(ဂျိုဟန်နစ္စဘတ်၊ ဇူလိုင်လ ၄-ရက်)
၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအကြိုဗိုလ်လုပွဲအဖြစ် နယ်သာလန်နှင့် ဥရုဂွေးတို့သည် ဇူလိုင်လ ၆-ရက် နေ့၌ ယှဉ်ပြိုင်ကစားပြီး စပိန်နှင့် ဂျာမနီတို့ပွဲမှာ ဇူလိုင်လ ၇-ရက်နေ့၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ လက်ရှိအ နေအထားအရ စပိန်တိုက်စစ်မှူး ဒေးဗစ်ဗီလာသည် ကွာတားဖိုင်နယ်အပြီး ငါးဂိုးသွင်းယူထားကာ ရွှေဖိနပ်ဆု ချိန် နေသည်။ ၄င်းသည် ဟွန်ဒူးရပ်စ်နှင့်ပွဲတွင် နှစ်ဂိုး၊ ချီလီနှင့်ပွဲ၌ တစ်ဂိုး၊ ပေါ်တူဂီနှင့်ကစားရာတွင် တစ်ဂိုး၊ ပါရာ ဂွေးနှင့်ကစားရာ၌ တစ်ဂိုးသွင်းယူထားသည်။
ထို့အတူ ဂျာမနီတိုက်စစ်မှူးများ ဖြစ်သည့် ကလိုဆေးနှင့် သောမတ်စ်မူလာတို့ကလည်း လေးဂိုးစီသွင်းယူထားပြီး ရွှေဖိနပ်ဆုချိန်ရွယ်နေကြသည်။ ကလိုဆေးသည် သြစတြေးလျနှင့် ကစားရာတွင် တစ်ဂိုး၊ အင်္ဂလန်နှင့်ပွဲတွင် တစ်ဂိုး၊ အာဂျင်တီးနားနှင့်ပွဲတွင် နှစ်ဂိုးသွင်းယူထားသည်။ သောမတ်စ်မူလာသည် သြစတြေးလျနှင့်ပွဲတွင် တစ်ဂိုး၊ အင်္ဂလန်နှင့်ပွဲတွင် နှစ်ဂိုး၊ ဂျာမနီနှင့်ပွဲတွင် တစ်ဂိုးသွင်းယူထားသည်။ နယ်သာလန်မှ ရှနိုက်ဒါက သုံးဂိုး၊ ဥရုဂွေးမှဆွာရက်ဇ်နှင့် ဖော်လန်တို့က သုံးဂိုးစီ သွင်းယူထားကြသည်။ (အင်တာနက်)
** ဂျာမနီ ဖလားရမည်ဟု ဘောလက်ပြောကြား **
၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၌ ဂျာမနီအသင်း၏ ခြေစွမ်းသည် ဖလားနှင့် ထိုက်တန်နေပြီး သေချာပေါက် ဖလားဆွတ်ခူးနိုင်မည်ဟု ယုံကြည်နေပြီဖြစ်ကြောင်း ဂျာမနီ အသင်းခေါင်းဆောင်ဟောင်း ဘောလက်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ (အင်တာနက်)
** ဂျာမနီအသင်း အကောင်းဆုံးကစားသွားနိုင်ဟု တီဗက်ဇ်ပြောကြား **
ကွာတားဖိုင်နယ်၌ ဂျာမနီအသင်း ကစားပုံကောင်းကြောင်း မိမိတို့ ဂိုးသွင်းခွင့်မရအောင် ထိန်းချုပ်သွားနိုင်ခဲ့သည့် နည်းပြဂျိုအာချင်လိုကို လေးစားကြောင်း အာဂျင်တီးနားတိုက်စစ်မှူး တီဗက်ဇ်က ပြောကြားသည်။ (အင်တာနက်)
** တုန်လှုပ်မှုမရှိကြောင်း စပိန်နည်းပြ ပြောကြား **
မကြိုဗိုလ်လုပွဲ၌ ဂျာမနီနှင့် ရင်ဆိုင်ကစားရမည့် စပိန်အသင်းသည် မည်သည့် ခံစားချက်မျှ မရှိကြောင်း၊ အာဂျင်တီးနားနှင့်ပွဲကို မိမိသေသေချာချာ ကြည့်ထားကြောင်း စပိန်နည်းပြ ဘက်စ်ကွက်စ်က ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-အာကာဟိန်း**
** ကမ္ဘာ့ဖလား ဂိုးအများဆုံး သွင်းထားသူများ ရွှေဖိနပ်ဆုချိန်ရွယ်နေ **

No comments:
Post a Comment