆိုတာ အဲဒါပါပဲ။ ငွေအမြောက်အမြား ဖြုန်းတီးခဲ့ပေမယ့် ABSL တည်ဆောက်ခဲ့တဲ့ နိုင်ငံရေးထက် ထူးကဲသာလွန် ဆောင်ရွက်နိုင်ခဲ့တာ ဘာမှမရှိပါဘူး။ ဒီနေ့ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်
အားစုများရဲ့လှုပ်ရှားမှုဆိုတာ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်အထိ သန်သန်မာမာ လှုပ်ရှားခဲ့တဲ့ ABSL ရဲ့ ထိုးဖောက်တည်ဆောက်ခဲ့တဲ့ လှုပ် ရှားဂွင်ထဲမှာပဲ တဝဲလည်လည် လှုပ်ရှားမှုတွေဖြစ်တယ်။

တခြားမြင်မိတဲ့ EBO ရဲ့ လှုပ်ရှားမှုကတော့ လွန်ခဲ့တဲ့ လေးငါးနှစ်ကစလို့ နအဖစစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ် ဆို့မှု ဆန့်ကျင်ရေး၊ ရွေးကောက်ပွဲထောက်ခံရေး (မသိမသာ) ဆွေးနွေးပွဲတွေ၊ ညီလာခံတွေကို ဥရောပမှာ အ သွင်တူ ပုလင်းတူဗူးဆို့ အမြီးပြတ်တွေ၊ ဒေါက်တာခင်ဇော်ဝင်းတို့၊ ဒေါက်တာဇာနည်တို့၊ နေဝင်းမောင်တို့လို န အဖ အလိုတော်ရိတွေနဲ့ တခြိမ်းခြိမ်း ပွဲခံခဲ့တယ်။ ပြီးတော့ ဒူးထောက်ရေးလမ်းစဉ်ကို နယ်စပ်အခြေစိုက် အဖွဲ့ အစည်းတွေကပဲ ထောက်ခံနေသယောင် မျက်လှည့်ပြဖို့ ခေါင်းဆောင်တချို့ကို ဖဲ့စည်းရုံးတယ်။ စစ်ကျွန်ရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလူမျိုးများကောင်စီရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှုးတို့ တယောက်က ဆန့် ကျင်၊ တယောက်က ကန့်ကွက်နဲ့ ဖီလာဆန့်ကျင် ကြေငြာချက်တွေ ထုတ်ခဲ့ကြတာကို မှတ်မိကြအုံးမှာပါ။ ဒါ ဟာ ဟန်ရဲ့ လုပ်စားရိုက်ချက်ဆိုတာ လူတိုင်းသိပါတယ်။

တိုင်းပြည်ထဲမှာ ဒီမိုကရေစီ စာလုံးပါတဲ့ စာတစောင် မိရင်တောင် ထောင်အနှစ် (၂၀) ကြမ်းခင်း ဈေးပေါက်နေ ချိန်မှာ ခင်ဇော်ဝင်း၊ ဇာနည်တို့ ၊နေဝင်းမောင်တို့လို လူတွေ ပြည်ပကို ဝင်ချီထွက်ချီ လုပ်နေနိုင်တာ၊ ဟန်တို့လို ပြည်ပအတိုက်ခံ ခေါင်းဆောင်ဆိုသူတွေနဲ့ ဒူးတိုက်တွေ့ဆုံ ဆွေးနွေး ညီလာခံနိုင်နေတာဟာ စစ်အုပ်စုရဲ့ သ ဘောထားကြီးမှုလည်း မဟုတ်သလို၊ ညံ့ဖျင်းမှုလည်း မဟုတ်တာ သေချာပါတယ်။ နောက်ပိုသေချာတာက တော့ ဟန်တို့ ၊နေဝင်းမောင်တို့ လုပ်သမျှကို စစ်မိစ္ဆာတွေက သဘောကျ အားရတယ်ဆိုတာပါပဲ။

ကောင်းခြင်းဆိုးခြင်း၊ လက်ခံလိုခြင်း လက်မခံလိုခြင်း၊ ကြိုက်ခြင်း မကြိုက်ခြင်းများနဲ့ ဒွန်တွဲနေတဲ့ အမှန်တရား ဆိုတာ ကိုယ့်သီလကိုယ် စိတ်ချယုံကြည်သူတွေမှ ရဲရဲရှုမြင်ခြင်း၊ လက်ခံခြင်း၊ တုံ့ပြန်ခြင်းအမှုတွေကို တတ်နိုင် ပါတယ်။ မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်းဆိုတာ တိုက်ရိုက်အချိုးနဲ့ ဆက်စပ်နေတယ်။ ရဲရင့်မှုက မှန်ကန်မှုကို ဖြစ်ပေါ် စေသလို၊ မှန်ကန်ခြင်းက ယုံကြည်မှုနဲ့ ရဲရင့်ခြင်းကို ဖြစ်ပေါ်စေတယ်။မှန်ကန်မှ ရဲရင့်တယ်။

ဗိုလ်ချုပ်အောင်ဆန်းကတော့ “ကိုယ့်ကိုယ်ကိုယ် မယုံတဲ့သူဟာ ဘယ်အခါမှ တခြားသူကို မယုံဘူး။ တိုင်းသူ ပြည်သားကိုလည်း မယုံဘူး။ ခေါင်းဆောင်တွေဟာ သူယုံကြည်တဲ့ ကိစ္စကို တိုင်းသူပြည်သားတွေကို ပြောရဲရ မယ်၊ ရှင်းပြရဲရမယ်၊ ရှင်းပြနိုင်ရမယ်။ အသက်စွန့်သင့်တယ်ထင်တဲ့ နေရာမယ် စွန့်ရမယ်၊ ပရိယာယ်သုံးသင့်တဲ့ နေရာမယ် သုံးရမယ်၊ ဘယ်ကိစ္စမဆို လုပ်ရင် မှားတယ်၊ မှန်တယ်ဆိုတာ ရာဇဝင်က ဆုံးဖြတ်လိမ့်မယ်” လို့ ဆို ခဲ့ပါတယ်။ အခု ဟန်တို့ရဲ့ လုပ်ရပ်တွေကတော့ မမှန်လို့ မရဲလေသလား၊ မရဲလို့ မမှန်လေသလားမသိ။ ခိုး ကြောင်ခိုးဝှက် နိုင်လွန်းလှတယ်။

ဒီလောက်ဖောက်ပြန်တဲ့ ဟန်ရဲ့ လုပ်ရပ်တွေကို အများတကာ ခေါင်းဆောင်အမည်ခံတို့ ရေငုံနှုတ်ပိတ်နေနိုင် ကြတာကို အစီရင်ခံပါ (၂၀၀) ကျော် စာရင်းပေါက်တဲ့ ဟန်ရဲ့ လက်ဝေခံ အဖွဲ့အစည်းစာရင်းကိုတွေ့မှ သဘော ပေါက်မိတယ်။ အသံမထွက်နိုင်တဲ့ ပိတ်ဆို့မှုတွေ ပါးစပ်ပေါက်မှာ ရှိနေပြီကိုး။ ဒီတော့ ကျုပ်တို့ရဲ့ ပြည်ပတော် လှန်ရေး၊ နယ်ခြားတော်လှန်ရေး နှစ် (၂၀) ခရီးဆိုတာလည်း အထက်မှာပြောခဲ့သလို လောက်ကျပျက်စ်ီး ဇာတ် ပျက်ခဲ့ပြီ။ ရေငုံနှုတ်ပိတ်နေတတ်တဲ့ တပ်ပေါင်းစုခေါင်းဆောင်တွေရဲ့ သူခိုး နွားကောင်းမသိ ဉာဉ်ဆိုးကြောင့် အသက်အသွေးချွေးများနဲ့ ရင်းနှီးခဲ့ရတဲ့ ကျုပ်တို့တော်လှန်ရေးကြီး ဂုဏ်သရေ ညစ်နွမ်း ဆုံးခန်းတိုင်ခဲ့ပြီ။

တောသား တောင်သူလယ်သမားတွေအတွက်တော့ နွားဆိုတာ အဖိုးတန်ရတနာတပါးပါပဲ။ တောသားမှန်ရင် နွားကောင်း နွားဆိုး ခွဲခြားတတ်တယ်။ နွားကောင်းကို တန်ဘိုးထားတတ်တယ်။ သူခိုးဆိုတာကတော့ နွားမြင် ရင် အသားပဲထင်တယ်။ အဆိုးအကောင်းမသိ စားဖို့ပဲသိ၊ တန်ဘိုးမထားဖြစ်တာ သဘာဝပေါ့။ ဒီတော့ ကျုပ် တို့ခေါင်းဆောင်တွေဆိုတာ နွားနဲ့ သပိတ်ထဲက ညိုမြအပြောနဲ့ “ မျိုးချစ်စိတ်ရှိကြောင်း ဟစ်ကြ၏၊ ညီညာမှ ပြည်သာမည်ဟု အော်ကြ၏၊ ဤသို့ ပြောဆို ကြွေးကြော်ဟစ်အော်သူတို့အား မြင့်မြတ်သည့် ပုဂ္ဂိုလ်တွေဟု ထင်စရာအကြောင်းရှိသော်လည်း အများအားဖြင့် စဖြီးများသာ ဖြစ်ကုန်၏။” လို့ ဆိုရမယ့်ခေါင်းဆောင်တွေ ပေါ့။

ဟန်ရဲ့လက်ဝေခံ အဖွဲ့အစည်းစာရင်းအရ ကြားတောင်မကြားမိဘူးတဲ့ ထူးထူးဆန်းဆန်း အဖွဲ့အစည်းတွေကြား မှာ ထိပ်တန်းအဖွဲ့အစည်းကြီးတွေလည်း ပါနေတာတွေ့ရတယ်။ သစ္စာဖောက်ခံလိုက်ရတဲ့ ရောမအင်ပါယာရှင် ဂျုးလီးယက်ဆီဇာရဲ့ သေခါနီးစကားကိုပဲ သံယောင်ရေရွတ်နိုင်ပါတော့တယ်။

ဆီဇာက “ သြော် ဘရုတပ် မင်းလည်း ပါသကိုး (Et tu, Brute) တဲ့။ ”

**ရဲဘော်ကျော်သန်း**
Kyaw_than2004@yahoo.com

စာကြွင်း ။ ။ ဘရုတပ်ဆိုတာ ဂျူးလီးယက်ဆီဇာအား ပုန်ကန်သူ မြို့စားတဦးကို တိုက်ခိုက်အနိုင်ယူ အသက် ကယ်ပြီး ဆီးနိတ်တာအထိ ချီးမြှောက်ခံခဲ့ရတဲ့ သူတယောက်ပါ။ ဂျူးလီးယက်ဆီဇာက အကြွင်းမဲ့ ယုံကြည်ခံ ထားရပြီး လုပ်ကြံမူမှာ ဘရုတပ်ကိုယ်တိုင် ပါနေတာကို သိတဲ့အချိန်မှာ ဆီဇာက တအံ့တသြနဲ့ အထက်ပါအ တိုင်း ရေရွက်ပြီးတော့ သေဆုံးသွားခဲ့ရပါတယ်။

မှတ်ချက် ။ ။ EBO အစီရင်ခံစာအား ရယူလိုသူများအား မျှဝေနိုင်ပါသည်။ တိုက်ရိုက်ပို့ပေးပါမည်။
**From…Dr Lun Swe Blog**

လောက်ဖျားဆိုလို့ မွန်ရာဇဝင်လာ မြောင်းမြစား လောက်ဖျားအကြောင်း ပြောမလို့မဟုတ်ပါ။ သစ္စာဖောက် လောက်ကောင်လို့ တင်စားခဲ့ရတဲ့ လောက်တွေတောင် ကြားရင် ဖြုံသွား၊ ဖျားသွားလောက်တဲ့ ကျုပ်တို့ တော် လှန်ရေးထဲက ဖောက်ပြန်နိုင်လွန်း၊ စားဝါးနိုင်လွန်း၊ ကိုယ်မှီခိုရာကို ကိုယ်ဖျက်ဆီးနိုင်လွန်းတဲ့ လောက်ဖျားတွေ အကြောင်း ပြောမလို့ပါ။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)