ဖြစ်ရပ်-၂။ ။ ။ ဗီယက်နမ်နိုင်ငံမှ မလေးရှားနိုင်ငံ ပါဟမ်း Pahang ပြည်နယ်ရှိ ကွန်တန် Kuantan ဆိပ်ကမ်းသို့ ခုတ်မောင်းလာသော ပနားမားမှတ်ပုံတင် သင်္ဘောတစီးသည် ယမန်နေ့က မီးလောင်ခဲ့ရာ မြန်မာသင်္ဘောသား ၂ ဦး ဒဏ်ရာရရှိပြီး ၁ ဦးပျောက်ဆုံးနေကြောင်း သိရသည်။မြန်မာသင်္ဘောသား ၂၂ ဦးပါ ဓာတုဗေဒပစ္စည်းကို တင်ဆောင်လာသော တန်ချိန် ၈ ထောင်ရှိ Eastern Honesty သင်္ဘောသည် တောင်တရုတ် ပင်လယ်ပြင်တွင် နံနက် ၁၁ နာရီခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ဒဏ်ရာရရှိသူများမှာ ၃၉ နှစ်အရွယ် ရန်ကုန်မှ မောင်ထွန်းထွန်းဝင်းနှင့် ၃၀ နှစ်အရွယ် မန္တလေးမှ မောင်ဝဏ္ဏထွန်းတို့ ဖြစ်ပြီး၊ မလေးရှားနိုင်ငံ ပါဟမ်းပြည်နယ် ကွန်တန်မြို့ရှိ Tengku Ampuan Afzan ဆေးရုံတွင် ကုသမှု ခံယူနေကြောင်းနှင့် ပျောက်ဆုံးနေသူမှာ ၂၂ နှစ်အရွယ် ဝေဖြိုးစံဆိုသူ ဖြစ်ကြောင်း သိရသည်။(မဇ္ဈိမ)
(ဇူလိုင်လ ၁၂-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံ မက်စတာလက်အိတ်စက်ရုံတွင် အလုပ်လုပ်နေသော အလုပ်သမားများထဲမှ မြန်မာအလုပ်သမား (ကိုသုမောင်)အား လုပ်ငန်းခွင်တွင် အလုပ်ရှင်မှ ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် နိုင်ငံတကာ အလုပ်သမားအဖွဲ့ (၆၉)ဖွဲ့က တိုက်တွန်းတောင်းဆိုလျက်ရှိသည်။ (BBC)
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ်မြို့ မဲဆောက်မြောက်ရှိ မယ်လဒုက္ခသည်စခန်းတွင် ဒုက္ခသည် ၅ဝဝ ခန့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း စခန်းတွင်းရှိ ဆေးရုံမှ တာဝန်ရှိသူများ အပြောအရ သိရသည်။(မဇ္ဈိမ)
ကရင်စစ်ပြေးဒုက္ခသည်များ အများစု နေထိုင်သော တပ်ခ်ခရိုင်တွင်းရှိ မယ်လဒုက္ခသည်စခန်းသည် မဲဆောက်မြို့မြောက်ဘက် ၅၇ ကီလိုမီတာခန့်တွင် တည်ရှိသည်။
(ဇူလိုင်လ ၁၀-ရက် ၂၀၁၀)မဲဆောက်မြို့တောင်ဘက်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ယမန်နေ့ညက ဒုက္ခသည်အမျိုးသား သုံးဦး အရက်မူးပြီး ခိုက်ရန်ဖြစ် ပွားကြရာ တစ်ဦးသေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာရရှိသွားခဲ့သည်ဟု စခန်းတာဝန်ခံများ၏ ပြောကြားချက်များအရ သိရသည်။ယမန်နေ့ ည ၇နာရီဝန်းကျင်ခန့်တွင် စခန်းတွင်း ရပ်ကွက်(၁၂)တွင် နေထိုင်သူ ချစ်ထွန်း ၂၈နှစ်နှင့် စောဖိုးရဲ၊ စောလုံးလုံးတို့က မိတ်ဆွေဖြစ်သူ စောချစ်ချစ်နေအိမ်တွင် ခိုက်ရန်ဖြစ်ပွားကြပြီး ဖိုးရဲမှာ ဓားဒဏ်ရာများဖြင့် ပွဲချင်းပြီး သေဆုံးကာ စောလုံးလုံးမှာ ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်သည်ဟု စခန်းဥက္ကဌ စောဝါးထီးက ကေအိုင်စီကို ပြောဆိုသည်။(ကေအိုင်စီ)
(ဇူလိုင်လ ၉-ရက် ၂၀၁၀) ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများမှတဆင့် ၂၀၁၀ ခုနှစ်အတွင်း တတိယနိုင်ငံသို့ အခြေချခွင့်ရသူ ဦးရေသည် ယမန်နှစ်ထက် များစွာလျော့နည်းခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းကူညီရေးအဖွဲ့ (တီဘီဘီစီ) က ပြောကြားသည်။ ၂၀၁၀ ခုနှစ် (၆) လတာ ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှတဆင့် တတိယနိုင်ငံသို့ အခြေချခွင့်ရခဲ့သူ (၄,၆၇၀) ဦးရှိပြီး ၂၀၀၉ ခုနှစ်တွင်မူ ဦးရေ (၁၆,၆၈၅) ဦးအထိရှိခဲ့ကြောင်း တီဘီဘီစီ၏ စာရင်းတွင်ဖော်ပြသည်။ ယင်းသို့ ထွက်ခွာခွင့်ရရှိသူ နည်းပါးလာရသည့် အဓိကအကြောင်းမှာ အခြေချခွင့်ပေးသောနိုင်ငံများက ဒုက္ခသည်များအား ရွေးချယ်ရာတွင် အချက်အလက်များ ပိုမိုတင်းကျပ်လာခြင်းကြောင့်ဖြစ်သည်ဟု တီဘီဘီစီ အကြီးအကဲဖြစ်သူ Jack Dunford က ပြောသည်။
(ဇူလိုင်လ ၈-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံတွင် အစ္စလာမ်ဘာသာရေးတရားရုံးများ၌ တရားသူကြီးများအဖြစ် `အမျိုးသမီးများ´ကို စတင်ခန့်အပ်လိုက်ပြီဖြစ်ရာ မလေးရှားအခြေစိုက် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများက ကြိုဆိုလိုက်ကြသည်။ (RFA)
ဖြစ်ရပ်-၂။ ။ ထိုင်းဝန်ကြီးချုပ် အဘိဆစ်က ထိုင်းနိုင်ငံ၏ အုပ်ချုပ်ရေးရာများတွင် ထိုင်းစစ်တပ်၏ အရေးပါမှုကို အသိအမှတ်ပြုသော်လည်း `ထိုင်းရဲတပ်ဖွဲ့´၏ မြို့ပြအုပ်ချုပ်ရေးအခန်းကဏ္ဍကိုသာ ပိုမိုမြှင့်တင်သွားမှာဖြစ်ကြောင်း ပြောဆိုလိုက်သည်။ အဘိဆစ်သည် ထိုင်းစစ်တပ်၏ ကျောထောက်နောက်ခံပြုမှုဖြင့် ၀န်ကြီးချုပ် ဖြစ်လာသူဖြစ်ကြောင်း အတိုက်အခံများက ပြင်းထန်စွာ ဝေဖန်ခဲ့သူဖြစ်၏။ (RFA)
(ဇူလိုင်လ ၇-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။မလေးရှားနိုင်ငံတွင် ပြည်တွင်းဝယ်လိုအား မြင့်မားအောင်ဆောလျင်စွာ မဆောင်ရွက်နိုင်ပါက နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ထိခိုက်စေနိုင်ကြောင်း မလေးရှားဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးတာဝန်ကိုပါ ပူးတွဲရယူထားသူ နာဂျစ်ရာဇာတ်က ပြောဆိုလိုက်သည်။ (RFA)
ဖြစ်ရပ်-၂။ ။ `၄၈ နှစ်မြောက် ဆဲဗင်းဂျူလိုင်´အခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၏ ရုံးနေရာတွင် ယနေ့ကျင်းပကြသည်ကို တွေ့ရသည်။ (မြန်မာပြည်သား)
(ဇူလိုင်လ ၆-ရက် ၂၀၁၀) ထိုင်းနိုင်ငံတွင် နိုင်ငံရေးမငြိမ်မသက်ဖြစ်မှုများကြောင့် ခရိုင် (၂၄)ခု၌ အရေးပေါ်စီမံချက်အက်ဥပဒေပြဌာန်းထားခြင်းကို ယနေ့တွင်မူ ခရိုင် (၅)ခုမှာ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သို့ရာတွင် အခြားခရိုင် (၁၉)ခု၌မူ ဤဥပဒေဆက်လက်တည်ရှိနေဦးမှာဖြစ်ကြောင်း သိရသည်။ (BBC)
(ဇူလိုင်လ ၅-ရက် ၂၀၁၀) မလေးရှားနိုင်ငံ ဘော်နီယိုကျွန်းတွင် ကျောက်မီးသွေးအစားထိုးသုံးစွဲမည့် `လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ´တည်ဆောက်ရန် အစီအစဉ်ကို မလေးရှားအခြေစိုက် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး အုပ်စုများက ကန့်ကွက်လျက်ရှိကြောင်း သိရသည်။ (RFA)
(ဇူလိုင်လ ၄-ရက် ၂၀၁၀) မဲဆောက် အပါအ၀င် တာ့(ခ်)ခရိုင်အတွင်းရှိ စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သားအင်အား ပြတ်လပ်မှုနှင့် မိမိတို့ရင်ဆိုင်နေကြရကြောင်း ထိုင်းစက်မှုလက်မှုဝန်ကြီး မဲဆောက်သို့ ရောက်ရှိနေစဉ် လုပ်ငန်းရှင်များက ပြောဆိုတင်ပြကြသည်။ ထို့အပြင် နေထိုင်ခွင့်လက်မှတ်ဖြစ်စေ၊ အလုပ်သမားလက်မှတ်ဖြစ်စေ၊ လက်ဝယ်ရှိသော အလုပ်သမားများအား ဘန်ကောက်တက်ပြီးအလုပ်လုပ်နေခြင်းကို တားမြစ်ပေးရန်ကိုပါ ၄င်းတို့က တောင်းဆိုလိုက်ကြကြောင်း သိရသည်။ (BBC)
(ဇူလိုင်လ ၃-ရက် ၂၀၁၀) မလေးရှားနိုင်ငံတွင် အစိုးရက မကြာခင်က ပိတ်ပင်ခဲ့သော အားကစားပွဲများအတွင်း လောင်းကစားမှုကို `လောင်းကစားဆန့်ကျင်ရေးလှုပ်ရှားမှုများ´ဆောင်ရွက်ကြခြင်းဖြင့် မွတ်ဆလင်အစည်းအရုံးပေါင်းစုံက ကြိုဆိုထောက်ခံလိုက်ကြသည်။ (RFA)
(ဇူလိုင်လ ၂-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံ တောင်ပိုင်းရှိ မွတ်ဆလင်အများအပြားနေထိုင်ရာ နာရာသီဝပ်ခရိုင်တွင် အကြမ်းဖက်ဗုံးဖောက်ခွဲမှုများကြောင့် လူ ၅-ဦး သေဆုံးခဲ့ရပြီး ယာလာခရိုင်တွင်မူ ကင်းလှည့်နေသော စစ်သား (၃)ဦးသေဆုံးခဲ့ရကြောင်း သိရသည်။ (VOA)
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံတွင် အတိုက်အခံ (အန်ဝါဒီဘရာဟင်)မှ ဦးစီးထုတ်ဝေသော သတင်းစာတစ်စောင်အား ဆက်လက်ထုတ်ဝေဖြန့်ချီခွင့်ကို အစိုးရက ပိတ်ပင်လိုက်ကြောင်း သိရသည်။ (VOA)
ဖြစ်ရပ်-၃။ ။ ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံးနှင့် လူဦးရေအများဆုံးမြို့နယ်တစ်ခုဖြစ်သော `မဲဆောက်´အား `အထူးအုပ်ချုပ်ရေးဒေသနှင့် မဲဆောက်မြို့တော်´အဖြစ် သတ်မှတ်ပေးလိုက်ကြောင်း၊ သို့ဖြစ်၍ မဲဆောက်သည် ဘန်ကောက်၊ ချင်းမိုင်တို့ကဲ့သို့ အထူးအုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်လာပြီး ဗဟိုအစိုးရထံမှ နှစ်စဉ်ဒေသဖွံဖြိုးရေးအတွက် ဘတ်ငွေ (သန်း-၁၀၀၀)ကျော် ရရှိမှာဖြစ်ကြောင်း သိရသည်။ (BBC)
(ဇူလိုင်လ် ၁-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတဦးအား ခြံအလုပ်သမား မြန်မာတဦးနှင့် အပေါင်းအဖော်တို့က ဖမ်းဆီးပြန်ပေးဆွဲခဲ့သဖြင့် မလေးရှားရင်းဂစ် (၂၈,၀၀၀) ဖြင့် ပြန်လည်ရွေးယူခဲ့ရကြောင်း ယနေ့ထုတ် The Star သတင်းစာတွင် ဖော်ပြပါရှိသည်။အဆိုပါ ပြန်ပေးဆွဲခံရသူ အသက် (၂၀) ဝန်းကျင်ရှိ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်သူ မြန်မာအမျိုးသမီးငယ်သည် ဇွန် (၈) ရက်နေ့တွင် ကွာလာလမ်ပူမြို့ ဆင်ခြေဖုံး ကီပေါင်အရပ်ရှိ ၎င်းအလုပ်လုပ်ရာ စားသောက်ဆိုင်သို့ သွားရောက်စဉ် ပြန်ပေးဆွဲ ခံခဲ့ရခြင်းဖြစ်သည်။(ခေတ်ပြိုင်)
ဖြစ်ရပ်-၂။ ။ ထိုင်း- မြန်မာနယ်စပ် ရနောင်းမြို့တွင် မြန်မာနိုင်ငံဘက်မှ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတစ်ရုံးကို ယနေ့ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သား)
(ဇူလိုင်လ ၁၃-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ရွှေ့ပြောင်းအလုပ်သမားများ လုပ်ငန်းခွင်အတွင်း မတော်တဆ ထိခိုက်ဒဏ်ရာ အနာတရဖြစ်မှုများကို လျော်ကြေး ပေးအပ်ရန်အတွက် ထိုင်းအလုပ်သမားသမဂ္ဂများ၊ လူ့အခွင့်အရေးအဖွဲ့များ စုပေါင်းထားသည့် အဖွဲ့ (၁၄) ဖွဲ့က ဦးဆောင်ကာ ထိုင်းအလုပ်သမားဝန်ကြီးထံသို့ ယမန်နေ့က တောင်းဆိုလွှာတစောင် တင်သွင်းလိုက်သည်။ယင်းတောင်းဆိုလွှာတွင် ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေမှာ အလွန်နိမ့်ကျ ယိုယွင်းနေကြောင်း၊ လုပ်ငန်းခွင်တွင်း မတော်တဆ ထိခိုက်မှု ဖြစ်ပွားသည့်အခါတွင် အလုပ်သမားလျော်ကြေး ငြင်းပယ်ခံနေရကြောင်းတို့ကို ဖော်ပြထားသည်။(ခေတ်ပြိုင်)

No comments:
Post a Comment