ဗန်းမော်ဆရာတော်သည် သက်တော်လည်းရလာသည်။သာသနာ့တာဝန်ကိုလည်း မပျက်
တမ်းထမ်းဆောင်သည်။ ထို့ ကြောင့် တစ်ခါတစ်ရံ ညောင်းညာပင်ပန်းတော်မူသည်။
တနေ့ သော် တပည့်ရင်းလည်းဖြစ်၊ တူလည်းတော်သူ ကိုရင်ကြီးတစ်ဦးအား နှိပ်ပေးခိုင်းသည်။
ကိုရင်ကြီးလည်း ခြေ ၊ လက်တို့ ကို နှိပ်ပေးသည်။ ထို့ နောက်နောက်ကျောပြင်၊လက်ပြင်၊ခါး
တို့ ကို တံတောင်ဖြင့် ကျိတ်ကာနှိပ်ပေးသည်။ဆရာတော်လည်း အညောင်းအညာပြေကာ
ကျိန်းစက်လုတွင် ဖြစ်ပါသည်။ ကိုရင်ကြီးသည် ဆရာတော်၏ကျောပြင်ကို ဖြန်းခနဲနေအောင်
သုံးလေးချက် ပုတ်ခတ်လေသည်။
“ဟ.. ဘာဖြစ်တာတုံး ကိုရင်”
ကိုရင်ကြီးမှာ မည်သို့ မျှမဖြေ ။ ကြောက်ရွ့ံ တုန်လှုပ်စွာဖြင့် ဆရာတော်အား လက်အုပ်ချီရင်း
စိုက်ကြည့်နေလေသည်။
“ပြောလေ ကိုရင်၊ ဘာဖြစ်လို့ ရိုက်တာတုံး”
ကိုရင်ကြီးမှာ မလျှောက်တင်ရဲ ဖြစ်နေသည်။
“ပြောစမ်း ကိုရင် ၊ မှန်တဲ့အတိုင်း ပြောရင် မရိုက်ဘူး၊ ညာရင်တော့ သေမယ့်သာပြင်”
ကိုရင်ကြီးလျှောက်တင်သာအောင် ဆရာတော်က မိန့်သည်။
“တပည့်တော် အရှင်ဘုရား ကို ၀တ်ဖြည့်နှိပ်ပေးရင်း ပျင်းတာနဲ့  ရောက်တတ်ရာရာ စိတ်ကူး
မိပါတယ် ဘုရား”
“နင် စိတ်ကူးတာ နဲ့  ငါ့ ကျောရိုက်တာနဲ့  ဘာဆိုင် လို့  လဲဟ”
“ဒီလိုပါဘုရား”
ကိုရင်ကြီး သည် စိတ်ကူးယဉ်ကြောမျောတော့သည်။ သီတင်းကျွတ်တွင် လူထွက်သည်။ ရွာ
ပြန်သည်။ ရွာအရောက်တွင် ငယ်ကျွမ်းချစ်သူနှင့် အိမ်ထောင်ကျသည်။အိမ်ထောင်ကျပြီး
နောက် လယ်ယာကိုင်းကျွန်းလုပ်ငန်း ကို ကြိုးစားလုပ်ဆောင်သည်။ မိုးလေကောင်းပြီး ရာသီ
ဥတုကလည်းကောင်းသည်။ ထို့ ကြောင့် သီးနှံအထွက်ကောင်းသည်။စီးပွားဖြစ်သည်။ငွေကြေး
ချောင်လည်သည် နွားကောင်းတစ်ရှဉ်းဝယ်သည်။လှည်းယဉ်နှင့် သွားလာမော်ကြွားနိုင်သည်။
သူတို့ ဇနီးမောင်နှံတွင်သားဦးယောကျာ်းကလေးရရှိလာသည်။အလွန်ဝမ်းမြောက်သည်။သား
ကလေးကိုလည်းတုန်နေအောင်ချစ်ကြသည်။ဆရာတော်အားမဖူးရသည်မှာလည်းကြာပြီဖြစ်
သည်။ထို့ကြောင့် လှူဖွယ်ဝတ္ထုအစုစုကိုဝယ်ပြီးနောက်သားအမိသားအဖသုံးဦး ဆရာတော်ဘု
ရားကျောင်းဆီသို့ ခရီးထွက်ခဲ့ကြပါသည်။လှည်းယဉ်ကျော့နှင့်မော့မော့ကြွားကြွားခရီးထွက်ခဲ့ကြ
သည်။နွားများကလည်းနွားကောင်းနွားချောပထမတန်း နွားတွေဖြစ်သည်။ခြူသံတလွင်လွင်နှင့်
မသားစုခရီးထွက်လာခိုက်ကန်သင်းဘောင်တစ်ခုကို ဖြတ်အကျော် လှည်းအဆောင့်တွင် သား
ကလေးကျကျန်နေရစ်ခဲ့သည်။ သူတို့ နှစ်ဦးစလုံးမသိလိုက်ကြ၊ဆရာတော်ကြီးကျောင်းအနီးသို့ 
ရောက်လာသည်။ဤအခါတွင် မှ ကလေးမရှိတော့ကြောင်းကိုသတိထားမိတော့သည်။သည်မျှ
လောက်ထိ ပေါ့ဆရလေကောင်းလား ဟု ဒေါသထွက်ကာ မယားဖြစ်သူကို နှစ်ချက်သုံးချက်
ရိုက်လိုက်မိသည်။
“တပည့်တော် စိတ်ကူးယဉ်ပြီး ရိုက်မိတာပါ ဘုရား။ခွင့်လွှတ်တော်မူပါ”
“အင်း စိတ်ကူးယဉ် ရိုက်ချက်ကိုး။ ကာမ၀ိတက်များလှပေတယ်။ကြာလေအကုသိုလ်များလေ
ဖြစ်တော့မှာ ပဲ။ လူထွက်ပြီးတော့ ရွာပြန်ပေတော့”
နောက်တနေ့ တွင် ကိုရင်ကြီး လည်းလူထွက်၍သွားလေသည်။
မှတ်ချက် ။ ။ ၀ိတက်မျိုး - ၃ ပါး ။
မကောင်းကြံစည်ခြင်း - ၃ ပါး။
၁။ ကာမ၀ိတက် - ကာမဂုဏ်ကို ကြံစည်ခြင်း။
၂။ဗျာပါဒ၀ိတက် - သူတပါးအား သေကြောင်း၊ ပျက်စီးကြောင်းကို ကြံစည်ခြင်း။
၃။ဝိဟိံသ၀ိတက် - သူတပါး ကို ညှဉ်းဆဲ နှိပ်စက်ခြင်းငှာ ကြံစည်ခြင်း။
**နေဘုန်းဝေ**
(စာချိုးအကျော်ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
**ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ**

No comments:
Post a Comment