**(ဇူလိုင် ၂၅၊ကိုတီး- ရခိုင့်တံခွန်ဂျာနယ်)**
ဇူလိုင်လ၂၂ရက်နေ့ နံနက်ပိုင်းကထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်မြို့နယ်၊ချမ်းဖရ်မြို့တွင်မြန်မာအလုပ်သမား
ကျား/မ ၅၂ဦးတို့ အလုပ်ခွင်သို့ သွားရန် မီးပွိုင့်တစ်ခုအားလမ်းဖြတ်ကူးစဉ် ထိုင်းရဲများကမသင်္ကာသဖြင့်စစ်ဆေးရာ မှတ်ပုံတင်မရှိသူ၁၀ဦး၊မူးယစ်ဆေးဝါးနှင့်ပတ်သက်နေသည့်အမျိုးသား ၁၅ဦး တို့ အားဖမ်းဆီးလိုက်ကြောင်းယမန်နေ့ ထုတ်ချင်းမိုင်သတင်းစာတွင်ဖေါ်ပြထားသည်။
ထိုနေ့နေ့လည်ပိုင်းက မလေးရှားထိုင်းနယ်စပ် ဆုံခါမြို့စနာခါရပ်ကွက် ၂၁ လမ်းရှိ ဖီလာထယ် ဟိုတယ်နောက်ရှိ ခေါက် ဆွဲဆိုင်ရှေ့ တွင် နိုင်အာရေ ဆိုသည့်အသက်၂၅နှစ်အရွယ် မြန်မာတစ်ဦးနှင့်အသက်၂၉နှစ်အရွယ် နိုင်ချမ်းအေးတို့ ထံမှ ယာအိုင်းခေါ်စိတ်ကြွဆေးပြား ၁၂ စည်း၊ ၂ဒဿမ၂ကီလိုဂရမ်၊ကာလတန်ဘိုး ဘတ် ၄၄၄၀၀၀၀ ဖိုး အားဖမ်းဆီိးမိလိုက်သည်။
နိုင်အာဦးဆိုသည်မြန်မာမှာထွက်ပြေးလွတ်မြောက်သွားကြောင်းယမန်နေ့ ထုတ် ခေါင်စွတ်သတင်းစာတွင်ရေးသားဖေါ်ပြထားသည်။ဖမ်းဆီးမိသောမူးယစ်ဆေးဝါးများမှာ ထိုင်းမြန်မာနယ်စပ် မဲဆိုင်ဘက်မှ မလေးရှားနိုင်ငံအတွင်းသို့ သယ်ယူမည်ဖြစ်ကြောင်းသတင်းများတွင်ရေးသားဖေါ်ပြထားသည်။

No comments:
Post a Comment