အင်္ဂလန်အသင်း၏ ဂန္တ၀င် ဘောလုံးသမားဟောင်းဘော်ဘီချာလ်တန် တို့ နေအိမ်သို့ 
မိတ်ဆွေ ၂ ဦးညစာစားရန်ရောက်ရှိလာသည်။အမျိုးသမီး ၂ဦးက အစားအသောက်
ပြင်ဆင်ရန် မီးဖိုခန်းထဲဝင်သွားသောအခါ ဘော်ဘီချာလ်တန်က ပြောသည်။
“ဟိုနေ့ က ကျုပ်မိန်းမနဲ့  သွားစားတဲ့ စားသောက်ဆိုင်မှာ အစားအသောက် အတော်
ကောင်းတယ်…..’’
“ဟုတ်လား… ပြောစမ်းပါဦး ၊ နာမည် ဘယ်လိုခေါ်လဲ..”
“အဲ အသက်တွေက ကြီးလာပြီ ဆိုတော့ မှတ်ဥာဏ် ကသိပ်မကောင်းချင်တော့
ဘူး..”
“ဒါနဲ့  အနီရောင်ပန်းဗျာ။ ရိုးတံ တစ်ခုလုံးဆူးတွေနဲ့  အဲဒါဘယ်လိုခေါ်လဲ”
“အာ.. နှင်းဆီလေဗျာ..”
“သြော် ဟုတ်ပြီ”
ခဏအကြာတွင် မီးဖိုခန်းထဲသို့  လှမ်းအော်ပြောလိုက်သည်။
“ဟေ့ နှင်းဆီရေ… ၊မင်းနဲ့ မနေ့ ကသွားစားတဲ့ စားသောက်ဆိုင်နာမည် ဘယ်လိုခေါ်တုန်း
ကွ”
မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများမှ…(အိတ်တင်း) ဘာသာပြန်သည်။ .
**(ရွှင်ပြုံးတခဏ - ဘောလုံးဟာသ)**

No comments:
Post a Comment