အသင်းမှဘောလုံးသမားတစ်ဦးတွင် ကလေးငယ်တစ်ဦးမွေးဖွားပါက ရန်ပုံငွေပေးလေ့ရှိသောကလပ်အသင်း တစ်ခုရှိလေသည်။ ဂျွန်မှာ အဆိုပါကလပ်မှဘောလုံးသမားတစ်ဦးဖြစ်လေရာ သားဦးမွေးစဉ်က ရန်ပုံငွေရလိုက်လေသည်။ ဂျွန်မှာ အသင်းနှင့် စာချုပ်ချုပ်ထားသော ၅-နှစ်တာကာလအတွင်း ကလေး ၅-ဦးမွေးဖွားခဲ့ရာ အသင်းမှ ရန်ပုံငွေအမြဲရရှိခဲ့သည်။
၆-ယောက်မြောက်ကလေး မွေးခါနီးတွင် ဘုတ်အဖွဲ့က အစည်းအဝေးခေါ်ယူတော့သည်။ အစည်းအဝေးတွင် ဂျွန်က
“ကလေးငယ်တွေဆိုတာ ဘုရားသခင်ကပေးသနားတဲ့ လက်ဆောင်ပဲ မဟုတ်လား။ ဒါကြောင့် ကျနော်ရန်ပုံငွေရသင့်ပါတယ်။”ဤတွင် ဘုတ်အဖွဲ့ဝင်အမျိုးသမီးတစ်ဦးက “သြော်. မိုးဆိုတာလည်း ဘုရားသခင်ပေးသနားတဲ့ လက်ဆောင်ပဲလေ။ ဒါပေမယ့် အမြဲတမ်းမိုးစိုခံလို့မဖြစ်ဘူးလေ။ တခါတလေ မိုးကာဝတ်ရတာပဲ မဟုတ်လား”
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း) ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment