မြောက်ကိုရီးယားက ညူကလီးယားဆွေးနွေးပွဲများ ပြန်လည်ကျင်းပရန် အသင့်ရှိကြောင်း မြောက်ကိုရီးယား အရာရှိများက ဇူလိုင်လ ၁၁-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ၂၆-နိုင်ငံ ကမ္ဘောဒီယား၌ စစ်ရေးလေ့ကျင့်မည် **
ကမ္ဘောဒီးယားနိုင်ငံသည် လာမည့် သီတင်းပတ်၌ အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်မည်ဖြစ်ကြောင်း ပြင်သစ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ သြစတြေးလျ၊ အိန္ဒိယ၊ အီတလီ၊ ဂျာမနီ၊ ဂျပန်စသည့် နိုင်ငံ ၂၆-နိုင်ငံတို့မှ တပ်ဖွဲ့ဝင် ၁၀၀၀-ကျော်တို့ စုပေါင်းပြီး ဇူလိုင်လ ၁၇-ရက်နေ့မှ ၃၀-ရက်နေ့အထိ လေ့ကျင့်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားအရာရှိများက ဇူလိုင်လ ၁၁-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
** အကြမ်းဖက်သမားဟု သံသယရှိသူများ ပါကစ္စတန်၌ ဖမ်းဆီး **
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာပက်သွန်ဟွာပြည်နယ်တွင် အကြမ်းဖက်သမားဟု သံသယရှိသူ ၈၅-ဦးခန့်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၁၁-ရက်နေ့၌ ဖမ်းဆီးခဲ့ကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
** ဟွန်ဒူးရပ်စ်၌ မိုးသည်းထန်ပြီး ရေလွှမ်း **
ဟွန်ဒူးရပ်စ်နိုင်ငံ အိုလန်ချို၊ အီလ်ပါရာရီဆို၊ ချိုလာတီကာ ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းနိုင်ကြောင်း ဟွန်ဒူးရပ်စ်မိုးလေ၀သဌာနက ဇူလိုင်လ ၁၁-ရက်နေ့၌ သတိပေးချက်ထုတ်ပြန်ခဲ့သည်။ (အင်တာနက်)
** တရုတ်အနောက်တောင်ပိုင်း၌ မြေပြို **
တရုတ်အနောက်တောင်ပိုင်း ဒါဟီမြို့တွင် ဇူလိုင်လ ၁၁-ရက်နေ့ နံနက်က မြေပြိုမှုဖြစ်ပွားရာ ရထားလမ်းများပျက်စီးခဲ့သဖြင့် ပြန်လည်ပြုပြင်မှု အမြန်ဆုံးပြုလုပ်လျက်ရှိကြောင်း၊ မိုးသည်းထန်ပြီး ရေတိုက်စားမှုကြောင့် ဖြစ်ကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** လစ်ဗျား အကူအညီပေးသင်္ဘော ဂါဇာသို့ စေလွှတ် **
လစ်ဗျားနိုင်ငံမှ အစားအစာနှင့် ဆေးဝါးကူညီထောက်ပံ့ရေး သင်္ဘောတစ်စင်းသည် အီဂျစ်နိုင်ငံ အီလီအေရစ် ဂါဇာသို့ ဇူလိုင်လ ၁၁-ရက်နေ့က စေလွှတ်လိုက်ကြောင်း အီဂျစ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းကျဆင်း **
ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးနှုန်း ပြန်ကျဆင်းလျက်ရှိရာ တရုတ်နိုင်ငံ ဟောင်ကောင်ဈေးကွက်၌ ဇူလိုင် ၁၁-ရက်နေ့က ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၉၈ ဒသမ ၁၈ ဒေါ်လာအထိ ဖြစ်ခဲ့ကြောင်း တရုတ်ရွှေလုပ်ငန်းရှင်များက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** ညူကလီးယားကိစ္စဆွေးနွေးရန် မြောက်ကိုရီးယားအသင့်ရှိ **

No comments:
Post a Comment